ခေတ်သစ်မီဒီယာက သူတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာတင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ နဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကို #Facebook က Community Standard ငြိစွန်းလို့ ရှယ်ခွင့်မပေး တဲ့ သဘောဆောင်ရွက်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ခေတ်သစ်မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်မှန်၊ မမှန်သိရဖို့အတွက် အဲဒီသတင်းကို ရှယ်ဖို့ လုပ်တဲ့ အခါ “တစ်ခုခု မှားယွင်းနေလို့ ပြင်ဆင်ဖို့ကြိုးစားနေပါတယ်၊ ဒီပို့စ်က Community Standard နဲ့ ဆန့်ကျင်မနေဘူးဆိုရင် သူတို့ကို အသိပေးပါ။ ” ဆိုတဲ့စာတမ်းပေါ်လာပါတယ်။
ခေတ်သစ်မီဒီယာရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ပတ်သက်တဲ့သတင်းနှစ်ပုဒ်လုံးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကို်ယ်စားလှယ် နှစ်ဦးရဲ့ တရားဝင် ပြောကြားချက်များကို ကိုးကားရေးထားတာဖြစ်ပါတယ်။
ဒီလိုသတင်းကို Community Standard နဲ့ မကိုက်ညီလို့ တားမြစ်ထားတယ်ဆိုရင်တော့ #Facebook ရဲ့ လုပ်ဆောင်ချက်ဟာ ဘက်လိုက်နေပြီလား၊ အစိုးရ ကိုယ်စား အင်တာနက် ကင်ပေတိုင်ဖြစ်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။
#yehtutcomment
#KhitThitMedia