လေပွေတောင်


ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာလာတည်းတဲ့ ဧည့်သည် တွေ အတော်များများက တောလမ်းခရီးသွားကြတယ်။ အများဆုံးသွားတာ ရေတံခွန်ပေါ့။ ရေတံခွန် နှစ်ခု ရှိတယ်။ တစ်ခုက ဟိုတယ်နဲ့ နီးတဲ့ ဆင်လဲအိုင်ရေတံခွန်၊ နောက်တစ်ခုက ကားလမ်း အတိုင်းသွားရတဲ့ ကရင်မသေရေတံခွန်။ အဲဒီရေတံခွန်တွေက လမ်းပေါ်ကနေ နာရီဝက်လောက် ခြေလျင်သွားရင်ရောက်ပြီ။ ငှက်ကြည့်သွားတဲ့သူတွေ သွားတဲ့နေရာတွေက သတ် သတ်ရှိတယ်။ အဲဒါကတော့ ရာသီအလိုက်ငှက်အကျများ တဲ့နေရာတွေ ကို ရွေးပြီးသွားရတာပါ။
ကျွန်တော်ကတော့ ဧည့်သည်တွေသွားလေ့မရှိတဲ့ လေပွေတောင်ကို တက်ဖို့ရွေးခဲ့တယ်။ သာမန် အားဖြင့် ခရီးအချိန်ကြာတာရယ်၊ အဆင်းမတ်စောက်တာကြောင့် ချော်လဲတာ ဒဏ်ရာရတာ ဖြစ် မှာ စိုးရိမ်လို့ ဒီခရီးကို စီစဉ်ပေးလေ့မရှိဘူး။ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ပါ တယ် ဆိုပြီး သွားတာပါ။
လေပွေတောင်က ဒီတစ်ဝိုက်မှာတော့ အမြင့်ဆုံးပါ။ အမြင့်ဆုံးဆိုပေမယ့် ပဲခူးရိုးမပေါ်က မြင့်တယ်ဆိုတဲ့တောင်အများစုကက ပေ နှစ်ထောင်ကျော်လောက်ရှိတာပါ။ လေပွေတောင်က ပေ ၁၅၀၀ကျော်လောက်ပဲရှိတယ်။ ဒါပေမယ့် တောင်ကြောအတိုင်းသွားရတဲ့ ခရီးရှည်တယ်။ အောက် ခြေရှုပ်တယ်၊ အဆင်းမတ်တယ်။ လမ်းမှာ ရေမရှိဘူး။
ကျွန်တော့်နဲ့ အတူ ညီဝမ်းကွဲတစ်ယောက်အဖော်ပါတယ်။ တွဲပေးတဲ့လမ်းပြကြီးက ဦးတင်ထွန်း တဲ့။ ဂုံမင်းခုံရွာသား။သူက ပထမတော့ ကျွန်းစိုက်ခင်းတွေမှာအလုပ်လုပ်တယ်။ ဟိုတယ်ဖွင့်တော့ ဟိုတယ် မှာ လမ်းပြလုပ်တယ်။ ဒေသခံဆိုတော့ နယ်မြေကျွမ်းတဲ့အပြင် နောက်ခံသမိုင်းတွေ ကို လည်းပြောနိုင်ပါတယ်။
ဦးတင်ထွန်းက အသက် ၆၀ ရှိပြီ၊ ထောင်ထောင်မောင်းမောင်း၊ ဗလ ကောင်းကောင်း၊ ရုပ်ရှင် မင်းသားဇော်ခင်တို့လိုပုံမျိုး၊ ဘောင်းဘီတိုနဲ့ ခါးမှာ ဓားတစ်ချောင်းချိတ်ပြီး ကျွန်တော်တို့ကို လိုက်ပို့တယ်။ ဟိုတယ်ကနေထွက်တော့ ခုနှစ်နာရီကျော်ကျော်၊ နာရီဝက်ကျော်ကျော်လောက် ကားလမ်းအတိုင်းလေ ျှာက်ရ တယ်။ ပြီးတော့ တောင်ကြောပေါ်ကို ဖြတ်တက်တယ်။ အဲဒီအတက်ကတော့ တော်တော် မတ် တယ်။ တောင်ကြောပေါ်ရောက်သွားတော့ အတက်၊အဆင်းပြေသွားတယ်။
ကျွန်တော်တို့က တောင်ကြောပေါ်မှာရှိတဲ့ သစ်တောမီးတားလမ်းကို မှီပြီးသွားတာပါ။ တစ်ချို့ နေရာတွေမှာတော့ ဝါးကိုင်းတွေ၊ သစ်ကိုင်းတွေပိတ်နေလို့ ရှေ့ကနေ ဒါးနဲ့ရှင်းပြီးသွားရတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ချီတက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ခွာပြီး လေ ျှာက်တာ အကျင့်ပါနေပေမယ့် မြို့က ဧည့်သည်တစ်ချို့ကတော့ တောထဲရောက်တာနဲ့ လူကွဲ မှာကို စိုးရိမ်ပြီး ရှေ့နောက် ကပ်လေ ျှာက်လေ့ရှိတယ်။ အဲဒါအန္တရာယ်ရှိပါတယ်။ ရှေ့ကလူ ဖယ်လိုက်တဲ့ သစ်ကိုင်း၊ ဝါးကိုင်းက ကိုယ့်မျက်နှာကို ရိုက်မိတတ်သလို ရှေ့က ဓားယမ်းပြီး ရှင်းတဲ့ အခါ အခန့်မသင့်ရင် နောက်ကလိုက်လာတဲ့လူကို ထိခိုက်မိနိုင်ပါတယ်။
တောင်ကြောပေါ်မှာတော့ ထောက်ကြံ့ပင် ၊ နှောပင် လိုအပင်ကြီးတွေရှိတယ်။ကျွန်းပင်နည်း နည်းရှိတယ်။ အပင်တွေက အရွက်တွေကြွေစပြုနေပြီဆိုတေ့ာ အရိပ်နည်းတယ်။ တော အများစုကတော့ တင်းဝါး၊ မ ျှင်ဝါးတောတွေပဲ။ တောင်ကြောပေါ်မှာ အပင်နည်းတယ်။ အရှေ့ဘက် တောင်စောင်းက တောပိုထူတယ်။
ငှက်ကတော့ ဝါးယောင်းငှက်နဲ့ သစ်တောက်ငှက်ပဲ အသံကြားရ တယ်။ မျောက်တစ်အုပ်တွေ့တယ်။ အရှေ့ဘက်တောင်စောင်းလ ျှိုထဲက တောဝက်အုပ်သံ ကြား ရတယ်။
တောင်ထိပ်ရောက်ခါနီးမှာ အတက်နှစ်ခုရှိတယ်။အဲဒါကတော့ အတော်မတ်ပါတယ်။ တစ်ချို့ နေရာမှာ ကိုင်စရာမရှိလို့ လေးဘက်ထောက်တက်ရတယ်။ ဟိုတယ်ကနေ တောင်ထိပ် အထိ နှစ်နာရီခွဲလောက်လေ ျှာက်ရတယ်။ တောင်ထိပ်ကနေ အရှေ့ဘက် အုပ်တွင်းဘက်ကို တောအုပ်ကွယ်နေလို့ မမြင်ရဘူး။ အနောက်ဘက် ဟိုတယ်ရှိ တဲ့ ဘက်ကိုတော့နည်းနည်းမြင်ရတယ်။ ရှုခင်း၊ မြင်ကွင်းမကောင်းပေ့မယ့် တောင်ထိပ်ကို အောင်မြင်စွာတက်နိုင်တယ် ဆိုတဲ့ ပီတိကတော့ အပြည့်အဝခံစားလို့ရတယ်။
ပြန်ဆင်းမယ်ဆိုတော့ မူလလမ်းအတိုင်းပြန်လို့လည်း ရတယ်။ ဒါမှမဟုတ် လ ျှိုထဲကို ဖြတ်ဆင်း လို့လည်းရတယ်။ ကျွန်တော်ကတော့ မူလလမ်းအတိုင်းပြန်ရမှာ ပျင်းလို့ လျှိုထဲက ဖြတ်ပြန် မယ်လို့ပြောလိုက်တယ်။ ဦးတင်ထွန်းက အဆင်းအရမ်းမတ်တယ်လို့ သတိပေးတယ်။ ကင် မရာ ကိုလက်က မကိုင်ခိုင်းဘူး၊ ကျောပိုးအိတ်ထဲထည့်ခိုင်းတယ်။ ဝါးတောင်ဝှေးတစ်ခု ခုတ်ပေးတယ်။
အဆင်းလမ်းက လမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘူး။ တောင်ယာခုတ်တဲ့ရွာသားတွေ၊ တော လည်တဲ့သူတွေပဲ သုံးလေ့ရှိတဲ့လမ်းပါ။ မိုးတွင်း ရေဆင်းလမ်းလေးတွေအတိုင်းလိုက်ဆင်းတာပါပဲ။ တောင်ထိပ်ကနေ တောင်ခြေ အထိ အဆင့် ခုနှစ်ဆင့်ရှိတယ်။ ပထမ နှစ်ဆင့်က အဆင်းရှည် တယ်။ လက်ရော၊ တောင်ဝှေးကော အားပြုဆင်းရတယ်။ အဆင့်လေး နဲ့ငါးကြားမှာ ၁၅ ပေ လောက် ကျောက်နံရံမှာ ခြေတစ်ဖဝါးစာပဲ ရှိတဲ့လမ်းလေးအတိုင်း ကုတ်ကပ်ပြီး သွားခဲ့ ရတယ်။
တောင်ခြေအထိ တစ်နာရီလောက်ဆင်းရတယ် ။တောင်ခြေရောက်တော့ ကျွန်းစိုက်ခင်းတွေ၊ ယာခင်းတွေကို ဖြတ်ပြီး ပြန်ရတယ်။ အဲဒီအချိန်မှာ ၁၁ နာရီကျော်ပြီဆိုတော့ နေအတော်ပူနေ ပြီ။ လူကလည်း ချွေးတွေနင့်နေပြီ။ ဘာမှ စိတ်မဝင်စားနိုင်တော့ဘူး။ ဟိုတယ်ကို မြန်မြန်ရောက်ချင် တဲ့စိတ်ပဲရှိတော့တယ်။
ဟိုတယ်ရောက်တော့ ၁၂ နာရီခွဲ၊ ဘယ်သူနဲ့မှ စကားမပြောနိုင်ဘူး။ ဟိုတယ်စားသောက်ခန်း ကို ပြေးတယ်။ ဘီယာတစ်လုံးမှာလိုက်တယ်။ အေးစိမ့်နေတဲ့ ဘီယာကို မော့ချလိုက်တယ်။
နေပူထဲက ပင်ပန်းပြီးပြန်လာတဲ့အချိန်၊ ဘီယာအေးအေးလေးကို ချွေးနဲ့မြည်းရတာလောက် ကောင်းတာဘယ်ရှိပါ့မလဲ။

One thought on “လေပွေတောင်

  1. လေးစားလျက်
    အရင် ‌ေဒေသ
    သမိုင်းကြောင်းလေးတွေပါ
    ရေးပေးစေလိုပါတယ်…ခင်ဗျာ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: