ကျွန်တော်၊ ဦးဘိုဘိုကျော်ငြိမ်း နဲ့ ဦးလှဆွေတို့ ရဲ့ သူရဦးရွှေမန်းနိုင်ငံရေးပါတီထူထောင်တဲ့အပေါ် သုံးသပ်ချက်အင်တာဗျူးတွေကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့တိုင်ချက်ဖွင့်ခံထားရတယ်။
အခုတော့ အမှုကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ဥပဒေအကြံတောင်းတဲ့အခါ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ ပြစ်မှု မမြောက်တဲ့အတွက် တရားစွဲတင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ပြောတဲ့ အကြောင်းသတင်းတွေတက်လာပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တရားဝင်အသိပေးတာမရှိဘူး။ တရားမဝင်ကြားတာလည်း မရှိဘူး။ အခု သတင်းတက်လာမှ သိတာပါ။
အဲဒီသတင်းအပေါ် ကျွန်တော့်သဘောထားကို မီဒီယာတစ်ခုက မေးတဲ့အတွက် အခုလို ဖြေခဲ့ပါတယ်။
၁။ မူလထဲက ကိုယ့်စကားကို ကိုယ်တာဝန်ယူပြီး တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် ဦးရွှေမန်းနဲ့ မိသားစုဝင်တွေကို သက်သေအဖြစ်ခေါ်ပြီး သူ့လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေ းဆုံးရှုံးသွားတယ်လို့ပဲ မြင်ပါတယ်။
၂။ ဦးရွှေမန်းဟာ သာမန်ပြည်သူမဟုတ်ဘူး။နိင်ငံရေးပါတီတစ်ခုရဲ့ခေါင်း ဆောင် ဖြစ်တဲ့အပြင် ပြည်သူက တာဝန်ပေးရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတာဝန်တွေ ကို ထမ်းဆောင်မယ်လို့ အတိအလင်းပြောထားတဲ့ သူဖြစ်တဲ့အတွက် နောင်မှာလည်း နိုင်ငံသားတစ်ဦး ၊ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ဆက်လက်စောင့်ကြည့်ဝေဖန်နေဦးမှာပါ။
ကျွန်တော့်သဘောထားကို အားလုံး သိနိုင်အောင် မ ျှေ၀ လိုက်ပါတယ်။
ရဲရဲတောက်ဒီသုံးယောက်ကို ရင်ဆိုင်ဖို့ ကိုသူရကြီးမှာ ပြည့်ဝတဲ့စိတ်ဓာတ်ခွန်အားမရှိနိုင်ဘူးဆိုတာ
တွေးမိခဲ့ပါတယ်၊
ဦးရဲ၊ ဦးဘို နဲ့ ဦးလှဆွေ တို့ရဲ့ ရဲရဲတောက်စိတ်ဓာတ်နဲ့
အယူအဆ၊ လုပ်ဆောင်ချက်များကိုလေးစားလျှက်…။
LikeLike