YUPT နှစ်ပတ်လည်အစည်းအဝေး မှာ အစုရှယ်ယာရှင်တွေရဲ့ တင်ပြချက်တွေကို နားထောင်ကြည့် တယ်။
အဓိက သတိပြုမိတာကတော့
၁။ ဒါရိုက်တာအဖွဲ့မှာ အစိုးရခန့်ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ( ဝန်ကြီးချုပ်) ကတာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်တွေက ဥက္ကဋ္ဌ၊အုပ်ချုပ်မှုဒါရိုက်တာ တာဝန်တွေယူထားတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ် တွေက ကားလိုင်းပြေးဆွဲတဲ့၊ ကားလိုင်းကို စီမံအုပ်ချုပ်တဲ့အတွေ့အကြုံလုံးဝမရှိဘူး။
၂။ အစုရှယ်ယာရှင်တွေ ( သူတို့စကားအရဆိုရင် အရင်က ယာဉ်ပိုင်ရှင်တွေ) က ရွေးချယ်ထား တဲ့ ဒါရိုက်တာတွေက လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်တော့ ဒီဒါရိုက်တာတွေက ကားလိုင်းအတွေ့ အကြုံရှိတဲ့ သူတွေဖြစ်တယ်။
၃။ YUPT က အခု ဥက္ကဋ္ဌ လက်ထက်နှစ်နှစ်အတွင်းမှာ တစ်ခါမှ အမြတ်ငွေ ခွဲမပေးဘူး ၊ ရှုံးတယ်လို့ပြောတယ်။ ၂၀၁၆ ခုနှစ် YBS စနစ်စတင်ချိန်မှာ ဝန်ကြီးချုပ်က လစဉ် အမြတ် ငွေ ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဖြစ်မလာဘူး။
၄။ YUPT ရှုံးပေမယ့် ဥက္ကဌ၊ အုပ်ချုပ်မှုဒါရိုက်တာ စတဲ့ပုဂ္ဂိုလ်တွေကတော့ လစာ ၇ သိန်း၊ အထွေထွေ ခံစားခွင့် ၃ သိန်း ယူနေတုန်းပဲ။ ရှယ်ယာရှင်တွေကတော့ ငါးပိရည်နဲ့ စားနေရတယ်။
၅။ အခု နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို အင်္ဂလိပ်လိုရေးထားတယ်။ အစုရှယ်ယာရှင်တွေ နားမလည်ဘူး။ ဒါရိုက်တာအဖွဲ့ကို ရှင်းပြပါလို့ပြောတော့ သူတို့လည်း နားမလည်ဘူးလို့ ပြောတယ်။
၆။ အခုရွေးချယ်ပွဲပြန်လုပ်တော့ အစိုးရခန့်တွေက နေမြဲ၊ ကျန်တဲ့ဒါရိုက်တာတွေကို ပြန်ရွေးမယ် ဆိုတာ တရားမမ ျှတဘူး။ ကုမ္ဗဏီစည်းမျဉ်းနဲ့မညီဘူး။ ဥက္ကဋ္ဌ နဲ့ အုပ်ချုပ်မှုဒါရိုက်တာကို ဝန်ကြီး ချုပ်က ခန့်လို့မရဘူး။ ရှယ်ယာရှင်တွေကပဲရွေးတာဖြစ်သင့်တယ်။
ကျန်တဲ့ဆွေးနွေးချက်တွေကတော့ အများကြီးပါပဲ။ အားလုံးခြုံလိုက်ရင်တော့ လက်ရှိ ဥက္ကဋ္ဌရဲ့ စွမ်းဆောင်မှုအပေါ်မှာ ရှယ်ယာရှင်တွေ အနေနဲ့ ယုံကြည်မှုမရှိဘူးဆိုတာတော့ ထင်ရှားပါ တယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ရေးကြသူတွေထဲမှာကု မ္ပဏီ အရင်း ကြေကာလအထိစောင့်ရမှာပေါ့။ ချက်ခြင်းအမြတ်မရနိုင်ဘူးလို့ပြောသူ တွေလည်း ရှိတယ်။ ဒီနေရာမှာ ရှယ်ယာရှင်တွေထဲမှာပါနေတဲ့ ကားပိုင်ရှင်တွေ ( တစ်ယောက်က သူကားဆွဲစားလာတာ နှစ်သုံးဆယ်ကျော်ပြီလို့ပြောထားတယ်။ ) ရဲ့ အခက်အခဲကို နားလည်ဖို့လိုပါတယ်။
