မဲခေါင် ခရီးသည် (၁၁)

လွန်ပရာဘန် ည ရဲ့ ဆွဲဆောင်မှုတစ်ခုကတော့ ညဈေးတန်းပါပဲ။ ဒီညဈေးတန်းက မြို့ရဲ့ အဓိက လမ်းမကြိးတစ်ခုဖြစ်တဲ့ Sisavangvong လမ်းမှာ ခင်းကျင်းရောင်းချတာဖြစ်ပြီး ညနေ ငါးနာရီက နေ ည ဆယ်တစ်နာရီအထိ ဖွင့်ပါတယ်။

ဈေးတန်းအရှည်က တစ်ကီလိုမီတာနီးပါးရှိတယ်။ ဆိုင်တန်း လေးတန်းရှိတယ်။ ရိုးရာလက်မှု ပစ္စည်းတွေရောင်းတာများတယ်။ အစားအသောက်တွေက မူလ ရှိပြီးဆိုင်ခန်းတွေနဲ့လမ်း ကြား လေးတစ်ခုထဲမှာပဲရောင်းတယ်။ လမ်းဘေးက ရင်ပြင်တစ်ခုမှာလည်း စားသောက်ဆိုင် တန်းတစ်ခုရှိတယ်။ ဈေးတန်းတစ်လေ ျှာက်မှာ နိုင်ငံခြားငွေလဲလှယ်တဲ့ဆိုင်လေးတွေ အများ ကြီးပဲ ။ ကွမ်းယာဆိုင်အရွယ်လေးတွေ ၊ ငွေဈေးကလည်း ကျောက်သင်ပုန်းမှာ၊ ဝှိုက်ဘုတ်ပေါ် မှာ ရေးထားတယ်။ လွယ်ချက်ကတော့ပြောမနေနဲ့။

လက်မှုပစ္စည်းတွေက ဈေးအမျိုးမျိုးပဲ။ တစ်ချို့ အထည်စတွေက ပုံပြီးရောင်းနေပေမယ့် မေးလိုက် တဲ့အခါ မြန်မာငွေ တစ်သိန်းကျော်၊ နှစ်သိန်းလောက်တန်ဖိုးရှိတာတွေလည်းတွေ့တယ်။ တစ်နေ ရာမှာတော့ ဗီယက်နမ်စစ်ပွဲအတွင်းက လာအိုနိုင်ငံပေါ်မှာ ကြဲချခဲ့တဲ့ ဗုံးသီးတွေကနေ ပြုလုပ်ထား တယ်ဆိုတဲ့ သတ္တုထည်ပစ္စည်းတွေလည်းတွေ့ရတယ်။

အဲဒီဆိုင်တွေမှာ ဒီပစ္စည်းတွေဟာ ဗီယက် နမ်စစ်ပွဲအတွင်းက ကြဲချခဲ့တဲ့ ဗုံးတွေက ပြုလုပ်ထားတာပါ၊ ဗုံးတွေကြောင့် ဘဝတွေပျက်ခဲ့ရ တယ်။ အခုတော့ ဒီဗုံးတွေကနေ ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့၊ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ လက်မှုပစ္စည်းလေးတွေလုပ်ပြီးရောင်းချနေတယ်။ “ ဗုံးတွေကို ပြန်ဝယ်သွား ကြပါ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေထောင်ထားတယ်။

လာအိုနိုင်ငံက ဗီယက်နမ်စစ်ပွဲမှာ ကြားကခံရတဲ့နိုင်ငံ။ မြောက်ဗီယက်နမ်တပ်ဖွဲ့တွေက တောင်ဗီ ယက်နမ်နိုင်ငံထဲမှာ တိုက်ပွဲဝင်နိုင်ဖို့အတွက် လူ၊ လက်နက်ခဲယမ်းတွေကို ပို့နိုင်ဖို့ လာအို နိုင်ငံနယ်မြေကို သုံးခဲ့တယ်။ လာအိုကွန်မြူနစ် ပသက်လောတပ်ဖွဲ့တွေကို အကူအညီပေးခဲ့တယ်။

အမေရိကန်ဘက်ကလည်း ကွန်မြူနစ်တွေကိုတိုက်ဖို့အတွက် လာအိုအစိုးရကို စစ်ရေးအကူအညီ ပေးတယ်။ စီအိုင်အေက မုန်းလူမျိုးတွေကို ပြောက်ကျားတပ်ဖွဲ့ဖွဲ့ပေးပြိး ပသက်လောတွေကို တိုက်ခိုင်းတယ်။ အမေရိကန်လေတပ်က မြောက်ဗီယက်နမ်တပ်ဖွဲ့တွေရဲ့ ထောက်ပံ့ရေးလမ်း ကြောင်း ( ဟိုချီမင်းလမ်း) ကို ဗုံးကြဲခဲ့တယ်။

၁၉ ၆၄ ခုနှစ်ကနေ ၁၉ ၇၃ ခုနှစ်အတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေက လာအိုနိုင်ငံပေါ်ကို ဗုံး တန်ချိန် နှစ်သန်းနီးပါး ကြဲချခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေတပ်က ဥရော ပ နဲ့အာရှမှာ ကြဲချခဲ့တဲ့ဗုံးတန်ချိန်က ၂.၁ သန်းပဲရှိတာဆိုတော့ လာအိုနိုင်ငံအရွယ်အစား ၊ ၁၉ ၇၀ ပြည့်နှစ် လူဦးရေ နှစ်သန်းနဲ့တွက်ရင် လာအိုနိုင်ငံဟာ စစ်ဒဏ်ကိုဘယ်လောက်ခံရသလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာကတော့ လာအိုပြည်သူတစ်ယောက် အတွက် ဗုံးတစ်တန်နှုန်းကြဲခဲ့တဲ့အတွက် ကမ္ဘာ့သမိုင်းမှာ လူဦးရေအချိုးအစားနဲ့တွက်ရင် ဗုံးဒဏ် အများဆုံးခံရတဲ့နိုင်ငံပဲလို့ ရေးခဲ့ဖူးတယ်။

အခုအချိန်မှာတော့ လာအိုနိုင်ငံကို လေယာဉ်နဲ့ ဗုံးမကြဲတော့ဘူး။ လေယာဉ်နဲ့ ကမ္ဘာလှည့်ခရီး သည်တွေ အလုံးအရင်းနဲ့ ရောက်လာနေပြီ။ လာအိုနိုင်ငံကို တံခါးဖွင့်လိုက်တဲ့ ၁၉ ၉ ၁ ခုနှစ်မှာ ခရီးသွား ငါးထောင် ပဲ လာရောက်လည်ပတ်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ၁. ၂ သန်း၊ ၂၀၁၂ ခုနှစ် မှာ ၃.၃ သန်းနဲ့ ၂၀၁၉ ခုနှစ်မှာ ၄.၅၈ သန်း လာရောက်ခဲ့တယ်။ ၂၀၂၀ မှာ ၄.၉ သန်းလာမယ် လို့ ခန့်မှန်းထားတယ်။

ဆင်ဝှာသတင်းအရတော့၂၀၁၉ ခုနှစ်လာရောက်တဲ့ဧည့်သည်တွေထဲမှာ ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ် လိုက်ရင် အာရှဒေသက တရုတ်ခရီးသွားက ၂၇% တိုးလာပြီး ၁.၀၂ သန်းရှိတယ်၊ ထိုင်းဧည့်သည် ၆% တိုးပြီး ဗီယက်နမ်က ၁၁% တိုးတယ်။ ဥရောပဘက်ကဆိုရင် အမေရိကန် နဲ့ဗြိတိန်က ၂၂ % တိုးပြီး ပြင်သစ် ၁၁% နဲ့ ဂျာမန် ၁၃% တိုးတယ် လို့ သိရတယ်။ ကျွန်တော်တို့ ရောက်နေတဲ့ လွန်ပရာဘန်မြို့က Architectural Digest ရဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း လည်ပတ်ဖို့အကောင်းဆုံး ပိသုကာလက်ရာကောင်းနေရာ နှစ်ဆယ်မှာ နံပါတ် ၁၁ သတ်မှတ်ခံရတယ်။

လာအို နိုင်ငံ အရွယ်အစား၊ လူဦးရေ နဲ့ မြန်မာနိုင်ငံ အရွယ်အစား လူဦးရေ ကို နှိုင်းယှဉ်လိုက်ရင် ခရီးသွားလုပ်ငန်းတိုးတက်မှုမှာ ဘယ်သူက ရှေ့ရောက်နေတယ်ဆိုတယ်ဆိုတာ မြင်နိုင်ပါတယ်။ လာအိုနိုင်ငံထဲမှာ တစ်ရက်ခရီးသွားပြီးတဲ့နောက် လွန်ပရဘန် ညဈေးကို ရောက်သွားတော့ ဘာ့ကြောင့်ရှေ့ရောက်နေသလဲဆိုတာ နားလည် လာမိတယ်။

2 thoughts on “မဲခေါင် ခရီးသည် (၁၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: