မြေပုံမှာက ခြင်ရဲချောင်း ( Chinye Chaung) ၊ ဒါပေမယ့် ဒေသခံတွေက ဆင်လဲချောင်း လို့ပဲ ခေါ်တယ်။ အဲဒီချောင်းမှာ ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာဟိုတယ်ကိုလာတည်းတဲ့ ဧည့် သည်တွေ လည်ပတ်လေ့ရှိတဲ့ ရေတံခွန်တစ်ခုရှိတယ်။
ဒီဆင်လဲချောင်းကလည်း ဒဏ္ဍာရီပုံပြင်နဲ့ပဲ။ ပျူမင်းသားတစ်ပါးက စစ်ရှုံးလို့ ဆင် ကိုးကောင် နဲ့ ရတနာတွေတင်ပြီး ထွက်ပြေးရတယ်။ လမ်းမှာဆင်တွေပင်ပန်းပြီး သေကုန်လို့ ပစ္စည်းတွေ ပြောင်း တင်ရင်းနဲ့ နောက်ဆုံးဆင်တစ်ကောင်ပဲကျန်တော့တယ်။ အဲဒီဆင်ကလည်း ဒီချောင်းကို ရောက် တော့ မသွားနိုင်တော့ပဲ လဲကျသွားတယ်။ ဒါနဲ့ဆင်လဲချောင်း လို့ခေါ်တယ်။ ဆင်နောက်ဆုံး ခေါင်းချတဲ့ ( သေဆုံး) တဲ့ နေရာက ကျောက်ကုတင်ခွက်ကြီးကိုတော့ ဆင်ခေါင်း အိုင်လို့ခေါ်တယ်။ ဒီဒေသကလူတွေက တောင်ကျချောင်းတွေမှာတစ်နှစ်ပတ်လုံး ရေရှိနေတဲ့ ကျောက်အိုင်ကြီးတွေကို ကျောက်ကုတင်ခွက်လို့ခေါ်တယ်။ ရေတံခွန်လို့ ကျောက်ကြားထဲက နေ ရေကျနေတဲ့နေရာဆိုရင် ကျောက်မြောင်လို့ ခေါ်တယ်။
ပျုမင်းသားနဲ့ အဖွဲ့က ဆင်သေသွားတော့ ရတနာတွေကို မသယ်နိုင်တော့ပဲ အဲဒီဆင်ခေါင်းအိုင် အနားက တောင်ကြောပေါ်မှာ မြှုပ်၊ မင်းမှုထမ်းတစ်ချို့ကိုလည်း သတ်ပြီး ရတနာ တွေကို စောင့်ဖို့အစောင့်အဖြစ်ထားခဲ့တယ်။ ဆင်ခေါင်းအိုင်နား က တောင်ကြော လေး ပေါ်မှာ တောင်ပို့ကြီးသုံးခု ရှိပြီး အဲဒါတွေက ရတနာတွေမြှုပ်ထားတဲ့နေရာကို ညွှန်း တာလို့ ဆိုရိုးရှိတယ်။ ၁၉ ၉ ၅-၉ ၆ လောက်က ဂုံမင်းခုံ ရွာမှာတာဝန်ကျတဲ့ ကျောင်းဆရာတစ်ယောက်က အဲဒီတောင်ပို့တစ်ခုကို သွားတူးကြည့်ဖူးတယ်။ ဘာမှမတွေ့ဘူး။ ဒါပေမယ့် ရွာပြန်ရောက်တဲ့ အခါ ဖျားပြီး သေသွားတယ်။ အဲဒီနောက်တော့ တောင်ပို့ကြီးသုံးခုကို ဘယ်သူမှ မတူးရဲတော့ဘူး။
