၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို အိုဘားမားလာတက်တယ်။ နိုဝင်ဘာ ၁၄ ရက်နေ့မှာ နေပြည်တော်ကနေ ရန်ကုန်ကိုသွားတယ်။ ရန်ကုန်မှာ လူငယ်လေးရာလောက်ကို မိန့်ခွန်းပြောတယ်။
အဲဒီအချိန်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့အချိန်လည်းဖြစ်တယ်။ ဒီတော့ အိုဘားမား မိန့်ခွန်းပြောနေချိန်မှာပဲ အဲဒီအချိန်က အမျိုးသားပညာရေးဥပဒေကို ကန့် ကွက်နေတဲ့ လူငယ်တစ်ချို့က
“ အတုအယောင်ပြုပြင်ပြောင်းလဲရေး” ၊ “ ပြောင်းလဲစို့” လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ထောင်ပြကြတယ်။
အိုဘားမားကတော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ ခင်ဗျားတို့နိုင်ငံမှာ စကားလာပြောနေတာကို အလေးမထားပဲ ဆိုင်းဘုတ်ထောင်ရသလားလို့ ဒေါသမထွက်ရှာဘူး။ ဒီအခမ်းအနားကို မနှောင့်ယှက်နဲ့ လို့ ဆူတာမျိုးမလုပ်ရှာဘူး။
အဲဒီဆိုင်းဘုတ်တွေကို အသံထွက်ပြီးဖတ်တယ်။ ပြီးတော့ “ ခင်ဗျား တို့ ဆိုင်းဘုတ်တွေကို ဖယ်ထားလို့ရပါတယ်ဗျာ၊ ဒါ့ကြောင့်လည်း ခင်ဗျားတို့ကို ဒီမှာလာတွေ့ တာ ပေါ့။ ကန့်ကွက်မနေပါနဲ့ ၊ ( ကျွန်တော့်ကို ) မေးခွန်းတိုက်ရိုက်မေးလို့ရပါတယ်” လို့ ပြောခဲ့တယ်။
အော် မစ္စတာ အိုဘားမား ၊ ခင်ဗျားက ဘားမား (မြန်မာ) ကိုလာပြီး စံနမူနာပြခဲ့ပေမယ့် ခင်ဗျားကို နမူနာမယူနိုင်သူ တွေလည်း ရှိသေးတယ်။

Very much different as true (Wise) Leader’s behavior and un-wise leader’s behavior sir.
LikeLike