မရေရာတဲ့ ဗြိတိန်လမ်းခွဲ

ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ဇူလိုင် ၂၄ ရက် နေ့ ဝန်ကြီးချုပ်ဖြစ်လာပြီးချိန်က စလို့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ လမ်းခွဲမှာပဲလို့ ကတိပေးခဲ့တယ်။ အစိုးရအဖွဲ့အနေနဲ့ သဘောတူညီချက်မရဘဲ လမ်း ခွဲရင် ဖြစ်လာမယ့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။

ဒါပေမယ့် ပါလီမန်ထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ မဖြစ်မနေ လမ်းခွဲမယ် ဆိုတဲ့ မူဝါဒကို ကွန် ဆားဗေးတစ်ပါတီဝင်အမတ်တစ်ချို့ကတောင် လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ပြီး ခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီးချုပ်အနေနဲ့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်မရရင် လမ်းခွဲကိစ္စဆွေးနွေးမှုကို ၂၀၂၀ ဇန်နဝါရီ ၃၁ အထိ သက်တမ်းသုံးလ တိုးဖို့ ၊ တကယ်လို့ သဘောတူညီချက် ရ ရင် အောက်တိုဘာ ၁၉ နေ့မှာ ပါလီမန်က အတည်ပြုနိုင်အောင်တင်ပြဖို့ ဥပဒေပြဋ္ဌာန်းခဲ့တယ်။

ဂျွန်ဆင် က အဲဒီဥပဒေကြမ်းကို အပြင်းအထန်ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် သူ့ပါတီက အမတ် တစ်ချို့က အတိုက်အခံလေဘာပါတီနဲ့ပူးပေါင်းပြီး ထောက်ခံမဲပေးခဲ့တဲ့အတွက် ဥပဒေကြမ်းက အတည်ဖြစ်သွားတယ်။ ဒါ့ကြောင့် ဂျွန်ဆင်ဟာ ဥရောပသမဂ္ဂခေါင်းဆောင်တွေ နဲ့လည်း ဆွေးနွေး ပွဲတွေ ဆက်တိုက်လုပ်ခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး အောက်တိုဘာ ၁၇ ရက်နေ့မှာ သဘောတူညီ ချက်ရတယ်။ အရင်ဝန်ကြီးချုပ် မေ လက်ထက်က ညှိလို့မရတဲ့ မြောက်အိုင်ယာလန် နယ်ခြား ကိစ္စ အပါအဝင် အရေးကြီးတဲ့ကိစ္စတွေမှာ သဘောတူညီချက်ရတယ်။ နှစ်ဘက်လုံးက ဒီသဘောတူညီ ချက်ကို သမိုင်းဝင်အောင်မြင်မှုအဖြစ်ပြောတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ စနေနေ့ မှာ ဝန်ကြီးချုပ် ဂျွန်ဆင်က သဘောတူညီချက်ကို ပါလီမန်က အတည်ပြုပေးဖို့တင်ပြတယ်။ ဗြိတိသ ျှ ပါလီမန်ဟာ စနေနေ့မှာ အစည်းအဝေးလုပ် တာ အလွန်ရှားတယ်။ အင်မတန်အရေးကြီးတဲ့ကိစ္စမျိုးနဲ့ ကြုံလာမှသာ အစည်းအဝေးလုပ်သင့် မသင့်မဲခွဲဆုံးဖြတ်ပြီးလုပ်တယ်။ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်ထဲ သဘောနဲ့ အစည်းအဝေးခေါ် လို့ မရဘူး။

၂၀ ရာစုထဲမှာ ၁၉ ၃၉ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ ဒုတိယကမ္ဘာစစ်စတဲ့အချိန်၊ ၁၉ ၄၉ ခုနှစ် ဇူလိုင် ၃၀ ရက် နွေရာသီအစည်းအဝေး လုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ အချိန်၊ ၁၉ ၅၆ ခုနှစ် နိုဝင်ဘာ ၃ ရက်၊ ၁၉ ၈၂ ခုနှစ် ဧပြီ ၃ ရက် ဖောက်ကလန်စစ်ပွဲဖြစ်တဲ့အချိန် စုစုပေါင်း လေးကြိမ်ပဲ စနေနေ့အစည်းအဝေးလုပ်ခဲ့ဖူးတယ်။ အခုအစည်းအဝေးကတော့ ၂၁ ရာစု မှာ ပထမဆုံး စနေအစည်းအဝေးပေါ့။

အဲဒီ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က သဘောတူညီချက်ကို အတည်ပြုပေးဖို့ တင်ပြတဲ့ အပေါ် အမတ်အများစုက စာမျက်နှာ ၁၁၀ ရှိတဲ့ သဘောတူညီချက်ကို လေ့လာဖို့ အချိန်လိုတယ်လို့ ယူဆခဲ့ကြတယ်။ နောက်ဆုံးတော့ ဝန်ကြီးချုပ်နဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင်တွေက ဖိအား ပေးနေတဲ့ကြားက ကွန်ဆာဗေးတစ်အမတ်တစ်ချို့ကပါ ကန့်ကွက်ခဲ့တဲ့အတွက် ဆွေးနွေးမယ့် ကိစ္စက ၃၂၂ မဲ၊ ၃၀၈ မဲ နဲ့ အရေးနိမ့်သွားတယ်။ ဒီတော့ လမ်းခွဲမယ့်ရက် အောက်တိုဘာ ၃၁ ရက်မတိုင်ခင် လမ်းခွဲ သဘောတူညီချက်ကို အတည်ပြုဖို့ဆိုတာအတော်ခက်သွားပြီ။

