ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးသေးသေးလေး၊ ဆန်ခါလေး ဒါမှမဟုတ် ဒန်လင်ပန်းလေးထဲက ဘယာ ကြော်သေးလေးလေး၊ စမူဆာသေးသေးလေး၊ ကော်ပြန့်လိပ်သေးသေးလေးတွေ၊ ကုလား အကြော်ဆရာ ဒါမှမဟုတ် ဆရာမ ။ ဒါဟာ ရန်ကုန်မြို့နေရာအနှံ့မှာတင်မဟုတ်၊ ရန်ကုန် – နေပြည် တော်အဝေးပြေးလမ်းဆုံမှာတောင် တွေ့ရတဲ့ မြင်ကွင်းပဲ။
ဘယာကြော်နဲ့ စမူဆာပူပူလေးကို ဟိုအရင်ကတော့ စက္ကူကန်တော့ထဲမှာ ၊ အခုတော့ ပလတ်စတစ်အိတ်သေးသေးလေးထဲမှာထည့်၊ ငြုပ်သီးကြော်တစ်တောင့် နှစ်တောင့်တောင်းထည့်။ အဲဒီ အထုပ်လေးကိုင် ပလက်ဖောင်းတွေပေါ် လမ်းလေ ျှာက်ရင်းစား။ ဒါဟာ ငယ်ငယ်ထဲ က အကျင့်ပဲ။ အခုထိ ဒီလိုဆိုင်လေးတွေတွေ့ရင် နည်းနည်းလေးဖြစ်ဖြစ် ဝယ်ပြီး လမ်းလေ ျှာက်ရင်း မစားဖြစ်ရင်တောင် ကားပေါ်မှာ စားလိုက်ရမှ အာသာပြေတယ်။
အဲဒီလို ဘယာကြော်ဆိုင်လေးတွေထဲမှာ နည်းနည်းထူးခြားတဲ့ ဘယာကြော် သည် လေးကို နှင်းဆီကုန်းလမ်းနဲ့ အောက်ကြည့်မြင်တိုင်လမ်းထောင့်၊ လပ်ကီးဆဲဗင်း လက် ဖက်ရည်ဆိုင်ရှေ့မှာတွေ့ခဲ့တယ်။
ထူးခြားတယ်ဆိုတာက
၁။ အဲဒီလို ဆိုင်လေးတွေမှာ တွေ့ရခဲတဲ့ ပါပရာကြော် ရောင်းတယ်။
၂။ သူ့ဘယာကြော်က တစ်ခြားဘယာကြော်တွေလို မာမာကျစ်ကျစ်မဟုတ်ဘူး။ မတ်ပဲကြော်လို ရွရွလေး။ မတ်ပဲနဲ့ကြော်ထားတယ်ထင်လို့ မေးကြည့်တော့ ကုလားပဲ နဲ့ပဲ ကြော်တာပါတဲ့။
၃။ ငြုပ်သီးကြော်အပြင် ပျဉ်းတော်သိမ်ရွက်ကြော်လေးပါ ထည့်ပေးတယ်။
၄။ အချဉ်ရည်လည်းပေးတယ်။
ဘယာကြော် ငါးရာဖိုးက အတော်တန်တယ်။ ရန်ကုန်ဘူတာကြီးကနေ လာရောင်းတာ၊ နေ့လည် နှစ်နာရီဆို ရောက်ပါပြီတဲ့။ အသုပ်စုံသည်တွေအကြောင်းရေးသလို သူ့အကြောင်းရေးချင်ပေမယ့် ဝယ်သူတွေ ရောက်လာလို့ မမေးခဲ့ရဘူး။