ဆင်လဲချောင်းရေတံခွန်ကို သွားတဲ့လမ်းခွဲက ပေါက်ခေါင်း- အုပ်တွင်းလမ်း မိုင်တိုင် ၃၉ /၂ နားမှာ ရှိတယ်။ ဟိုတယ်ကဆိုရင် ပေါက်ခေါင်းဘက်ကို လေးမိုင်လောက် ကားပြန်မောင်းရတာပေါ့။ ကား ကို လမ်းဘေးမှာ ရပ်ထားပြီး အထဲကို လမ်းလေ ျှာက်ဝင်ရတယ်။ လမ်းက ယခင်တွေဘေးက ဖြတ် သွားတာဆိုတော့ အရိပ်မရှိဘူး။ ချောင်းနားရောက်မှာ အရိပ်ရတယ်။ မိုးတွင်းဆိုရင် ဗွက်တန်းတွေ ရှိတယ်။ လမ်းမကနေ ရေတံခွန်အထိ အခုလိုအချိန်ဆိုရင် နာရီဝက်၊ မိုးတွင်းဆိုရင် လေးဆယ့် ငါးမိနစ်လောက်လေ ျှာက်ရတယ်။
ကျွန်တော်ကတော့ ရေတံခွန်ကို တိုက်ရိုက်မသွားဘူး။ ဆင်ခေါင်းအိုင်ကို သွားတယ်။ ဆင်ခေါင်း အိုင်မရောက်ခင်တောင်ကြောလေးအဆင်းမှာ ကွက်လပ်တစ်ခုရှိတယ်။ ယာခင်းဟောင်းတော့ မဟုတ်ဘူး။ သဘာဝအတိုင်းမြက်ရိုင်းတွေပေါက်နေတဲ့ကွက်လပ်။ အဲဒီကွက်လပ်နဲ့ ကပ်ရက် အရှေ့ဘက်တောစပ်မှာ တောင်ပို့တစ်ခုရှိတယ်။ ဒါပေမယ့်တောင်ပို့ပေါ်မှာ ဝါးပင်တွေပေါက် နေလို့ တောင်ပို့မှန်းတောင် မသိသာတော့ဘူး။ ကျောင်းဆရာတူးခဲ့တဲ့ တောင်ပို့ နဲ့နောက်ထပ်တောင်ပို့တစ်ခုကတော့ ဝါးပင်တွေဖုံးနေပြီ။ မမြင်ရတော့ဘူး။ တော တိုးကြည့်ဖို့လည်း မလွယ်ဘူး။ မစမ်းရဲတာလည်း ပါပါတယ်လေ။
ဆင်ခေါင်းအိုင်ကတော့ တော်တော်ကျယ်တယ်။ တစ်နှစ်ပတ်လုံးရေရှိတဲ့ ကျောက်ကု တင်ခွက် ပေါ့။ အဲဒီကနေ ချောင်းအတိုင်း ရေတံခွန်ဘက်ကို ဆက်လေ ျှာက်တယ်။ ချောင်း ကတော့ ကျောက်တုံးတွေအပြည့်ပဲ။ ပြီးခဲ့တဲ့စက်တင်ဘာလ တောင်ကျရေဆင်းလို့ ပါလာတဲ့ သစ်ပင်တစ်ချို့လည်း တွေ့ရတယ်။ ချောင်းမြောက်ဘက်က ချောက်ကမ်းပါး၊ တောင်ဘက်က တော့ မြေပြန့်တယ်။ ရေစီးကြောင်းကတော့ နည်းနည်းပဲရှိတော့တယ်။ ဒီလကုန်လောက်ဆို ရင် ရေပြတ်မယ့်သဘောပဲ။
ရေတံခွန်မရောက်ခင် ချောင်းတောင်ဘက်မှာ နှောပင်ကြီးတစ်ပင်ရှိတယ်။ မူလ အပင်ကြီး မရှိ တော့ဘူး။ အငုတ်ကနေပြန်ပေါက်နေတဲ့ အပင်ပဲရှိတော့တယ်။ ပဲခူးရိုးမမှာ ဗကပတွေ အခြေ ပြုတဲ့အချိန်က အဲဒီနားမှာ ဗကပစခန်းတစ်ခုခဲ့တယ်။ တောင်ခြေက ရွာတွေလာ သ တင်းပို့ရ၊ ရိက္ခာပို့ရတဲ့နေရာလို့ပြောတယ်။ အဲဒီအချိန်က ဗကပရဲ့ စစ်နည်းဗျူဟာအရ ဆို ရင် တော့ အဲဒီစခန်းဟာ ရှေ့ပြေးကာကင်းစခန်းလေးပဲဖြစ်မှာပါ။ ဗကပတွေက သူတို့ စခန်း ကြီး ရှိတဲ့နေရာကို တော်ရုံ တန်ရုံလူ အသိခံတာမဟုတ်ဘူး။ ကာကင်းစခန်းအထိပဲလာခွင့်ပေးတာ။
ဆင်လဲချောင်းရေတံခွန်ဆိုတာက တကယ်တော့ ရေကျလို့ပြောရမှာပါ။ ကျောက်ဖျာ နှစ်ဆင့် ကနေ ငါးပေလောက်ထိုးကျနေတာပါ။ အခုအချိန်မှာတော့ ပင်မချောင်းကြီးအတိုင်း ရေကျတာ မရှိတော့ဘူး။ မြောက်ဘက်စောင်းလေးမှာပဲ လက်သန်းလုံးလောက်ရေကျနေတာရှိတော့ တယ်။ ကျောက်ကုတင်ခွက်ကတော့ အတော်ကျယ်ပါတယ်။ ရေကတော့ ၁၂ ပေလောက်နက် တယ်လို့ပြောတယ်။ တစ်နှစ်ပတ်လုံးရေရှိသတဲ့။ ဧည့်သည်တွေကိုတော့ ရေစပ်နားမှာပဲ ရေကစား ခိုင်းတယ်။ ဝါးဖောင်လေးတစ်ခုလည်းတွေ့တယ်။ ကိုင်ပြီးရေဆော့နိုင်ဖို့ လုပ်ပေးထားတာ ဖြစ် မယ်။
တောင်နဝင်းကြိုးဝိုင်းက မိုင်တိုင် ၄၀ ကျော်မှ စတာဆိုတော့ ဒီပတ်ဝန်းကျင် မှာ ယာခင်း တွေချည်းပဲ။ ဝါးတောများပြီး အပင် ကြီး နည်းတယ်၊အရိပ်မရှိဘူး။ ကျွန်တော် သွားတာ နေ့လည် နှစ်နာရီကျော်ဆိုတော့ အတော်ပူတယ်။ မနက်စောစောသွားရင်ကောင်း မယ်။ ချောင်း ရေရှိတဲ့အချိန်ဆိုရင်တော့ အတော်သာယာမယ်။ ဟိုတယ်ကနေ အစား အသောက် တွေယူလာပြီး ပျော်ပွဲစားထွက်ဖို့ သင့်တဲ့နေရာပဲ။
ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာကို လာမယ်၊ ဆင်လဲချောင်း နဲ့ ကရင်မသေရေတံခွန် တွေ ကို လည်ပတ်မယ်ဆိုရင်တော့ သြဂုတ်လနဲ့စက်တင်ဘာလ အကောင်းဆုံးပဲ၊ ချောင်း ရေများသေးတယ်လို့ဆိုတယ်။ အဲဒီ အချိန်တွေဆိုရင် စားပင်လည်းပေါတဲ့အတွက် ငှက်ကြည့်လို့လည်း အဆင်ပြေတယ်။
ဧည့်သည်တွေအနေနဲ့တောလမ်းလေ ျှာက်မယ်၊ရေတံခွန်တွေသွားမယ်ဆိုရင်တော့ အဲဒီအချိန်မှာ ဗွက်တန်းတွေရှိနိုင်တဲ့အတွက် ဖိနပ်ကောင်းကောင်းလိုမယ်။ ဖိနပ်ကောင်းကောင်းဆိုတာ ဈေးကြီး ကြီးဖိနပ်ကိုပြောတာမဟုတ်ပါဘူး။ ရေမြေသဘာဝနဲ့ ကိုက်ညီပြီး အကြမ်းစီးလို့ရတဲ့ဖိနပ်ကို ဆို လို တာပါ။ အကောင်းဆုံးကတော့ လမ်းမတော်သံဈေး ပထမထပ်က ဆိုင်တွေမှာရောင်းတဲ့ ဗကပ ဖိနပ်လို့ခေါ်တဲ့ တရုတ်တောစီးဖိနပ်ပဲ။ တစ်ရံကို လေးထောင်၊ လေးထောင့်ငါးရာ၊ တစ်ခါ ဝယ်ထား ရင်တစ်သက်စီးလို့ရတယ်။