မဲခေါင်ခရီးသည် (၇)


မဲခေါင်ခရီးသည်တွေရဲ့ ထိုင်း – လာအို ခရီးစဉ်အတွေ့အကြုံတွေကို ဆက်ပြီးမရေးခင် ဒီခရီးစဉ်ကို ဘယ်လိုသွားလို့ရသလဲဆိုတာလေးကို မ ျှဝေလိုပါတယ်။
ဘယ်လိုသွားရလဲ
ပထမဆုံးပြောချင်တာကတော့ ဒီခရီးစဉ်ဟာ မဲခေါင်ဒေသနိုင်ငံများအကြားမှာသဘော တူညီ ထားတဲ့ CBTA (Greater Mekong Subregion (GMS) Cross- Border Transport Facilitation Agreement သဘောတူညီချက်ဘောင်ထဲက ဆောင်ရွက်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားမှန်သမ ျှ သွားလို့ရပါတယ်။ အဲဒီမူဘောင်အတွင်း မှာအာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းရရှိထားတဲ့သဘောတူညီချက်အပေါ်မူတည်ပြီး အပြောင်းအလဲ နည်းနည်းပဲရှိပါတယ်။ ဥပမာအားဖြင့် ဒီခရီးစဉ်မှာ
၁။ ထိုင်း နိုင်ငံကို နိုင်ငံတကာလေကြောင်းလိုင်းနဲ့ရောက်လာရင် ဗီဇာမလိုပေမယ့် ကုန်းလမ်းခရီးက ဝင်ရင် ဗီဇာလိုပါတယ်။ ထိုင်းသံရုံးမှာ ဗီဇာသီးခြားလေ ျှာက်ထားရပါတယ်။
၂။ လာအိုနိုင်ငံအတွက်တော့ ကုန်းလမ်းက ဝင်ရောက်တဲ့အတွက် သီးခြားဗီဇာလေ ျှာက်ဖို့မလို ဘူး။
၃။ သို့သော် လာအိုကနေ ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့အတွက် ဗီဇာပြန်လိုတယ်။ ဒါ့ကြောင့် နန်မြို့ ကို ရောက်တဲ့အခါ ထိုင်းထဲကို ပြန်ဝင်နိုင်ဖို့အတွက် Re-entry Visa လုပ်ထားရပါတယ်။
၄။ ကားတွေကတော့ လာအို အဝင် အတွက် သီးခြားလေ ျှာက်ထားရတယ်။
ဘာတွေလိုသလဲ
မြန်မာနိုင်ငံ ယာဉ်မှတ်ပုံတင်နဲ့ ကားတွေ ထိုင်း ၊ လာအိုကို ဖြတ်ကျော်ဖို့အတွက် အောက်ပါ စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ပြီး ခရီးသွားအေဂျင်စီ ကိုပေးရပါတယ်။
၁။ နိုင်ငံကူးလက်မှတ်
၂။ ယာဉ်မောင်းလိုင်စင် (ပြည်တွင်း) (ယာဉ်မောင်းသူအတွက်သာ)
၃။ ယာဉ်မောင်းလိုင်စင် ( နိုင်ငံတကာ) (ယာဉ်မောင်းသူအတွက်သာ) ( နေပြည်တော် ကညန ရုံးချုပ်တွင်လေ ျှာက်ထားရမည်။ )
၄။ ယာဉ်ပိုင်ရှင်စာအုပ်
၅။ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် ( နှစ်ဘက်လုံးဓာတ်ပုံရိုက်ရန်)
၆။ ကားလေကာမှန်တွင်ကပ်ထားသည့် vehicle inspection sticker။
၇။ ကားက မိမိ အမည်ပေါက်မဟုတ်ပါက အမည်ပေါက်ပိုင်ရှင်၏ ယာဉ်အသုံးပြုခွင့် ကိုယ်စားလှယ် လွဲစာ
၈။ ယာဉ် ရှေ့ ၊ နောက် ၊ ဝဲ ၊ ယာ ဓာတ်ပုံ
ဘယ်သူကလုပ်ပေးသလဲ
ကျွန်တော်တို့ခရီးစဉ်ကိုတော့ ဘန်ကောက်အခြေစိုက် MAHA TOURTONGTEAW COMPANY က ဆောင်ရွက်ပေးတယ်။ အသံထွက်က မဟာ တိုးထောင့်ထိယို့ လို့ ခေါ်တယ်။ မြန်မာလိုဆို ရင် တော့ “ ခမ်းနားသော အလည်အပတ်ခရီးစဉ်” လို့ ဆိုလိုပါတယ်။ ဆက်သွယ်တဲ့ အီးမေးလ် က kkmg7979@gmail.com ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် မြန်မာနိုင်ငံသားများတည်ထောင်ထား တာဖြစ်တဲ့အတွက်ပြောဆို ဆက်ဆံရတာအဆင်ပြေပါတယ်။
ခရီးစဉ်အတွက် လိုအပ်တဲ့ မော်တော်ယာဉ် နယ်စပ်ဖြတ်ကျော်ခွင့် မြန်မာ- ထိုင်း – လာအို ကို သူတို့ကပဲဆောင်ရွက်ပေးပါတယ်။ နယ်စပ်ဂိတ်တွေမှာ နိုင်ငံကူးလက်မှတ်စစ်ဆေးတာတွေ အတွက် အဆင်ပြေအောင်သူတို့ပဲဆောင်ရွက်ပေးပါတယ်။ မြဝတီရောက်တဲ့အချိန်မှာ သူတို့ ကြိုစောင့်နေပြီး တာဝန်ယူသွားပါတယ်။
ထိုင်းနိုင်ငံအတွက်ဗီဇာလေ ျှာက်တာတော့ ကာယကံရှင်ကပဲဆောင်ရွက်ရပါတယ်။ လာအို ကနေ ပြန်ဝင်ဖို့အတွက် Re-entry Visa ကိုတော့ သူတို့လုပ်ပေးပါတယ်။ ကိုယ်က လိုအပ်တဲ့စာရွက် စာတမ်းတွေပေးဖို့ပဲလိုပါတယ်။
အခုလို ယာဉ်တန်းနဲ့သွားမယ်ဆိုရင်တော့ အနည်းဆုံး ကား ငါးစီး ၊ လူဦးရေ ၁၅ ဦးပါဝင်ဖို့ လိုအပ်ပါတယ်။
ဘယ်လောက်ကုန်သလဲ
ခရီးစဉ် ကုန်ကျစရိတ်ကို ဗီဇာကြေး၊ တည်းခို စားသောက်စရိတ်နဲ့ စက်သုံးဆီဆိုပြီး သုံးပိုင်းခွဲ လို့ရပါတယ်။
ဗီဇာကြေးကတော့ ထိုင်းဗီဇာအတွက်လူတစ်ယောက်ကို ဒေါ်လာ ၄၀ ပေးရပါတယ်။ Re-entry Visa ကတော့ ဘတ်တစ်ထောင်ပါ။
တည်းခို စားသောက် စရိတ်ကတော့ ဘယ်လိုဟိုတယ်မှာတည်းချင်သလဲ၊ ဘယ်လိုစားသောက် ဆိုင်မျိုးမှာ စား ချင်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ တစ်နေရာ မှာ ဒေသခံတွေက ဖိတ်ကြားတဲ့အတွက် ဟိုတယ်အကောင်းမှာ အိမ်ရှင်တွေအစီအစဉ်တွေနဲ့တည်းခို တာကလွဲရင် သာမန် ကြယ်သုံးပွင့်ဟိုတယ်တွေနဲ့ အလယ်အလတ်စားသောက်ဆိုင်တွေ ကိုပဲရွေးပါတယ်။
ကျွန်တော်တို့အဖွဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ခရီးသွားတဲ့အတွက် လူတစ်ဦးကို တည်းခိုခနဲ့ စားစရိတ် ၁၃၇၅ ဒေါ်လာ ကျသင့်ပါတယ်။ အစားအသောက် ကတော့ ခရီးသွားတဲ့နေ့ နေ့လည်စာ နဲ့ ညစာကို သူတို့ကျွေးပါတယ်။ ဘယ်မှမသွားပဲ နားတဲ့နေ့ဆိုရင် တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်စားရပါတယ်။ ကျွန်တော်တို့ ခရီးစဉ်မှာတော့ နားတဲ့ ရက်က သုံးရက်ပဲရှိတဲ့အတွက် ၉ ရက်စာကို သူတို့ကျွေးပါတယ်။ နံနက်စောစာကို တော့ ဟိုတယ်က ကျွေးပါတယ်။ သူတို့ကျွေးတဲ့နေ့လည်စာ၊ ညစာက ဟင်းလေးငါးမျိုးနဲ့ စားလို့အဆင်ပြေပါ တယ်။ စားသောက်ဆိုင်တွေကလည်း အဆင့်ရှိပါတယ်။
ဆီဖိုးကတော့ ကိုယ့်ကားအမျိုးအစားအပေါ်မူတည်ပါတယ်။ ကျွန်တော်တို့ယာဉ်တန်းရဲ့ ဆီစား အနည်းဆုံးကားက ၁၀ ရက် ခရီးမိုင် ကီလို နှစ်ထောင့်သုံးရာကျော်အတွက် ဆီဖိုး ဘတ် ၄၅၀၀ ကုန်ပါတယ်။ ကျန်တဲ့ နှစ်ရက် အတွက် သုံးမှာနဲ့ ဆိုရင် စုစုပေါင်း ဘတ် ၅၀၀၀ ( ဒေါ်လာ ၁၆၀) လောက်ကုန်မယ် လို့ ခန့်မှန်းထား ပါတယ်။
ကျွန်တော်တို့က ကိုယ့်ကားကိုယ်မောင်းသွားတဲ့အတွက် ဆီဖိုးကပိုကုန်တယ်။ တကယ်လို့ အံစာ တုံးကား ငါးစီးနဲ့ လူ ၂၅ ယောက် လောက်သွားရင် လူတစ်ဦးချင်းအတွက် ဆီဖိုးကုန်ကျစရိတ်က အများကြီး လျော့သွားမှာဖြစ်ပါတယ်။
သုံးသပ်ချက်
ကျွန်တော်တွက်ပြထားတဲ့ကုန်ကျစရိတ်ကို များတယ်၊ လက်လှမ်းမမီဘူးလို့ပြောသူလည်းရှိနိုင်ပါ တယ်။ ဒါပေမယ့် သင်္ကြန်၊ သီတင်းကျွတ်၊ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ မြန်မာနိုင်ငံအတွင်း မှာ၊ ဘန်ကောက်၊ စင်္ကာပူမှာ ရက်ရှည်သွားရောက်လည်ပတ်နေသူတွေအများကြီးရှိပါတယ်။
အဲဒီသူတွေအနေနဲ့ အထက်ပါခရီးစဉ်တွေမှာ လူတစ်ယောက်ချင်းအတွက် ကုန်ကျခဲ့တဲ့ လေယာဉ်ခ၊ ဟိုတယ်ခတွေနဲ့ တွက် လိုက်ရင် ၁၂ ရက်၊ ကီလိုမီတာ နှစ်ထောင် ကျော်ခရီးအတွက်ကုန်ကျတဲ့ ကုန်ကျစရိတ်က အများ ကြီးသက်သာနေတာကိုတွေ့နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကားနဲ့ ကိုယ်ခရီးသွားတဲ့အတွက် ကိုယ်စိတ်ကြိုက်အချိန်ဇယားဆွဲပြီး လည်ပတ်နိုင် တယ်။ လမ်းမှာ လိုအပ်သလို နားလို့၊ လေ့လာလို့ရပါတယ်။
ဒါ့အပြင် နိုင်ငံခြားမှာ ကိုယ့်ကားကိုယ်မောင်း ပြီးသွားရတဲ့အရသာကလည်း အင်မတန်ကောင်းပါတယ်။ ကားမောင်းဝါသနာပါတဲ့၊ ကားကို အလှဆင်ထားတဲ့ လူငယ်တွေအတွက်ဆိုရင်တော့ ဒီလိုခရီးစဉ်မျိုးဟာ အလွန်ကောင်းတဲ့ ခရီး ပေါ့။
ကျွန်တော်တို့ ယာဉ်တန်း လာအိုကနေ ထိုင်းနိုင်ငံထဲ ပြန်ဝင်တော့ ထိုင်းနိုင်ငံကို ဖြတ်မောင်းတဲ့ ပထမဆုံး မြန်မာယာဉ်တန်းဖြစ်တဲ့အတွက် ထိုင်းနိုင်ငံက ပြိုင်ကားမောင်းတဲ့အဖွဲ့က သူတို့ ပြိုင် ကားတွေနဲ့အတူလာတွေ့ပြီး ညစာနဲ့ ဧည့်ခံပါတယ်။ မြန်မာနိုင်ငံက ကားဝါသနာရှင်လူငယ်တွေ နဲ့ ဆို ဘာပြောကောင်းမလဲ။ ကျွန်တော်တို့ကတော့ သူတို့ပြိုင်ကားတွေနဲ့ တွဲပြီး ဓာတ်ပုံရိုက် တာကလွဲရင် ဘာမှမလုပ်နိုင်ခဲ့ဘူး။
ဒ့ါကြောင့် ကျွန်တော်ကတော့ မြန်မာတွေအနေနဲ့ ဘန်ကောက်၊ စင်္ကာပူ မှာပဲ လည်ပတ်နေမယ့် အစား အခုလို ကားနဲ့ ဒေသန္တရဗဟုသုတရှာဖွေဖို့တိုက်တွန်းချင်ပါတယ်။
သွားပါများခရီးရောက်၊ မေးပါများစကားရပေါ့လေ။

One thought on “မဲခေါင်ခရီးသည် (၇)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: