လွန်ခဲ့တဲ့ နှစ်နှစ် ၂၇ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်မှာ ရေးခဲ့တဲ့ သူ့အကြောင်း
သူ့ သမိုင်း၊ သူ့ပုံပြင်
သူအာဏာရလာတော့
အရင်အစိုးရလက်ထက်က ကသောင်းကနင်းအခြေအနေအနေကို
စိတ်ပျက်နေတဲ့
ပြည်သူတွေက ကြိုဆိုကြတယ်။
အနောက်နိုင်ငံတွေကလည်း ကြိုဆိုတာပဲ။
အရင်အစိုးရက အနောက်နိုင်ငံတွေဘက်ကို ယိမ်းလွန်းတယ် ဆိုပြီး
စိတ်ပူနေတဲ့တရုတ်ကလည်း ကြိုဆိုတယ်။
မြေပေါ်က လက်ဝဲ၊ လက်ယာနိုင်ငံရေးသမားအတော်များများကလည်း
ထောက်ခံတယ်။ အပြောင်းအလဲကို ကြိုဆိုတယ်။
ပြည်တွင်း၊ ပြည်ပ သတင်းစာတွေကလည်း အကောင်းမြင်ကြတယ်။
ဗကသ ကျောင်းသားတွေကပဲ
သူတို့ ဘဝင်မကျတာကို ထုတ်ပြောတယ်။
ဒါပေမယ့် အဲဒီ ကျောင်းသားတွေပဲ အရင်ဆုံး နှိပ်ကွပ်ခံခဲ့ရတယ်။
သူကလည်း
အာဏာရပြီဆိုတာနဲ့
ငြိမ်းချမ်းရေးရဖို့ အရင်အစိုးရနဲ့မတူတဲ့ နည်းလမ်းတွေကို သုံးတယ်။
စီးပွားရေးစနစ်ကိုလည်းပြောင်းတယ်။ ပြောင်းတာမှ အရင်အစိုးရလုပ်ခဲ့တာတွေကို
ပြောင်းပြန်ဖြစ်အောင်ကို ပြောင်းတာပဲ။
ဒါပေမယ့်
နှစ်နှစ် ၊ သုံးနှစ်လောက်ကြာတော့
ငြိမ်းချမ်းရေးလုပ်တာလည်းမအောင်မြင်
စီးပွားရေးကလည်း ကျဆင်းလာတယ်။
အဲဒီအချိန်မှာ သူ့အနားက
တော်လှန်ရေးတုန်းက လုပ်ဖော်ကိုင်ဘက်တွေလည်း
အကြောင်းအမျိုးမျိုးနဲ့ လွင့်ပါးသွားကြပြီ။
သတင်းစာတွေလည်းအသံတိတ်ကုန်ပြီ။
သူ့ပါတီကလွဲရင် ကျန်တဲ့နိုင်ငံရေးပါတီတွေလည်း
ချောင်ထိုးခံရပြီ။
အနားမှာကျန်နေတာက သူနဲ့ ဝါ၊ သဘာ အများကြီးကွာတဲ့
သူ့နောက်လိုက်တွေနဲ့
တစ်ခြားပါတီတွေကနေ ခြံခုန်လာတဲ့သူတွေ။
သူ့နောက်လိုက်တွေက
သူ့ကို ရိုသေလေးစားလွန်းတော့
သူ့ရှေ့ရောက်ရင် ကျောင်းအုပ်ဆရာကြီးရှေ့ရောက်တဲ့
သူငယ်တန်းကလေးတွေလိုဖြစ်ကုန်ပြီး
သူပြောသမ ျှ ခေါင်းငြိမ့်တော့တာပဲ။
တစ်ခြားပါတီတွေကနေ ခြံခုန်လာတဲ့သူတွေကလည်း
ရာထူး၊အာဏာမေ ျှာ်လင့်ချက်တွေ ကိုယ်စီနဲ့
အခွင့်အရေးတစ်ခုအတွက် ခွေးကတက်က နေရ နေရ ဆိုတဲ့သူတွေ။
ဒီတော့ သူကြားချင်တာပဲပြောတယ်။
တစ်သက်လုံးလက်တွဲလာခဲ့တဲ့သူတွေထက်တောင်
သူ့ကို ပိုချစ်ပြ၊ ရိုသေပြနေသေးတယ်။
ဒီလိုနဲ့
သူဟာ အခြေအနေမှန်တွေနဲ့ ကင်းကွာလာတယ်။
လူထုရဲ့ ခံစားချက်တွေကို မသိတော့ဘူး။
လူထုနဲ့လည်း မတွေ့တော့ဘူး။
သူ့လူတွေကြားမှာပဲပျော်နေတော့တယ်။
လူထုကတော့
ဒီအခြေအနေတွေကို
ပါတီအနေနဲ့
ပြုပြင်ဖို့ကြိုးစားမလားလို့
မေ ျှာ်လင့်တယ်။
ဒါပေမယ့် ခက်တာက
ပါတီကြောင့် သူဖြစ်လာတာမဟုတ်ဘူး၊
သူ့ကြောင့်ပါတီဖြစ်လာတာဆိုတော့
သူ့ပါးစပ်က ထွက်တာဟာ ပါတီမူဝါဒဖြစ်နေတယ်။
ဗဟိုကော်မတီတို့၊ဗဟိုအလုပ်အမှုဆောင်တို့ဆိုတာလည်း
သူကြိုက်လို့ ဒီနေရာကို ရလာတဲ့သူတွေဆိုတော့
သူ့ကို မော်တောင်ကြည့်ရဲတဲ့သူတွေမဟုတ်ဘူး။
တစ်ချို့ကတော့
အခြေအနေတွေကို သူမသိလို့ပါ။
သူသာသိရင် ဒီလိုမနေဘူးလို့တွေးတယ်။
သူ့ကိုပြောပြဖို့ ကြိုးစားကြတယ်။
နောက်ဆုံးတော့
သူမသိတာမဟုတ်ဘူး။
မသိချင်ယောင်ဆောင်နေတာ
မကြားချင်ယောင်ဆောင်နေတယ်
ဆိုတာကို နားလည်သွားကြတယ်။
ဒီလိုနဲ့ပဲ
xxxxxxxxx
xxxxxxxxx
xxxxxxxxx
ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အတက်နဲ့အကျ ( ၁၉ ၆၂- ၁၉ ၈၈) ရဲ့
အကျဉ်းချုပ်ကို ဒီလိုပဲ မြင်မိတယ်။
သမိုင်းဆိုတာ တစ်ပတ်လည်တတ်တယ်ဆိုတဲ့ သဘောကို လက်ခံရင်
ဒီအဖြစ်အပျက်တွေကနေ
သင်ခန်းစာတွေအများကြီးဖော်ထုတ်လို့ရပါတယ်။