)
မနေ့က နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့တယ်။ သူက ထေရဝါဒ ဗုဒ္ဓဘာသာဝင်၊ မြန်မာ စာ၊ မြန် မာစကား တော်တော်ဖတ်နိုင်၊ ပြောနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဗုဒ္ဓအဆုံးအမတွေနဲ့ လက်ရှိ လူမှု ဘဝအကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ဖူးတယ်။ သူက လူမှုကွန်ယက်တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်က မြန်မာနိုင်ငံသားများရဲ့ အမုန်းစကားတွေအကြောင်းကို လေ့လာနေ တာ နှစ်နှစ်ကျော်ပြီ။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး အမုန်းစကားတွေကို လွယ်လွယ်ပြောနေကြ၊ ရေးနေကြတာ ဘာ့ကြောင့်လဲ ဆိုတာကို အဖြေရှာနေတာပါပဲ။
ကျွန်တော့်ကိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရကာလမှာ အင်တာနက်ထိန်းချုပ်မှုကို ဖယ်ရှားပေး ခဲ့ တဲ့အခြေအနေ၊ အင်တာနက်ပေါ်က အမုန်းစကားတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ လုပ် ဆောင်ချက်၊ အင်တာနက်လွတ်လပ်ခွင့်ရဲ့ အကောင်းအဆိုးတွေကို မေးပါတယ်။ အဲဒီလို မေးရင်းနဲ့ ဖေ့စ်ဘွတ်ပေါ်က အမုန်းစကားတွေကို အရေးယူတဲ့အခြေအနေတွေ အကြောင်း ရောက်သွားပါတယ်။
အဲဒီမှာ သူက ကျွန်တော့်ပို့စ်တွေအောက်မှာ ၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင်စာမျက်နှာတွေပေါ် ကနေ ကျွန်တော့ကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပုတ်ခတ် ရေးသားနေတဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အပါအဝင် အခြားဥပဒေတွေနဲ့ အရေးယူဖူးလား။ အရေးမယူဖူးဘူးဆိုရင် ဘာ့ကြောင့်လဲ လို့ မေး ပါတယ်။ ကျွန်တော်က
၁။ ကျွန်တော့်ပို့စ်တွေအောက်မှာ၊ သူတို့ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှာ ကျွန်တော်နဲ့ပတ်သက် ပြီးရေးသားချက်တွေအနက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အပါအဝင် အခြားဥပဒေများနဲ့ ငြိစွန်းတဲ့ ရေးသားမှုတွေအများကြီးရှိတယ်။ အမှုဖွင့်မယ်၊ တရားစွဲမယ်ဆိုရင် စွဲလို့ရတယ်။ ဒါ ပေမယ့် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ချိန်မှာရော၊ လက်ရှိချိန်မှာပါ အမှုဖွင့်တာ၊ တရားစွဲ တာ မလုပ်ခဲ့ဘူး။
၂။ အဲဒီလို မလုပ်တာဟာ သည်းခံနိုင်စွမ်းရှိလို့၊ ခွင့်လွှတ်နိုင်စွမ်းရှိလို့မဟုတ်ဘူး။ ကျွန်တော့် အယူအဆက အမြင်ချင်းမတူတာကို အကျိုး အကြောင်းနဲ့ ဝေဖန်ဆွေးနွေးတာ ဆိုရင် လေးလေးစားစား တန်ဖိုး ထားတယ်။ ဒါပေမယ့် ကျွန်တော်ရေးတာကို လက်မခံနိုင်ဘူး၊ မှားတယ်၊ အဆင့်အတန်းမရှိဘူးလို့ စွပ်စွဲပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုရေးသားနေသူတွေဟာ ကျွန်တော့်ထက် ပိုပြီးမှားတဲ့သူတွေ၊ ပိုပြီး အဆင့် အတန်းနိမ့်တဲ့သူတွေလို့ပဲ မြင်တယ်။
၃။ ဒီတော့ ကိုယ့်ထက် အဆင့်အတန်းနိမ့်တဲ့သူတွေကို တရားစွဲခြင်းအားဖြင့် ကျွန်တော့်ရဲ့ တန်ဖိုး ရှိတဲ့အချိန်တွေကို အကုန်မခံနိုင်ဘူး။ ကိုယ့်ထက်အဆင့်အတန်းနိမ့်တဲ့သူတွေနဲ့လည်း တရားရုံး မှာ ကြမ်းတစ်ပြေးထဲ ထိုင်ပြီး အပြန် အလှန်ပြောဆိုနေတာမျိုးလည်း မလုပ်နိုင်ဘူး။
၄။ ကျွန်တော် တရားမစွဲပေမယ့်လည်း သူတို့ ရိုင်းရိုင်းစိုင်းစို င်း ရေးသား ထားတာတွေဟာ ဖေ့စ်ဘွတ်မှာ မှတ် တမ်းအဖြစ် ရှိနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ပို့စ် အောက်မှာ ရိုင်းရိုင်းစိုင်းစိုင်းလာရေးတဲ့မှတ်ချက်တွေကိုလည်း ဖျက်ပစ်လေ့ မရှိဘူး။ အင်မတန်ညစ်ညမ်းတဲ့ဓာတ်ပုံမျိုးသာ စာဖတ်သူတွေကို အားနာလို့ ဖျက်ပစ်ခဲ့တယ် –
လို့ဖြေခဲ့တယ်။
ဒီအယူအဆကို သဘောမတူလို့ ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်ရေးမယ်ဆိုလည်း ပြဿနာမရှိပါ ဘူး။ ကျွန်တော့်သဘောထားကတော့ အပေါ်က အပိုဒ် ၂ နဲ့ ၃ အတိုင်းပါပဲ။
လက်ရှိနိုင်ငံ တစ်နိုင်ငံရဲ့ အဆင့်အတန်းကို ကြည့်ချင်ရင် အဲ့နိုင်ငံရဲ့ တရားခွင်နဲ့/ ရုပ်ရှင်ဇာတ်ကား၊ အောင်မြင်နေတဲ့ cele တွေကို ကြည့်ရင် အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။ ခုလက်ရှိတော့ ၆၆ (ဃ) အမှုတွေ၊ မြန်မာပေါကားတွေ၊ လူများအတင်းတုတ်ပြီး နာမည်ကြီးတဲ့ ဆယ်လီတွေ၊ ဒါတွေကိုကြည့်ချင်းအားဖြင့် နိုင်ငံရဲ့ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါတယ်။
မြန်မာပြည်သည် နိုင်ငံသားကောင်းတွေများစွာ လိုအပ်နေတဲ့ တိုင်းပြည်တစ်ခုပါ။
LikeLike
Good✓
LikeLike
အစိုးရအပြောင်းအလဲလုပ်တော့ဘူးကျွန်တော်ကတော့ရေးနိုင်ပြီဆိုတဲ့စကားအမှတ်ရတယ်။ကိုတံငါအကြောင်းပြီးရင်အညာကထန်းသမားတွေအကြောင်းရေးပါဦးအဘ။
LikeLike
ဦးဖေမြင့်စာမရေးနိုင်
LikeLike