ခရီးသွားတဲ့အခါ ဟိုတယ်က ကျွေးတဲ့ နံနက်စာ ကို စားမယ့်အစား ဒေသအစားအစာကို ရှာစားရ တာ၊ မနက်ခင်းဈေးတွေကို ကြည့်ရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အခု ခရီးစဉ်မှာတော့ မနက် ၈ နာရီဆို ယာဉ်တန်းစထွက်တဲ့အတွက် အဲဒီလို စားဖို့အတော်ခက်တယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ ၉ နာရီမှ ယာဉ်တန်းထွက်မယ်ဆိုတဲ့အတွက် အနားမှာရှိတဲ့ ရပ်ကွက်ထဲမှာ လမ်း လေ ျှာက်ရင်း ဆန်ခေါက်ဆွဲဆိုင်တစ်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လို့ ဝင်စားခဲ့တယ်။
ခေါက်ဆွဲဆိုင်ကတော့ Pho ခေါက်ဆွဲဆိုင်ပါပဲ။ မနေ့က စားခဲ့တဲ့ ချောစုခေါက်ဆွဲဆိုင်လို ခမ်း ခမ်း နားနားမဟုတ်ဘူး။ အိမ်ဆိုင်လေးပဲ။ ကျွန်တော်တို့ဆီက လမ်းလေး မုန့်ဟင်းခါးဆိုင်လိုပါပဲ။ လူရွယ်တစ်ယောက် ၊ အဒေါ်ကြီးတစ် ယောက်ရှိတယ်။ အဒေါ်ကြီးက မုန့်ပြင်တဲ့သူ၊ လူရွယ်ကတော့ အကူပေါ့။ ကျွန်တော်ရောက်သွားတော့ ဆိုင်ဖွင့်စပဲရှိသေးတယ်။ ဟင်းရည်တွေတည်တုန်း၊ ခုံခင်းတုန်း။ ဆိုင်မှာက ဝက်သားတစ်မျိုးပဲရတယ်။ ဒါပေမယ့် ဝက်သားတွေကို ဝက်သား တုတ်ထိုးလို ပြုတ်ထားပြီး ဇလုံကြီးနဲ့ထည့်ထားတယ်။ ကိုယ်စားချင်တဲ့ အပိုင်းကို လက်ညှိုးထိုးပြရင် လှီးပြီးထည့်ပေးတယ်။
ပွဲပြင်ပြီးတဲ့အခါ ရှေ့မှာချပေးထားတဲ့ စုံနာဖာစီ ပစ္စည်းတွေကို လက်ညှိုးထိုးပြပြီး ဘယ်လို စားရမလဲ လို့ နိုင်ငံတကာဘာသာစကားနဲ့မေးတဲ့အခါ အဒေါ်ကြီးက နည်းနည်းစီထည့် ပေး တယ်။ မထည့်ခင် ကိုင်ပြပြီး ထည့်မထည့် မေးတယ်။ ကျွန်တော်ကတော့ အကုန်ခေါင်းငြိမ့်ပြ လိုက်တယ်။ ငါးပိထောင်းထည့်သလို သံပုရာသီးလည်းညှစ်တယ်။ ငရုတ်သီးအနှစ်နဲ့ ငရုတ် သီး စိမ်းထည့်တယ်။ ငံပြာရည်နည်းနည်းထည့်တယ်။ အရွက်စုံထည့်တယ်။
အားလုံးပြီးလို့ စားကြည့်တော့ အတော်အစပ်အဟပ်တည့်တာပဲ။ မနေ့ကတော့ ဘာထည့်လို့ ထည့်ရမှန်းမသိလို့ ငရုတ်သီးမှုန့်လောက်နဲ့ ပြီးခဲ့တာ။ အခုတော့ သူထည့်ပေးတဲ့အတိုင်း စား တဲ့ အပြင် အရွက်တွေကိုလည်း ငါးပိထောင်းလေးနဲ့ တို့ပြီး ထပ်စားခိုင်းတယ်။
ခေါက်ဆွဲပူပူကို စားလိုက်၊ ငါးပိထောင်းကို အရွက်ပေါ်တင်ပြီး စားလိုက် နဲ့ တကယ့် Pho အရသာ ကို ခံစားခဲ့ရတယ်။