ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်ဒီ စီးပွားရေးကဏ္ဍနှိုင်းယှဉ်ချက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂ ရက်နေ့ အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေတွေကို ပြောခဲ့ပြီးတဲ့နောက် တိုက်တိုက်ဆိုင် ဆိုင် အလဲဗင်းမီဒီယာကလည်း နိုဝင်ဘာ ၃ ရက်နေ့မှာ “ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဘယ်သူအားနည်းခဲ့ပါသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့တယ်။
အဲဒီဆောင်းပါးဟာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာနေပြီး ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ နှစ်ခုရဲ့ စီးပွားရေးဆိုင်ရာ ကိန်း ဂဏန်း တွေကို စုစည်းသုံးသပ်ထားတာဖြစ်တဲ့အတွက် လေ့လာလိုသူများအတွက် အဓိက ကျတဲ့ အချက်များကို ကောက်နှုတ်မ ျှဝေလိုက်ပါတယ်-
၁။ အလဲဗင်းက သူ့ဆောင်းပါးကို “စစ်အာဏာရှင်တွေက လွှဲပြောင်းပေးခဲ့တဲ့ အာဏာကို ဆက်ခံခဲ့ရတာမို့လို့ ဘယ်လိုပဲ လုပ်ဆောင်ပြပြ အကောင်းမြင်မခံရတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးဆိုင်ရာစွမ်းဆောင်ရည်နဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတယ်ဆိုခဲ့သလို ကဏ္ဍ အသီးသီးမှာ တတ်သိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ် ကြွေးကြော်ခဲ့ပြီး “လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်” ဆိုတဲ့ စကားတွေနဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဆွဲဆောင်စည်းရုံးခဲ့တဲ့ NLD အစိုးရလက်ထက် စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည် ကိန်းဂဏန်းနှစ်ခုဟာ လက်ရှိအချိန်မှာ နှိုင်း ယှဉ်လို့ ရနေတဲ့ အခြေအနေဖြစ်နေပါပြီ။” လို့ အစ ချီ ထားတယ်။ တစ်ဆက်တည်းမှာပဲ “ NLD အစိုးရလက်ထက်မှာ GDP ကျဆင်းတာတွေ၊ ဘတ်ဂျက်လိုငွေ မြင့်တက်တာတွေ၊ စားသုံးသူ ဈေးဆနှုန်းနဲ့ ကုန်ဈေးနှုန်းဆိုင်ရာ မြင့်တက်မှုတွေ၊ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းတာ တွေ၊ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းတွေ မြင့်တက်လာတာ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာ၊ မီးခိုးမထွက်တဲ့ စက်ရုံတွေလို့ တင်စားကြတဲ့ ပြည်ပခရီးသွားကဏ္ဍ ကျဆင်း လာတာ၊ပြည်ပကြွေးမြီ မြင့်တက်လာတာစတဲ့စီးပွားရေးဆိုင်ရာကိန်းဂဏန်းတွေကတော့ ဦးသိန်း စိန် အစိုးရ လက်ထက်ကထက် ဆုတ်ယုတ်လာခဲ့တာကို အစိုးရနှစ်ဆက် ထုတ်ပြန်တဲ့ ကိန်းဂဏန်း တွေကပဲ သက်သေပြနေတာတော့ အံ့သြစရာပါ။“ လို့ သုံးသပ်ပြထားပါတယ်။ ပုံ ၁
၂။ နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းက ပြည်ခိုင်ဖြိုးအစိုးရ ၂၀၁၃ ခုနှစ်မှာ ၈.၄% နဲ့အမြင့်ဆုံးတိုး တက်ခဲ့ပြီး အင်န်အယ်လ်ဒီ အစိုးရ လေးနှစ် ၂၀၁၉ မှာ ၇% ရှိတယ်။ ၂၀၂၀ မှာ ၇.၁% ရှိမယ် လို့ ခန့်မှန်းထားတယ် လို့ ဖော်ပြထားတယ်။ ပုံ ၂
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ကျဆင်းလာတယ်လို့ ကိန်းဂဏန်းများနဲ့ဖော်ပြထားပါတယ်။ ပုံ ၃
၄။ ငွေကြေးဖောင်းပွမှုမှာတော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ မြင့်တက်လာတယ်လို့ဆိုပါတယ်။ ပုံ ၄ ၊ ၅ နဲ့ ၆
၅။ ဘတ်ဂျက်လိုငွေပြမှုကလည်း အခုအတိုင်းဆက်သွားမယ်ဆိုရင် “ဦးသိန်းစိန် ငါးနှစ်သုံးခဲ့တဲ့ လိုငွေပမာဏကို NLD အစိုးရက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်တည်းနဲ့ ကျော်ဖြတ် သွားတော့မယ့် အခြေအနေဖြစ်ပါတယ်။” လို့ သုံးသပ်ထားပါတယ်။ ပုံ ၇ နဲ့ ၈
၈။ ဆောင်းပါး အဆုံးသတ်မှာတော့ အလဲဗင်းဆောင်းပါးရှင်က ဒီဆောင်းပါးဟာ အင်န်အယ်လ် ဒီ အစိုးရလက်ထက်မှာ ဘက်စုံကျဆင်းနေတယ်လို့ ပြောချင်တာမဟုတ်ဘူး။ ဒါပေမယ့် အစိုးရ တာ ဝန်ရှိသူတွေက စီးပွားရေးတိုးတက်တယ်လို့ပြောနေပေမယ့် စတဲ့ပြည်သူ့စားဝတ်နေရေး၊ တိုင်းပြည် စီးပွားရေးနဲ့သက်ဆိုင်တဲ့ ညွှန်းကိန်းတွေက NLD အစိုးရလက်ထက်မှာ ကျဆင်းလာနေတယ်ဆိုတာ သိစေချင် တယ်လို့ရေးထားပါတယ်။ ပုံ ၉
ဆောင်းပါးအပြည့်အစုံကို အောက် လင့်ခ်မှာ ဖတ်နိုင်ပါတယ် –
https://news-eleven.com/article/143682…

One thought on “ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်ဒီ စီးပွားရေးကဏ္ဍနှိုင်းယှဉ်ချက်

  1. စီးပွါးရေးတမင်ကျဆင်းအောင်ချမ်းသာသူတွေကငွေစုပ်ပြီး မရင်နှီးကြဘူး. ရင်းနှီးပြီးပြည်သူအကျိုးမခံစားရတဲ့ရင်နှီးမူ့ တာဝန်ခံတာဝန်ယူရင်တှီးမူ့မရှိခဲ့တဲ့ ဦးသိန်းစိန်ခေတ်က အကြွေးတွေလဲမနည်းမနှောဒါတွေခဲမမေ့ပါနဲါ.အစိုးရတက်လာတပြားမှမရှိအကြွေးအတိုးတွေနဲ့ထားခဲ့တဲ့သူ.မြက်ပါနုတ်ယူတဲ့ဝန်ကြီး အတက်ူအဖျင်းပြော ပါးရိုက်မာါ့ဝန်ကြီး ဒါပဲရှိခဲ့တဲ့ ဖွတ်အစိုးရနဲ့ လက်မဲဆရာကြီးတို့ ဒီနေ့ထိ နိုင်ငံရေး စီးပွါးရေးကို လွှမ်းခြုံထါးဆဲမို့ လိမ်ညာထားသော အစီးရင်ခံစာ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: