မဲခေါင် ခရီးသည် (၃)

မြဝတီ ၊ မဲဆောက် မြန်မာ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဂိတ်တွေကို ဖြတ်ရတာ အခက်အခဲမရှိ ပါ ဘူး။ ထိုင်းဘက်မှာတော့ လက်ဗွေနှိပ် ၊ မှတ်တမ်းယူတာလုပ်ရတယ်။ ထိုင်းဂိတ်ကို ကျော်ပြီး တဲ့ အခါ ဘီဘီစီ၊ ဒီဗီဘီ သတင်းထောက်တွေက အသင့်စောင့်နေတယ်။ ဒီခရီးစဉ်က လ ျှို့ဝှက် ခရီး စဉ်မဟုတ်တဲ့အတွက် ဘာမှ ထိန်ချန်ထားဖို့လည်းမရှိဘူး။ ခရီးစဉ် ရည်ရွယ်ချက်နဲ့ သွားမယ့် လမ်း ကြောင်းတွေကို အတိုချုပ် ရှင်းပြခဲ့တယ်။

မဲဆောက်ဘက်ရောက်တာနဲ့ ကားတွေက လက်ယာကပ်မောင်းကနေ လက်ဝဲကပ်မောင်း အတွက် နေရာပြောင်းယူရတယ်။ ကျွန်တော်တို့ခရီးစဉ်ကို စီစဉ်ပေးတဲ့ ထိုင်းခရီးသွားလုပ်ငန်း Trans Asia Route က ကိုယ်စားလှယ်နှစ်ယောက်က ထိုင်းဘက်မှာလိုက်နာရမယ့် ယာဉ်စည်းကမ်းတွေနဲ့ ပတ် သက်ပြီးရှင်းပြတယ်။ ကျွန်တော်တို့ ယာဉ်တန်းရှေ့ကနေ သူတို့ကားက ဦးဆောင်ပြီးခေါ်သွား မယ်။ ဒါ့ကြောင့် လက်ဝဲကပ်မောင်းအတိုင်းမောင်းရပေမယ့် အခက်အခဲနည်းပါတယ်။ မြို့ထဲ မောင်း တဲ့အချိန် နဲ့ လမ်းသွယ်ကနေ လမ်းမကြီးပေါ်တက်တဲ့အခါမှာ ဘယ်ညာ ကြည့်တာပဲ သတိထား ဖို့ လိုပါတယ်။

မဲဆောက်ကနေထွက်တော့ စစ်ဆေးရေးဂိတ်တစ်ခုရှိတယ်။ ထိုင်းတပ်မတော်နဲ့ ရဲ တွေရှိတယ်။ စာရွက်စာတမ်းတွေ စစ်ဆေးခံရတယ်။ ကားတွေမှန်ချပြီးအစစ်ဆေးခံရတယ်။ စစ်ဆေးရေး ဂိတ် လွန်ပြီးတော့ ဆူခိုထိုင်း ကို သွားတဲ့အဝေးပြေးလမ်းမတိုင်းခရီးဆက်တယ်။ လမ်းမှာ ဖားဝေါ နတ်ကွန်းကို ဝင်ပြီး ကန်တော့ရတယ်။ ရန်ကုန်က အထွက် ရွှေညောင်ပင် ကို ဦးတိုက်သလိုပါပဲ။ မဲ ဆောက်- တခ် ကားလမ်းက အကွေ့အကောက်၊ အတက်အဆင်းတွေများတယ်၊ ကုန်ကားကြီး တွေ အသွားအလာများတယ်။ အန္တရာယ်များတဲ့လမ်းဖြစ်တယ်။ ဒီလမ်းကို သွားတဲ့ကားတွေက ဖားဝေါ နတ်ကွန်းကို ဝင်ပြီး အန္တရာယ်ကင်းအောင်ဆုတောင်းကြတယ်။ အကြောင်းကြောင်း ကြောင့် နတ်ကွန်းကို မဝင်နိုင်ရင်တောင် အပြင်ကနေ ဟွန်းအရှည်ကြီးတီးရပြီး ဦးတိုက်ကြ တယ်။

ဒါပေမယ့် ရွှေညောင်ပင်ဘိုးဘိုးကြီးနဲ့ မတူတာက ဖားဝေါ နတ်ကိုတော့ ဒီနယ်မြေ တစ်ခုလုံး ကို စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်။ ဒါ့ ကြောင့် ကားသမားတွေသာမဟုတ်ဘူး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့စီးပွားရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ၊ သာမန်ပြည်သူတွေကလည်း ဒီနတ်ကွန်း မှာ လာပြီးဆုတောင်းကြတယ်။

ဖားဝေါ နတ်က မြန်မာ-ထိုင်းစစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သူကြီးတစ်ယောက်လို့ ဆိုတယ်။ ဖားဝေါ နတ်ရုပ် ကတော့လံှကိုင်ထားတဲ့ ရုပ်တုဖြစ်ပါတယ်။ မျက်နှာဟန်ပန်အနေအထားကတော့ တင်းမာ ပြတ်သား ခက်ထန်တဲ့ ပုံပေါက်တယ်။ နတ်ရုပ်ရဲ့ ဘယ်၊ညာနဲ့ရှေ့မှာဓားလှံ လက်နက် အစုံ အလင် ကို ထောင်ထားတယ်။ ရှေ့မှာ ဆင်စွယ်နှစ်ချောင်းရှိ တယ်။ ကန်တော့ပွဲတွေရှိတယ်။ ကန်တော့ ပွဲတင်စားပွဲရဲ့ ရှေ့မှာနောက်ထပ် ဖအော ရုပ်ထုတစ်ခု ရှိ တယ်။ ဒီရုပ်တုကတော့ ဘယ်ဘက် လက်က ခါးထောက်ထားပြီး ညာဘက်မှာ အရိုးရှည်တပ်ထားတဲ့ ဓားတစ်ချောင်း ကို ထောင် ပြီးကိုင်ထားတယ်။ ဒီရုပ်တုမှာတော့ ယုံကြည်သူတွေက ရွှေဆိုင်းတွေ ကပ်လှုထားတာကိုလည်း တွေ့ရတယ်။

ဖားဝေါ နတ်ကို ပူဇော်ပသတဲ့အခါ အမွှေးတိုင်၊ ဖယောင်းတိုင် နဲ့ ပန်းအပြင် ဗျောက်အိုးတွေလည်း ဖောက် ပြီး ပူဇော်ရတယ်။ နတ်ကွန်းရဲ့နောက်ဘက်မှာ ဗျောက်အိုးဖောက်ဖို့ သီးသန့်လုပ်ထားတဲ့ နေရာရှိတယ်။ အဲဒီနေရာမှာ ဗျောက်အိုးတွေကို အတွဲလိုက်ချိတ်ပြီး မီးရှို့ကြတယ်။ တရုတ်ပွဲတော် တွေမှာဖောက်သလိုပါပဲ။

ဒီနတ်ကွန်းကွန်းအဝင် ဘယ်ဘက်တောင်ကုန်းလေးမှာ နဂါးရုံ ဘုရားတစ်ဆူရှိတယ်။ ကျွန်တော် တို့ရောက်သွားတော့ ဘုရားပေါ်က ဆင်းလာတဲ့ ပအို့ဝ်ဘုရားဖူးအဖွဲ့နဲ့ ဆုံခဲ့တယ်။ ဆရာ တော် တစ်ပါးလည်းပါတယ်။ ကလောကနေ လာတာလို့ပြောတယ်။

ဖားဝေါ နတ်ကွန်းမှာ ထူးခြားတာတစ်ခုက တိုက်ကြက်ဖရုပ်တုတွေပဲ။ နတ်ကွန်းအဝင် ဘယ်ညာ မှာ လူတစ်ရပ်ကျော် မြင့်တဲ့ တိုက်ကြက်ဖ ရုပ်တု နှစ်ခုရှိသလို သီးခြားနေရာတစ်ခုမှာလည်း တိုက် ကြက်ဖ ရုပ်တု အရွယ်မျိုးစုံတွေ့ရတယ်။ ဒီတိုက်ကြက်ဖကလည်း စစ်ပွဲအောင်မြင်ခြင်းရဲ့ နမိတ် လက္ခဏာလို့ ဆိုတယ်။ ဒီအကြောင်းကို နရစွမ် ဘုရင်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ထဲမှာ ပါ တယ်။

မြန်မာနိုင်ငံက ၃၇ မင်းနတ်တွေလိုပဲ ဖားဝေါ နတ်ကလည်း သမိုင်းနဲ့ ဒဏ္ဍာရီ ရောနေတယ်။ ဘယ် ဟာက မှန်ပြီး ဘယ်ဟာက စိတ်ကူးယဉ်ဇာတ်လမ်းလည်းဆိုတာ ပြောဖို့ခက်တယ်။ ဖားဝေါ ကို ထိုင်းလူမျိုးစစ်သူကြီးလို့ ပြောတဲ့သူရှိသလို ကရင်တိုင်းရင်းသား စစ်သူကြီးလို့ပြောတာလည်း ကြား ဖူးတယ်။ ၁၉ ၈၈-၈၉ ခုနှစ် က နယ်စပ်ဒေသက ကေအင်ယူစခန်းတွေကို တပ်မတော်က ထိုးစစ် ဆင်တဲ့အချိန်မှာ ကေအင်ယူဘက်က ဖားဝေါ နတ်ကွန်းမှာ ဆုတောင်းသလို ကျွန်တော်တို့ ဘက် ကလည်း သွားဆုတောင်းခဲ့ဖူးတယ်။ အခုလည်း ဒီနတ်ကွန်းမှာ ထိုင်းလူမျိုးတွေ ဆုတောင်း နေတာတွေ့ခဲ့ရသလို မြန်မာဘက်က တိုင်းရင်းသားပေါင်းစုံဟာလည်း ကိုယ့်အကြောင်းနဲ့ ကိုယ် ယုံကြည်ရာကိုဆုတောင်းနေကြတာကို မြင်ခဲ့ရတယ်။ နတ်ကွန်းထဲမှာ ထိုင်း – မြန်မာ နှစ်ဘာ သာ နဲ့ “ ကျောက်ဖော့ ဖားဝေါ ပူဇော်သော ဂါထာတော်” ဆိုပြီး ဂါထာတစ်ပုဒ်ကို ဖော်ပြထားတယ်။

ဖားဝေါ ဟာ မြန်မာ – ထိုင်းစစ်ပွဲမှာ ကျဆုံးခဲ့တယ်ဆိုရင်တောင် အခုအချိန်မှာ မြန်မာ ရော၊ ထိုင်း ရော နှစ်ဘက်လုံးက ယုံကြည်ကိုးကွယ်ရာ နတ်ဖြစ်နေပြီ။ ကျွန်တော်တို့လည်း မဲခေါင်ခရီးစဉ် အန္တရာယ်ကင်း အဆင်ပြေချောမွေ့ဖို့အတွက် ဖအောကို တိုင်တယ်ဆုတောင်းခဲ့တယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဗျောက်အိုးဖောက်ပြီး ဆုတောင်းခဲ့ ကြတယ်။

One thought on “မဲခေါင် ခရီးသည် (၃)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: