ကျွန်တော်တို့တစ်တွေ မုန့်ဟင်းခါး ကြိုက်သလိုပဲ လာအိုနိုင်ငံသားတွေကလည်း Pho လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပြုတ်ကို ကြိုက်ကြတယ်။ Pho က ဗီယက်နမ်အစားအစာလို့ဆိုတယ်။ လာအိုမှာတော့ Pho ကိုစားတာက ဗီယက်နမ်စားသောက်ဆိုင်တွေမှာ တွေ့ဖူးတာနဲ့မတူဘူး။ Pho စားသောက် ဆိုင်စားပွဲမှာ ငံပြာရည်မျိုးစုံ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ ငရုတ်သီးစိမ်းတွေ အပြင် ငါးပိထောင်း လည်းချပေးထားတယ်။ ပဲသီး၊ ဂေါ်ဖီ၊ ပူစီနံ နဲ့အမျိုးအစားမသိတဲ့ အရွက်တွေလည်းချပေးတယ်။ အရည် နဲ့စားသလို အသုပ်လည်း စားလို့ရတယ်။ ဆန်ခေါက်ဆွဲ ဖတ်လိုမျိုးနဲ့ စားသလို ခေါက်ဆွဲလုံးဆိုတာနဲ့လည်း စားတယ်။ ခေါက်ဆွဲလုံးဆိုတာက ဆန်ခေါက် ဆွဲဖတ်ကို မုန့်လုပ်ဆောင်းအဖတ်လို လုပ်ထားတာ။ နည်းနည်းတော့ ပိုကြီးတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ လွန်ပရာဘန်မှာနေ့လည်စာစားတော့ ကျွန်တော်တို့က ယိုးဒယားစာ တွေပဲ စားရတာ ငြီးငွေ့နေပြီ။ ပေါ့ပေါ့ပါးပါး ခေါက်ဆွဲပဲစားချင်တယ်ဆိုလို့ ခရီးသွား အေဂျင်စီက ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ ဆိုင်က သန့်ရှင်း သပ်ရပ်တယ်။ အပေါ်ထပ်တက်တဲ့လှေကားလည်း တွေ့တော့ အပေါ်ထပ်မှာလည်းနေရာရှိပုံရတယ်။
ခေါက်ဆွဲပြုတ်ကတော့ ထူးထူးခြားခြား ကောင်းတယ်လို့ မခံစားရပါဘူး။ ဒါပေမယ့် ဆိုင်နံရံတွေမှာ ၂၀၁၉ နဲ့ ၂၀၂၀ လာအိုမယ်တွေရဲ့ ဓာတ်ပုံတွေချိတ်ထားတာပဲ သတိထားမိတယ်။ သူတို့ ချိတ် ထားတာက စားသောက်ဆိုင်ဖြစ်လို့ ပိုစတာဝယ်ပြီး အလှဆင်ထားတာမျိုးမဟုတ်ဘူး။ မှန် ဘောင် နဲ့ အသေအချာချိတ်ထားတာ။
ဒါနဲ့ မေးကြည့်တော့ ဒီဆိုင်ပိုင်ရှင်ရဲ့ သမီးတွေဖြစ်ပြီး နှစ်နှစ်ဆက်တိုက် မယ်ဘွဲ့ရထားတာလို့ ဆိုတယ်။ သူတို့မှာ သမီးသုံးယောက်ရှိပြီး အကြီးနှစ်ယောက်က မယ်ဘွဲ့ရ ထား တာလို့ ပြောတယ်။ သူတို့မိသားစုပုံကိုလည်းပြတယ်။ အဖေရော၊ အမေရော ချောတာကိုး။ သမီးတွေ ချောတာမဆန်းဘူး။ သမီးအငယ်ဆုံးလေးလည်း အရွယ်ရောက်လာရင် ဆုရဦးမယ့် ပုံရှိ တယ်။
ဆိုင်မှာ အမေ နဲ့ အဖွားက ကိုယ်တိုင်ခေါက်ဆွဲပြင်တယ်။ အဖေကတော့ အလုပ်သွားတယ်တဲ့။ အမေနဲ့ အဖွားကလည်း ငယ်ငယ်က အတော်ချောမယ့်ပုံပဲ။ သမီးတွေတော့ မတွေ့ခဲ့ရဘူး။ ဆု ရတဲ့ အတွက် သူတို့လုပ်ပေးရတဲ့ လူမှုဝန်ထမ်းလုပ်ငန်းတွေ သွားလုပ်နေတယ်၊ အဲဒီလို မသွားရ ရင်တော့ ဆိုင်မှာ ရှိပါတယ်တဲ့။ သူတို့ရှိရင်တော့ ခေါက်ဆွဲက ပိုပြည့်စုံမယ်ထင်တယ်။
လွန်ပရာဘန်ကိုရောက်လို့ အလှတွေစုနေတဲ့ ချောစုခေါက်ဆွဲဆိုင်ကို သွားချင်ရင်တော့ Phu Vao လမ်းပေါ်မှာရှိတယ်။ ဆိုင်နာမည်က Pho Jan Tanom တဲ့။