၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ
မြန်မာ – ထိုင်း – လာအို သုံးနိုင်ငံ ကို မိတ်ဆွေတစ်စု ကားခုနှစ်စီးနဲ့ ကိုယ့်ကားကိုယ်မောင်းရင်း ခရီးနှင်ခဲ့တယ်။
မြန်မာ နိုင်ငံက မြို့ နှစ်မြို့၊ ထိုင်းနိုင်ငံက မြို့ငါးမြို့၊ လာအိုနိုင်ငံက မြို့ သုံးမြို့မှာ ညအိပ်ရပ်နား ခဲ့ပြီးရန်ကုန် – နေပြည်တော် အမြန်လမ်း ၃၉ မိုင်ကနေ ခရီးစလို့ ၃၉ မိုင်ကို ပြန်ရောက်တဲ့အထိ လမ်းပေါ်မှာခရီးနှင်ချိန် ၇၄ နာရီ ခရီးမိုင်ပေါင်း ၁၉ ၇၇ မိုင် အောင်အောင်မြင်မြင်ခရီးနှင်နိုင်ခဲ့တယ်။
ဒေသန္တရ ဗဟုသုတတွေ ရခဲ့သလို ခရီးရှည်ကားမောင်တဲ့အချိန်မှာ ကိုယ့်ခံနိုင်ရည်နဲ့ စွမ်းဆောင်နိုင်မှုကိုလည်း စမ်းသပ်နိုင်ခဲ့တယ်။ ခရီးစဉ် အစ၊ အဆုံး ကူညီစောင့်ရှောက်ခဲ့သူ အားလုံး၊ အချင်းချင်း ရိုင်းပင်းကူညီရင်း ခရီးဆက်ခဲ့သော ခရီးသွားဖော်အားလုံးကို ကျေးဇူး တင် ပါတယ်။
မဲခေါင်ခရီးသည်ရဲ့ အတွေ့အကြုံတွေကို ဆက်ရေးပါဦးမယ်။

လေးစားလျက်ပါ…ခင်ဗျာ
LikeLike
We r waiting sir. Please do sir.
LikeLike