အရင် မထသ ခေတ် လိုင်းဆွဲတဲ့စနစ်က အတိုချုပ်ပြောရရင် တစ်ဦးချင်းယာဉ်ပိုင်ရှင်တွေက လိုင်း ကြေးပေးပြီး မထသ ရဲ့စီမံခန့်ခွဲမှုအောက်မှာ ပြေးတာဖြစ်ပါတယ်။ လိုင်းကားတွေဟာ ယာဉ်ပိုင်ရှင်တွေအတွက် ထမင်းအိုးတည်ထားတာပါပဲ။ ယာဉ် မောင်း၊ယာဉ်အကူ ကိုခွဲပေးပြီးရင် ကျန်တာကိုယ့်အတွက်နေ့စဉ်ဝင်ငွေပုံမှန်ရတယ်။ အဲဒီငွေဟာ အိမ်စရိတ်ဖြစ်သလို နောင် ကား ပြင်ဖို့၊ အသစ်ဝယ်ဖို့အတွက်လည်း အရင်းအနှီးဖြစ်ပါတယ်။
အဲဒီလို ပုဂ္ဂလိက တစ်ဦးချင်းပိုင်ဆိုင်တဲ့ယာဉ်တွေကို ဘတ်စ်ကားလိုင်းအဖြစ် ပြေးဆွဲတဲ့ အခါ စည်းကမ်းဖောက်မှုတွေအများကြီးရှိခဲ့တယ်။ အုပ်ချုပ်ရတာခက်ခဲတယ် ဆိုတာလည်း အမှန် ပဲ။ ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက YBS စနစ်နဲ့ အစားထိုးတာဖြစ်ပါတယ်။ ဒီရည်ရွယ် ချက်ဟာ ကောင်းတယ်။ လုပ်ဖို့လည်း လိုအပ်တယ်ဆိုတာ အမှန်ပဲ။
ဒါပေမယ့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ မထသ အောက်မှာပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်အများစုရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားဖို့တော့လိုမှာဖြစ်ပါတယ်။ ဒီယာဉ် ပိုင် ရှင်တွေဟာ နိုင်ငံတကာက အများပိုင်ကုမ္ပဏီတွေမှာ အစုရှယ်ယာဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူ တွေ လို မဟုတ်ပါဘူး။ စီးပွားရေးအရ ရင်းနှီးမြှုပ်နံှသူတွေက အရင်းကြေမယ့်အချိန်၊ အမြတ်ရမယ့် အချိန် ကို စောင့်နိုင်တယ်။ ကုမ္ပဏီ ရဲ့ အလားအလာအပေါ်မူတည်ပြီး စတော့ဈေးကွက်မှာ ရှယ်ယာ အရောင်းအဝယ်လုပ်နိုင်တယ်။
အခု ကားပိုင်ရှင်အများစုကတော့ သူတို့နေ့စဉ်ဝင်ငွေရှာနေတဲ့ကားတွေကို အရင်းအနှီးပြုပြီး ပါဝင် ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ပုံမှန်ဝင်ငွေတစ်ခု လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ ကြောင့်လည်း အခုလို အမြတ်မရတဲ့အခြေအနေအပေါ်မူတည်ပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာ တာဖြစ်မှာပါ။
YUPT မှာ တိုင်းဒေသကြီးအစိုးရကလည်း ရှယ်ယာ ၃၅ ဘီလျံ ပါဝင်ထားတဲ့အတွက် ကျန်တဲ့ ရှယ်ယာရှင်တွေရဲ့ လိုအပ်ချက်များကို အလေးထားဖြေရှင်းပေးနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်။
အစည်းအဝေးဗီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။