ဒီဇင်ဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းခေါင်းဆောင်တဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို လေ့လာရေးခရီးထွက် တယ်ဆိုတဲ့သတင်းပါလာတယ်။
သတင်းစာက အခုခရီးစဉ်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရွေးကောက်ပွဲ စနစ်များနှင့် စပ်လျဉ်း၍ နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ ခရီးစဉ်ဖြစ်တယ်လို့ ရေးထားတယ်။ ဒါဟာ အတော် အံ့သြစရာကောင်းတဲ့ ရည်ရွယ်ချက်ပဲ။
ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ မြန်မာနိုင်ငံက ပါတီစုံစနစ်ကျင့်သုံးတယ်။ တရုတ်နိုင်ငံက တစ်ပါတီစနစ်ကျင့်သုံး တယ်။ နိုင်ငံရေးစနစ်လည်းမတူဘူး။ ရွေးကောက်ပွဲစနစ်လည်းမတူဘူး။
ဒီတော့ ရွေးကောက်ပွဲစနစ်တွေနဲ့ပတ်သက်ပြီး နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုတာ မြန်မာက တရုတ်ကို ပါတီစုံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့လား။ ဒါမှမဟုတ် တရုတ်ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီစနစ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေ့လာဖို့ လား။
ဘယ်သူက သင်ဆရာ၊ မြင်ဆရာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ။
