မဲခေါင်ခရီးစဉ်အကြောင်းပြောရင် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး နဲ့ပတ်သက်တဲ့ သဘောတူညီချက် Cross-Border Transport Agreement (CBTA) အကြောင်း ကို ပြောဖို့ လိုလာပါတယ်။
CBTA ဆိုတာက ဗီယက်နမ်၊ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ၊ထိုင်း တို့ပါဝင်တဲ့ အရှေ့ – အနောက် စီးပွားရေးစင်္ကြန် East–West Economic corridor အတွင်းမှာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ သဘောတူညီချက် ဖြစ် ပါတယ်။ အရှေ့ – အနောက် စီးပွားရေးစင်္ကြန်ဆိုတာက မျက်စိထဲမြင်အောင်ပြောရရင် ရန်ကုန် ကနေ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းအထိ တောက်လေ ျှာက်သွားနိုင်မယ့် ကားလမ်းမကြီးပဲ ဖြစ် ပါတယ်။
အခုအချိန်မှာ ထိုင်း နဲ့ မြန်မာကြားမှာ CBTA က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ အသက်ဝင်တယ်။ ဒီလို အသက်ဝင်လာတဲ့အတွက်ဘာအကျိုးကျေးဇူးတွေရသလဲဆိုတာကို အရှင်း ဆုံးဥပမာပေးရရင် ထိုင်းကုန်ကားတွေက မြဝတီကတဆင့် ရန်ကုန်အထိ ကုန်တွေလာပို့ လို့ရ မယ်။ မြန်မာကုန် ကား တွေက ဘန်ကောက်အထိ ကုန်သွားပို့လို့ရမယ်။ ဒါပေမယ့် လက်တွေ့ မလုပ်နိုင်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာဘက်က ပို့ကုန်က နည်းနေတဲ့ အတွက် ထိုင်းဘက်က သွားတဲ့ ကား က အပြန်ကုန်မရနိုင်ဘူး။ မြန်မာဘက်က ဘန်ကောက်က ပစ္စည်း သွားသယ်ရင် အသွားမှာ ခါလီ သွားရမယ်။ စီးပွားရေးအရ တွက်ခြေမကိုက်သေးတဲ့အတွက် မသွား ကြတာဖြစ်ပါတယ်။
CBTA ထဲမှာနောက်ထပ်အကျုံးဝင်တာကတော့ ကိုယ်ပိုင်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်ခွင့်ဖြစ် ပါတယ်။
ဒီလိုသွားနိုင်တဲ့အတွက် ဘာအကျိုးရှိသလဲဆိုတော့
၁။ ထိုင်းနိုင်ငံအရှေ့ပိုင်း၊ မြောက်ပိုင်း ဒေသ တွေကို မြန်မာနိုင်ငံသားတွေ ကုန်ကျစရိတ်သက် သာ စွာနဲ့သွားလို့ ရမယ်။ ဥပမာ ကျွန်တော်တို့ ခရီးစဉ်မှာပါတဲ့ ၁၃ ရာစုနှစ် ထိုင်းရှေးဟောင်းမြို့တော် ဆူခိုထိုင်း ကို ဘန်ကောက်က တဆင့်သွားရင် ရန်ကုန် – ဘန်ကောက် လေယာဉ်နဲ့သွားရ မယ်။ ဘန်ကောက်ကနေ ဆူခိုထိုင်းကို ပြည်တွင်းလေကြောင်း ဒါမှမဟုတ် ဘတ်စ်ကားနဲ့သွားရမယ်။ လေယာဉ်ခနဲ့တင် ကုန်ကျစရိတ်အတော်များနေပြီ။ ဒါပေမယ့် မဲဆောက်ကနေ ဆူခိုထိုင်း ကို ကိုယ့် ကားနဲ့ကိုယ်သွားရင် ( ကျွန်တော့်အတွေ့အကြုံအရ) ဆီ ဘတ် ငါးရာ ဖိုးပဲ ကုန်တယ်။ အသွား အပြန် ဆိုရင် ဘတ်တစ်ထောင်ပေါ့။
၂။ ဒီလိုပဲ ထိုင်းနိုင်ငံသားတွေလည်း မဲဆောက်ကနေ ကျိုက်ထီးရိုး ၊ ပဲခူး၊ မော်လမြိုင်တို့ကို ကိုယ့် ကားနဲ့ ကိုယ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံကိုလာတဲ့ ခရီးသွားအရေအတွက်တိုးလာမယ်။ မွန် ပြည်နယ်နဲ့ ကရင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်မယ်။
ဒါပေမယ့် ဒီအခွင့်အရေးတွေကို အသုံးချဖို့အတွက် အခက်အခဲတွေလည်းရှိနေသေးတယ်။ အဲဒါတွေကတော့
၁။ မြန်မာဘက်က မော်တော်ယာဉ်တွေ ထိုင်းနိုင်ငံထဲကို ဝင်ဖို့ဆိုရင် နိုင်ငံတော်သမ္မတရုံးအထိ တင်ပြခွင့်ပြုချက်ယူနေရတယ်။ ထိုင်းဘက်က လာမယ်ဆိုရင်လည်း အဲဒီအတိုင်းပဲ လို့ သိရတယ်။ ထိုင်းနိုင်ငံမှာတော့ ဒီလိုခွင့်ပြုချက်ကို သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ်ကပဲ ပေးတာပါ။
၂။ ထိုင်းနဲ့ မြန်မာကြားမှာ ရှိတဲ့ ဗီဇာ ကင်းလွတ်ခွင့်က နိုင်ငံတကာလေဆိပ်တွေက ဝင်တာပဲ အကျုံးဝင်ပါတယ်။ ကုန်းလမ်းက ဝင်မယ် ဆိုရင် မြန်မာနိုင်ငံသားဆိုရင် ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံး မှာ၊ ထိုင်းနိုင်ငံသားဆိုရင် ဘန်ကောက် သို့မဟုတ် ချင်းမိုင် မှာရှိတဲ့ မြန်မာသံရုံးမှာယူရတယ်။ တကယ်လို့ ဆိုက်ရောက်ဗီဇာကိုသာခွင့်ပြုနိုင်မယ်ဆိုရင် ထိုင်းခရီးသွားတွေက ပိုဝင်လာနိုင်တယ်။
ဒီဗီဇာကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဆီက နှစ်မျိုးကြားခဲ့ရတယ်။ ပထမတစ်ခုကတော့ ထိုင်း ဘက်က ဆိုက်ရောက်ဗီဇာမပေးလို့ မြန်မာဘက်က မပေးတာ လို့ဆိုတယ်။ ဒီနေရာမှာ ထိုင်း ဘက် က မပေးပေမယ့် မြန်မာဘက်က ပေးလိုက်ရင်ကော မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ပိုပြီး အကျိုး မရှိဘူးလားလို့တွေးမိတယ်။ ဇီးရိုးဘတ်ဂျက်နဲ့လာတဲ့ တရုတ်တွေကိုတောင် ဆိုက်ရောက် ဗီဇာ တွေပေးနိုင်ရင် မြန်မာနိုင်ငံထဲမှာ ငွေသုံးမယ့် ထိုင်းခရီးသွားတွေကို တန်းတူအခွင့်အရေး မပေးသင့်ဘူးလား။ ဒီလိုသာ ပေးလိုက်ရင် ကျိုက်ထီးရိုးဟာ ထိုင်းခရီးသွားတွေအတွက် အဓိက နေရာဖြစ်လာမှာသေချာတယ်။
နောက်ပုံပြင်တစ်ခုကတော့ ဘန်ကောက်က လာတဲ့ ခရီးသည်လျော့သွားမှာကို စိုးရိမ်တဲ့ လေ ကြောင်းလိုင်းတွေက ကန့်ကွက်လို့ မပေးတာလို့ဆိုတယ်။ ကျွန်တော်ကတော့ အစိုးရအနေနဲ့ လေကြောင်းလိုင်းတွေ ပြောသမ ျှ လိုက်လုပ်ရတဲ့အထိ မညံ့ဘူးလို့ယုံကြည်ပါတယ်။
မြန်မာဘက်က CBTA သဘောတူညီချက်ကို အသုံးပြုပြီး ယာဉ်တန်းနဲ့ ဖြတ် သန်းသွားတာက ကျွန်တော်တို့ မဲခေါင်ခရီးစဉ်ယာဉ်တန်းက ပထမဆုံးဖြစ်ပါတယ်။ နောက်ထပ် မြန်မာခရီးသွားတွေ လည်း ကိုယ့်ကားနဲ့ကိုယ်၊ ကိုယ့်နိုင်ငံအလံကိုထောင်ပြီး ထိုင်းနိုင်ငံလမ်းမတွေပေါ်မှာ ခရီးနှင် ကြ တော့မယ်လို့လည်း ယုံကြည်ပါတယ်။
Thanks for sharing sir. This article has huge interesting things and wishing to get these permits easily soon for all travelers. Thanks.
LikeLike