ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ယာဉ်စီးခကို မာစတာကတ်၊ ဗီဇာကတ် စတာတွေနဲ့ပါ ပေးဆောင်နိုင်တော့မယ်၊ ကမ္ဘာပေါ်မှာ ဒီစနစ်မျိုးလုပ်ဆောင်နိုင်တာ လက်ဆယ် ချောင်းပြည့်အောင်မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။ ပုံ ၁ နဲ့ ၂
ဝန်ကြီးချုပ်ပြောတဲ့အတိုင်းအကောင်အထည်ဖော်နိုင်ခဲ့ရင် YBS ဟာ လူတန်းစားမရွေး စီးနင်း နိုင် တော့မှာဖြစ်ပြီး ဗီဇာကတ်ပြားကိုင် ဇိမ်ခံကားကြီးစီးနေတဲ့လူတွေပါ YBS ပေါ်ရောက်လာ ရင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာလည်း အထိုက်အလျောက်လျော့ကျသွားမယ်လို့ မေ ျှာ်လင့်ရပါ တယ်။
ဦးဖြိုးမင်းသိန်းနဲ့ ရန်ကိုင်းတိုင်းဒေသကြီးအစိုးရဟာ YBS စနစ်နဲ့ပတ်သက်ရင် အတော်ကြိုးစားဆောင်ရွက်နေတယ်ဆို တာ အောက်ပါ သတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်-
၁။ YBS စနစ်ဟာ အခြားနိုင်ငံများထက်သာစေရမယ်၊ ကျွန်တော်တို့အားလုံး အားသာ ချက် က နောက်ကျခြင်းရဲ့ နောက်ဆုံး အခွင့်အလမ်းပါပဲ။ နောက်ဆုံးနည်းပညာအားလုံးကို သုံးမယ်၊ တစ်ချို့နိုင်ငံတွေမှာ ကတ်စနစ်ဟာ ကျွန်တော်တို့ အခု ကျင့်သုံးမယ့် ကတ်စနစ်လောက် ကောင်း ချင်မှ ကောင်းမယ်။ ၂၀၁၇ ဖေဖော်ဝါရီ ၁၈ ။ ပုံ ၃
၂။ YBS ယာဉ်လိုင်းတွေရဲ့ ငွေပေးချေမှုစနစ်က နောက်ဆုံးပေါ်နည်းပညာတွေနဲ့ဆောင်ရွက် ထားတဲ့အတွက်အရှေ့တောင်အာရှမှာ အရှေ့ဆုံးကို ရောက်လာမယ်။ ၂၀၁၈ ဧပြီ ၂၄ ။ ပုံ ၄
၃။ YBS ငွေပေးကတ်တွေကို ဇွန်လမှ စတင်ရောင်းချပြီး ယာဉ်အစီးရေ ၂၀၀၀ မှာတပ်ဆင်မယ်။ ၂၀၁၉ ဇန်နဝါရီ ၁၆ ။ ပုံ ၅
ဝန်ကြီးချုပ် ဦးဖြိုမင်းသိန်းရဲ့ YBS နဲ့ပတ်သက်တဲ့ ကတိစကားတွေကို ဖတ်ရတာ အားရှိစရာပါပဲ။
ဒါပေမယ့် အခု ဖော်ပြထားတဲ့ အောက်တိုဘာ ၂၇ Voice သတင်းအဆုံးသတ်မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ YBS စပြောင်းချိန်ထဲက ကတ်စနစ်နဲ့ငွေပေးနိုင်အောင် လုပ်မယ် လို့ပြောခဲ့တယ်၊ အခု YBS စနစ်ပြောင်းတာ သုံးနှစ်ရှိပေမယ့် ကတ်စနစ်မကျင့် သုံး နိုင် သေးဘူး။ ဒါ့ကြောင့် ဝန်ကြီးချုပ် ပြောတဲ့ ကတ်အမျိုးမျိုးနဲ့ ဘတ်စ်ကားစီးနိုင်မယ်ဆို တာ ကြာဦးမယ်လို့ထင်ကြောင်း ဖော်ပြထားတာလည်း သတိပြုမိပါ တယ်။