AA အဖွဲ့က ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းထားတယ်ဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြောထားတယ်။
ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း အာဏာရပါတီဖြစ်တဲ့ အင်န်အယ်လ်ဒီ ပါတီကို အကူအညီတောင်းတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ AA အဖွဲ့ကို တောင်းဆိုတယ်။ ပုံ ၁ ၊၂ နဲ့ ၃
ဒါပေမယ့် ၁၉ ၈၈ ခုနှစ်ကနေ ဒီနေ့အထိ တပ်မတော်လို အဖွဲ့အစည်းကိုတောင် လွှတ်တော်ထဲမှာ၊ မီဒီယာတွေပေါ်မှာ ၊ သတင်းထုတ်ပြန်ချက်တွေမှာ အမည် ဖော်ပြပြီး ဝေဖန်ထောက်ပြရဲတဲ့ အာဏာရပါတီဟာ ချင်းတိုင်းရင်း သား ကိုယ်စားလှယ်ဖမ်းဆီးထားမှုနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ AA အဖွဲ့ အမည်ကိုတောင် ရည်ညွှန်းရေးသားထားတာမတွေ့ရဘူး။ ပုံ ၄
မဝံ့မရဲ နဲ့ တိုးတိုးလေးပြောလိုက်တဲ့ ဒီကြေညာချက်ဟာ AA အဖွဲ့ရဲ့ အမျက်တော်ရှခြင်းကနေ လွတ်ကင်းနိုင်ပေမယ့် ချင်းတိုင်းရင်းသား တွေရဲ့ ယုံကြည်မှုကိုတော့ ရမှာမဟုတ်ဘူး။