ဒါကြောင့် ဝန်ကြီးချုပ် ဂျွန်ဆင်က ဥရောပသမဂ္ဂခေါင်းဆောင်တွေဆီကို လမ်းခွဲကိစ္စကို သက်တမ်း တိုးပေးဖို့ စာရေးခဲ့ရတယ်။ ဥရောပသမဂ္ဂဘက်ကတော့ သက်တမ်းတိုးပေးမယ်လို့ သဘောတူ တယ်။ ဒါပေမယ့် ထပ်ဆွေးနွေးဖို့အတွက် သက်တမ်းတိုးတာမျိုးမဟုတ်ဘူး။ အခုနောက်ဆုံးရထား တဲ့ သဘောတူညီချက်ကို ဗြိတိသ ျှ ပါလီမန်မှာ မဲခွဲတာကို စောင့်ကြည့်ဦးမယ့် သဘောရှိတယ်။ အဲဒီ ရလဒ်ပေါ်မူတည်ပြီးမှ သက်တမ်းသုံးလ တိုးပေးမပေးဆုံးဖြတ်မှာဖြစ်တယ်။ ဥရောပသမဂ္ဂဘက်မှာ လည်း ပြင်သစ်ကတော့ သက်တမ်းတိုးဖို့ ကိစ္စကို သဘောမတူချင်ဘူး။

ဗြိတိန်ဘက်မှာတော့ ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့နောက်ဆုံးဖဲချပ်ကို သုံးဖို့လုပ်နေတယ်။ ဂျွန်ဆင်က ပါလီမန်အနေနဲ့ ဗြိတိန်လမ်းခွဲကိစ္စကို အဆုံးအဖြတ်မပေးနိုင်ရင် ပြည်သူ့အဆုံး အဖြတ် ခံယူမယ်။ ဒါ့ကြောင့် ပါလီမန်ကို ဖျက်သိမ်းပြီး လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲကျင်းပသင့်တယ်လို့ပြောခဲ့တယ်။

ဒါပေမယ့် ခက်တာက ဝန်ကြီးချုပ်သဘောတစ်ခုထဲနဲ့ ရွေးကောက်ပွဲခေါ်လို့ မရဘူး။ ၂၀၁၁ ပါလီမန်သက်တမ်းဆိုင်ရာ ဥပဒေအရ ဝန်ကြီးချုပ်အနေနဲ့ အယုံအကြည်မရှိ အဆိုကို အရေး နိမ့်တဲ့အခါ ၊ ဒါမှမဟုတ် ဘတ်ဂျက်ဥပဒေကို အတည်မပြုနိုင်တဲ့အခါပဲ လွှတ်တော်သက်တမ်းမကုန် မီ ပါလီမန်ကို ဖျက်သိမ်းပြီးရွေးကောက်ပွဲခေါ်လို့ရတယ်။ ကျန်တဲ့အချိန်မှာ ပါလီမန်ကို ဖျက်သိမ်း ပြီး ရွေးကောက်ပွဲလုပ်ဖို့အတွက်ဆိုရင် ပါလီမန်မှာ မဲခွဲအတည်ပြုရမယ်။ လွှတ်တော်အမတ် သုံး ပုံ နှစ်ပုံက သဘောတူမှ ရွေးကောက်ပွဲကျင်းပလို့ရမယ်။

အခု အချိန်ထိတော့ အတိုက်အခံလေဘာပါတီနဲ့ ရွေးကောက်ပွဲအသစ်ကျင်းပဖို့အတွက် ညှိလို့ မရသေးဘူး။ အမတ်တွေထဲမှာလည်း ဗြိတိန်လမ်းခွဲကိစ္စ လိပ်ခဲတင်းလင်းဖြစ်နေတဲ့အပေါ် မဲဆန္ဒ ရှင် တွေ့ရဲ့ဒေါသကိုကြောက်လို့ ရွေးကောက်ပွဲစောလုပ်မယ့် ကိစ္စကို မလုပ်ချင်တဲ့သူတွေရှိနေ တယ်။ လေဘာပါတီကတော့ လမ်းခွဲကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲလုပ် သင့်တယ်လို့ဆိုတယ်။ ဒါပေမယ့် ကွန်ဆာဗေးတစ်ပါတီဘက်က ဒါကို သဘောမတူ ပြန်ဘူး။

လက်ရှိ ပါလီမန်အမတ်နေရာ ၆၅၀ မှာ ကွန် ဆာဗေးတစ်ပါတီက ၂၈၈ နေရာ၊ လေဘာပါတီက ၂၄၅ နေရာ ရှိတယ်။ ဘယ်ပါတီကမှ အများစုမရတဲ့အတွက် ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ကွန်ဆာ ဗေး တစ်ပါတီက အမတ်နေရာ ၁၀ နေရာရှိတဲ့ အတိုက်အခံပါတီတစ်ခုဖြစ် DUP နဲ့ပေါင်းပြီး လူနည်းစု အစိုးရ (minority government) ဖွဲ့ ထားရတယ်။ဒါကြောင့် ဝန်ကြီးချုပ် ဂျွန်ဆင်အနေနဲ့ နိုင်ငံရေး ကစားရတာ အတော်ခက်ခဲတဲ့အခြေအနေမှာရှိနေတယ်။ အဲဒီအခြေအနေကနေ သူဘယ်လို ဖောက်ထွက်မလဲဆိုတာကတော့ လာမယ့် ရက်သတ္တပတ်ထဲမှာ အဖြေပေါ်လိမ့်မယ်ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: