ဆီ နဲ့ ရေ


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမတွေအတွက် ဘော်ဒါဆောင် မလို အောင် ဒေသခံလူငယ်လေးတွေက ရည်းစားစကားလိုက်ပြော၊ အိမ်ထောင်ကျသွား ရင် ဘော်ဒါဆောင် မလိုတော့ဘူးလို့ လူထု တွေ့ဆုံပွဲမှာ ပြောတဲ့သတင်းတွေတက်လာတယ်။ ဒါပေမယ့် သတင်း ဌာန ကြီးတွေမှာ မတွေ့တဲ့အတွက် ဘာမှ ဝင်မပြောခဲ့ဘူး။
အခုတော့ အဲဒီ အသံဖိုင်ကို နားထောင်လိုက်ရတယ်။ အဲဒီ အသံဖိုင်မှာ ဒေသခံတွေနဲ့ ပညာ ရေးဌာနကတာဝန်ရှိသူတွေက ဝန်ထမ်းတွေအတွက် အဆောင်ရရှိရေးတင်ပြ တယ်။
အဲဒီအခါ ဝန်ကြီးချုပ်က “ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ယာ မရှိတာကောင်းတယ်၊ဆရာ၊ ဆရာမတွေ ရပ်ထဲ ရွာထဲ တည်းတဲ့အခါကျတော့ ဒီက ရွာသူ ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါဆိုရင်လိုအပ်ချက်တွေပြည့်သွားမယ်၊ လူငယ်လေ း တွေက ရည်းစားစကားလိုက်ပြော၊ အဲဒါမှ မြဲမှာ” လို့ပြောခဲ့တာကို ကြားလိုက်ရပါတယ်။( အသံဖိုင် ၂း၄၀ ကနေ ၃း ၂၂ ထိ ) ။
ဒါ့အပြင် ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ယာအတွက် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း လို့ စကားဖြတ်ခဲ့ပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ “ နာစ့်မတွေလား ၊ ရအောင် ဆွဲထားပေါ့၊ ဒါပဲ” လို့ ပြောခဲ့ပါတယ်။ အဲဒီနေရာမှာ အသံဖိုင်ဆုံးသွားတဲ့အတွက် သူနာပြုဆရာမလေးတွေ အတွက် ဘာတွေထပ်ပြောသလဲဆိုတာတော့ မသိရပါဘူး။
ဝန်ကြီးချုပ်ရဲ့ စကားကို ကြားတော့ တပ်မတော်သားဘဝမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို သတိရမိတယ်။ အညိုရောင်နယ်မြေလို့ ခေါ်တဲ့ စပ်ကြားနယ်မြေက ရွာတစ်ရွာမှာ ဖြစ်ခဲ့တာပါ။ စပ်ကြားနယ်မြေဆိုတာက ရဲစခန်းတွေ၊ တပ်စခန်းတွေ မရှိပဲ ကျွန်တော်တို့ရော၊ တစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းရော ဝင်ထွက်နေတဲ့နေရာပေါ့။
အဲဒီ လက်နက်ကိုင်အဖွဲ့အစည်း က အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေပေမယ့် ပညာရေး၊ ကျန်း မာရေး ဝန်ထမ်းတွေကိုတော့ အန္တရာယ်မပြုဘူး။ ဒါကြောင့် အဲဒီရွာမှာ မြစ်ဝကျွန်းပေါ်ဘက်က ဆရာမလေးနှစ်ယောက်ရှိတယ်။
အဲဒီဆရာမတစ်ယောက်ကို ရွာသားလူငယ်တစ်ယောက်က ချစ်ကြိုက်စကားပြောတယ်။ ဆရာမ က လက်မခံဘူး။ ရွာလူကြီးတွေကို တိုင်တယ်။ ဒါပေမယ့် ဒီကောင်လေးအဖေက လည်း ရွာမျက်နှာဖုံးလိုဖြစ်နေတော့ ဆုံးမလို့မရဘူး။ ဆရာမလေးလည်း စိတ်ညစ်ပြီး ပြန်မယ် လုပ်တယ်။ သူပြန်ရင် ကျန်တဲ့ဆရာမကလည်း တစ်ယောက်တည်းမနေ နိုင်တဲ့ အတွက် သူလည်း ပြန် တော့ မယ်လို့ ပြောတယ်။
အဲဒီသတင်းကို တစ်ဘက်အဖွဲ့အစည်းက ကြားတော့ ညဘက် ရွာကို ရောက်လာပြီး အဲဒီ လူငယ် လေးကို ဖမ်းပြီး သတ်ပစ်လိုက်တယ်။ သူ့အဖေကိုလည်း မင်းရဲ့ သားလို ကောင်မျိုးက ပေါ တယ်။ ငါတို့နေရာကို စာလာသင်မယ့် ဆရာမက ရှားတယ်လို့ ပြောသွားတယ်။
အဲဒီရွာကို ကျွန်တော်တို့တပ်ခွဲရောက်သွားတော့ ကောင်လေးအဖေ က တပ်ခွဲမှူးကိုလာတိုင် တယ်။ တပ်ခွဲမှူးက ဖြစ်စဉ်ကို သိတော့ “ ကျုပ်ကတော့ ဟိုမောင်တွေ လို သတ်လို့မရဘူး။ ဒါပေမယ့် ကျုပ်ဆိုရင်လည်း ခင်ဗျားသားကို ကြိုးတုပ်ပြီးရိုက်မှာပဲ“ လို့ ပြော ခဲ့တယ်။
တစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ လုပ်ရပ်က တရားဥပဒေနဲ့မညီပေမယ့် နယ်မြေအခြေအနေအရ သူလုပ်နိုင်တာ လုပ်လိုက်တာပဲ။ ဒါဟာ
ကိုယ့်တိုင်းအတွင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမလေးတွေရဲ့ လုံခြုံရေး အတွက် တာဝန်ရှိတဲ့ တိုင်းဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ယာ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် က ဆရာမလေးတွေကို ရည်းစားစကားလိုက်ပြောဖို့ တိုက်တွန်းတာနဲ့တော့ ဆီ နဲ့ ရေလို ကွာခြား ပါတယ်။
ကျွန်တော်ကတော့ လူငယ်လေး တွေ က ဝန်ကြီးချုပ်ပြောစကားဟာ အင်န်အယ်လ်ဒီပါတီက ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရရဲ့မူဝါဒပဲလို့လက်ခံ ပြီး လက်တွေ့ အကောင်အထည်မဖော်ပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်။
ဝန်ကြီးချုပ် ပြောစကားကို ဒီလင့်ခ်မှာ နားထောင်နိုင်ပါတယ်။ ဝန်ကြီးချုပ် ကဒေသခံတွေ တင်ပြ ချက်တွေအပေါ် တုန့်ပြန်ပြောဆိုတဲ့ လေယူလေသိမ်းကို နားထောင်မိတော့ ဒေသခံတွေ စပါးခင်း ခရုဖျက်လို့တင်ပြတာကို ဖမ်းပြီး စားဖို့ပြောတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လည်း သတိရမိတယ်။
https://www.facebook.com/hninmyat.thazia/videos/199305114415401/?tn=%2CdCH-R-R&eid=ARDjoI6wGF7YN0Zwu1FDW9j2Mmi1pWxj8OIepH6FOh_elV3_ux7lNdfTeFRNtYLDSHcwOm6G0iW1_j27&hc_ref=ARR9tDzwrATiyew3Nn9TwIPcrgT0mcO5x___nwRPNwVDwpyvcM3aCodgpjq0mMTdwnU&fref=nf

One thought on “ဆီ နဲ့ ရေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: