ဂမ်ဘီယာ- မြန်မာ (၃)

ပြီးခဲ့တဲ့ နှစ်ရက်မှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံဘက်က လေ ျှာက်လဲချက်တွေပေးခဲ့တယ်။ သူ့ဘက် ကိုယ့်ဘက် အားပေးသူတွေကလည်း ဘောလုံးပွဲအားပေးသလို အားပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံ က လေ ျှာက်လဲချက်ပေးတာအကောင်းဆုံးလို့ ထင်တယ်။ တစ်ဘက်ရဲ့ လေ ျှာက်လဲချက်ကို အမှုန့်ချေပစ်လိုက်နိုင်ပြီလို့ ယုံကြည်ကြတယ်။ မီဒီယာတွေ ကလည်း သူတို့သတင်းဌာနရဲ့ အယ်ဒီတာမူဝါဒတွေအရ အမြင်အမျိုးမျိုးကို ရေးကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့အမှုကို အဆုံးအဖြတ်ပေးမှာကတော့ နိုင်ငံတကာတရားရုံးက တရားသူကြီးတွေပါပဲ။

တရားသူကြီးတွေဟာ သက်သေခံအထောက်အထားတွေရယ်၊ ဆက်စပ်နေတဲ့အကြောင်းအရာ တွေအပေါ်မှာ ပုဂ္ဂလိခံစားချက်မပါဘဲ တရားမ ျှတစွာဆုံးဖြတ်ပေးဖို့တာဝန်ရှိတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာလည်း လူ့အသိုင်းအဝန်းထဲမှာနေထိုင်နေတဲ့ လူသားတွေပဲ၊ ဖန်ပေါင်း ချောင် ထဲမှာနေတာမဟုတ်ဘူး။ ဒီတော့ သူဖြတ်သန်းခဲ့ဘ၀ နဲ့ အတွေ့အကြုံတွေက သူ့ရဲ့ စဉ်းစားပုံ အပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ အကျိုးသက်ရောက်မှာသေချာပါတယ်။ ဥပမာ၊ ကွန်မြူနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေမှာ မွေးဖွားကြီးပြင်းလာခဲ့သူဆိုရင် လူ့အခွင့်အရေး ဆိုင် ရာကိစ္စတွေနဲ့ပတ်သက်ရင် ပိုပြီး စာနာတတ်တာမျိုးပေါ့။

ဒီတော့ နိုင်ငံတကာတရားရုံး တရားသူကြီး ၁၅ ဦးရဲ့ နောက်ခံသမိုင်းတွေက ဘယ်လိုလဲ။ ( မြန်မာ နဲ့ ဂမ်ဘီယာက ဖြည့်စွက်ခန့်တဲ့ နှစ်ဦးကိုတော့ ထည့်မတွက်တော့ပါဘူး။ သူတို့ကို ကိုယ်စားပြု နိုင်ငံဘက်ကရပ်တည်ရမယ့်သူတွေဖြစ်တော့ ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူး။ )

နိုင်ငံ

နိုင်ငံတကာတရားရုံးတရားသူကြီးတွေကို ရွေးချယ်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေကြားမှာ အစဉ်အလာအရ ကျင့်သုံးနေတာက ကမ္ဘာ့ဒေသကြီးတွေအလိုက် ကိုယ်စားပြု ရွေး ချယ်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အနောက်နိုင်ငံတွေက ငါးဦး၊ အာဖရိကနိုင်ငံများ သုံးဦး ၊ အရှေ့ ဥရောပနိုင်ငံတွေက နှစ်ဦး၊ အာရှဒေသနိုင်ငံတွေက သုံးဦး နဲ့ လက်တင်အမေရိက/ ကာရေဘီယံ နိုင်ငံတွေက နှစ်ဦး ကို ရွေးချယ်တင်မြှောက်လေ့ရှိတယ်။

နောက်တစ်ခါ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ( အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်) အဆိုပြုတဲ့တစ်ယောက်စီကလည်း အမြဲ တမ်းအရွေးခံရတယ့်အတွက် အနောက်နိုင်ငံခွဲတမ်းထဲက သုံးနိုင်ငံ၊ အရှေ့ဥရောပ ခွဲတမ်းထဲက တစ်နေရာ နဲ့ အာရှတိုက် တစ်နေရာက အဲဒီငါးနိုင်ငံက အဆိုပြုသူတွေ ဖြစ်နေလေ့ရှိတယ်။ ဒါပေမယ့် ၁၉ ၆၇ ခုနှစ် နဲ့ ၁၉ ၈၅ ခုနှစ်ကြားထဲမှာ တရုတ်နိုင်ငံကအဆိုမပြုခဲ့တာရှိသလို ၂၀၁၇ ခုနှစ်ရွေးချယ်ပွဲမှာလည်း ဗြိတိန် က အဆိုပြုတဲ့တရားသူကြီးဟာ အထွေထွေညီလာခံမှာ မဲအများစုမရတဲ့အတွက် အရွေးမခံရပဲ သူ့ နေရာကို အိန္ဒိယနိုင်ငံကအဆိုပြုသူနဲ့အစားထိုးခဲ့တာလည်းရှိခဲ့တယ်။

အခု လက်ရှိတရားသူကြီး၁၅ ဦးရဲ့ နိုင်ငံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် –
၁။ အနောက်နိုင်ငံများ ( အမေရိကန်၊ ပြင်သစ် ၊ အီတလီ၊ သြစတေးလျ )
၂။ အရှေ့ဥရောပ ( ရုရှား၊ ဆလိုဗက်)
၃။ အာရှ ( ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ လက်ဘနွန်)
၄။ အာဖရိက ( ဆိုမာလီ၊ ယူဂန်ဒါ၊ မော်ရိုကို၊ )
၅။ လက်တင်အမေရိက ( ဘရာဇီးလ်၊ ဂျမေကာ)

ဥပဒေအတွေ့အကြုံ

၁။ ကုလသမဂ္ဂ အဖွဲ့အစည်းများတွင် ဥပဒေရေးရာနှင့်ပတ်သက်ပြီးတာဝန်ထမ်း ဆောင်ခဲ့ သူ (
ဆိုမာလီ၊ မော်ရိုကို၊ ဘရာဇီးလ်၊ အီတလီ၊ဂျမေကာ၊ သြစတေးလျ၊ ဂျပန်)

၂။ မိမိနိုင်ငံ၏ အစိုးရအဖွဲ့အစည်းများတွင် ဥပဒေရေးရာတာဝန်ထမ်းဆောင်ခဲ့သူ ( ဆိုမာလီ၊ တရုတ်၊ ဆလိုဗက်၊ ပြင်သစ်၊ မော်ရိုကို၊ အမေရိကန်၊ အီတလီ၊ ယူဂန်ဒါ၊ အိန္ဒိယ၊ သြစတေးလျ၊ ရုရှား၊ လက်ဘနွန် ၊ ဘရာဇီးလ်)

၃။ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ( ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီးလ်၊ ယူဂန်ဒါ၊ဂျမေကာ၊ ဂျပန်)

၄။ နိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် အမှုများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ( ဆိုမာလီ၊ ယူဂန်ဒါ၊ ဂျမေကာ)

တရားသူကြီးအားလုံးဟာ နိုင်ငံတကာဥပဒေနဲ့ပတ်သက်တဲ့ ဘွဲ့များကို ရရှိထားသူ၊ ဥပဒေ ပညာရပ်များကို ပို့ချဖူးသူ၊ နိုင်ငံတကာဥပဒေနဲ့ပတ်သက်ပြီး စာအုပ်စာစောင်များကို ရေး သားဖူး တွေဖြစ်တဲ့အတွက် ပညာရပ်ဆိုင်ရာနဲ့ပတ်သက်ပြီး သီးခြားမပြောတော့ပါဘူး။

One thought on “ဂမ်ဘီယာ- မြန်မာ (၃)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: