မဲခေါင် ခရီးသည် (၁၇)


ဗန်ဗီးယင်း မြို့ကို မီးပုံပျံပေါ်က ကြည့်တဲ့အခါ မြို့ အနားကဖြတ်ပြီးတောင်-မြောက် သွယ်တန်း နေတဲ့ အမြန်ရထားလမ်း စီမံကိန်းကို တွေ့ခဲ့ရတယ်။ ဗန်ဗီယင်းကနေ ဗီယန်ကျန်း မြို့တော်ကို သွားတဲ့အခါမှာလည်း အဲဒီစီမံကိန်းရထားလမ်းက တစ်ခါတစ်လေမှာ ကားလမ်းနဲ့ ပြိုင်လို့၊ တစ်ခါ တစ်လေမှာ ကားလမ်းကို ဖြတ်လို့ တွေ့ခဲ့ရတယ်။ မျက်မြင်အခြေအနေအရတော့ မြေသားလုပ် ငန်းတွေအတော်ပြီးနေပြီ။
ဒီရထားလမ်းက နန်နင်း – စင်္ကာပူ စီးပွားရေးစင်္ကြန် ၊ ဒါမှမဟုတ် တရုတ်- အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေးစင်္ကြန် China-Indochina Peninsula Economic Corridor (CICPEC) ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီစင်္ကြန်က တရုတ်နိုင်ငံကဆောင်ရွက်နေတဲ့ စီးပွားရေးစင်္ကြန် ခြောက်ခုထဲက တစ်ခု ဖြစ်ပါတယ်။ ပုံ ၁
နန်နင်း- စင်္ကာပူစီးပွားရေးစင်္ကြန်ဆိုတာက တရုတ် – အာဆီယံ လွတ်လပ်သော ကုန် သွယ်မှုနယ်မြေ ASEAN–China Free Trade Area (ACFTA) အပြည့်အ၀ အသက်ဝင်ခဲ့တဲ့ ၂၀၁၀ နောက်ပိုင်းမှာ တရုတ်နိုင်ငံအနောက်ဘက် ယူနန်၊ ကွမ်ရှီးပြည်နယ်တွေနဲ့ အာဆီယံ နိုင်ငံ တွေအကြား ရထားလမ်း၊ ကားလမ်းဆက်သွယ်မှုတိုးချဲ့ဖို့ ၊ အကောက်ခွန်နဲ့ အခြားကုန်သွယ်မှု ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို ဖြေေ လ ျှာ့ဖို့ ရည်ရွယ်ဆောင်ရွက်နေတဲ့ စီမံကိန်းအရပေါ် ပေါက်လာတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်း (BRI) အောက်မှာ ပါဝင်ပါတယ်။
တရုတ် နဲ့ အာဆီယံနိုင်ငံတွေကြားဆက်သွယ်မယ့် ရထားလမ်းကွန်ယက်မှာ အစိတ်အပိုင်း သုံးခု ပါတယ်။အရှေ့ဘက်လမ်းကြောင်းကတရုတ်-ဗီယက်နမ်-ကမ္ဘောဒီးယား-ထိုင်း။အလယ်လမ်း ကြောင်း က တရုတ်-လာအို-ထိုင်း-မလေးရှား- စင်္ကာပူ။ အနောက်ဘက်လမ်းကြောင်းက တရုတ် – မြန်မာ – ထိုင်း ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းသုံးခု အနက် အလယ်လမ်းကြောင်းက တိုးတက်မှု အမြန်ဆုံး ဖြစ်ပါတယ်။ ဒီရထားလမ်းကွန်ယက်မှာ အဓိက ဆုံချက်က ကူမင်း နဲ့ ဘန်ကောက် ဖြစ် ပါတယ်။ လမ်းကြောင်းသုံးခုလုံးက ကူမင်းမှာ အစပြုပြီး ဘန်ကောက်မှာလာဆုံတဲ့အတွက် အကျိုး အရှိဆုံးက ထိုင်းနိုင်ငံဖြစ်နေပါတယ်။ ပုံ ၂
ကျွန်တော်တို့မြင်ခဲ့တဲ့လမ်းကြောင်းက တရုတ် – လာအို နယ်စပ် ဘိုတင် ( Boten ) ကနေ ဗီယန် ကျန်းအထိဖောက်လုပ်နေတာဖြစ်ပါတယ်။ ဗီယန်ကျန်းကနေ ထိုင်းနယ်စပ်အထိ အပိုင်းကိုတော့ ထိုင်း-လာအို – တရုတ် သုံးနိုင်ငံ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။ ထိုင်းနိုင်ငံက သူ့နိုင်ငံထဲက ဖြတ် သွားမယ့် အပိုင်းကို တရုတ်ချေးငွေမယူဘဲ ထိုင်းအစီအစဉ်နဲ့ဖောက်လုပ်မှာဖြစ်တဲ့အတွက် လာ အို နိုင်ငံထဲက အပိုင်းကို ထိုင်းက တာဝန်ယူမှာလား၊ တရုတ်က တာဝန်ယူမှာလားဆိုတာ ညှိနေတယ် လို့ ဆိုပါတယ်။
အခုရထားလမ်းစတင်ဖောက်လုပ်မှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ခဲ့တယ်။ ဒီရထားလမ်း စီမံ ခန့်ခွဲမှုကို တရုတ်က ၇၀% ၊ လာအိုက ၃၀% ပိုင်ဆိုင်တဲ့ Laos-China Railway ကုမ္ဗဏီက တာဝန် ခံဆောင်ရွက်မှာဖြစ်ပါတယ်။ တရုတ်နည်းပညာနဲ့ စက်ပစ္စည်းတွေကို သုံး ပါ့မယ်။ ဒီရထားလမ်း စီမံ ကိန်းအတွက် ကုန်ကျစရိတ်က ဒေါ်လာ ၅.၉ ၅ ဘီလျံ ဖြစ်ပြီး လက်ရှိ အချိန်ထိ တရုတ်ဘက်က ၁.၆၇ ဘီလျံ နဲ့ လာအိုဘက်က ၇၁၅ သန်း သုံးထားပြီးပါပြီ။ နောက်ထပ် တရုတ်ဘက်က ၂.၄၆ ဘီလျံနဲ့ လာအိုဘက်က ၁.၁ ဘီလျံ ထပ်သုံးဖို့ရှိတယ်။ လာအိုက အခုထိ သုံးထားတဲ့ ၇၁၅ သန်း မှာ သူပိုင်ငွေ သန်း ၂၅၀ နဲ့ တရုတ်ချေးငွေ ၄၆၅ သန်း ပါတယ်။ တရုတ်ချေးငွေက ဆိုင်းငံ့ကာလ ငါးနှစ် ၊ ပြန်ဆပ်ရမယ့်ကာလ ၃၅ နှစ်နဲ့ အတိုးက ၂.၃% ဖြစ် ပါတယ်။
ဒီရထားလမ်းက ကူမင်းကနေ ဗီယင်ကျန်းအထိ ဆိုရင် ၆၃၅ မိုင်ရှည်တယ်။ တရုတ်နိုင်ငံထဲက အပိုင်းတွေက ပြီးနေပါပြီ။ အမြန်ရထားက တရုတ်နိုင်ငံထဲမှာ တစ်နာရီ ၁၂၄ မိုင်အထိ မောင်းနိုင် မှာ ဖြစ်ပြီး လာအိုနိုင်ငံထဲမှာ ၉ ၉ မိုင်အထိ မောင်းနှင်နိုင်ပါ့မယ်။ ကူမင်း ကနေ ဗီယင်ကျန်း ရောက်ဖို့ ၁၀ နာရီပဲ ကြာမယ်။ လက်ရှိ အခြေအနေမှာ ကူမင်းကနေ ဗီယန်ကျန်း အထိ ကားတစ် တန်၊ ရထားတစ်လှည့်နဲ့ သွားရမှာဖြစ်ပြီး သုံးရက်ကြာပါတယ်။ လာအိုနိုင်ငံဘက် အပိုင်းရဲ့ ၆၀% က တောတောင်ထူထပ်တဲ့အတွက်အခက်အခဲဆုံးအပိုင်းဖြစ်ပြီး တံတား ၁၆၂ စင်း၊ လှိုဏ်ခေါင်း ၇၂ ခု ဖောက်ရမယ် ။ အရှည် ၁၂၂၀ မီတာနဲ့ ၁၅၇၀ မီတာ ရှိတဲ့ မဲခေါင်မြစ်ကူးတံတားနှစ်စင်း တည် ဆောက်ရမယ်။ လာအိုနိုင်ငံထဲမှာ ဘူတာ ငါးခုပဲ ရှိမှာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ အဓိက လာရောက်တဲ့ လွန်ပရာဘန်၊ ဗန်ဗီယင်း နဲ့ ဗီယန်ကျန်း တို့ပါတယ်။ ပုံ ၃
ကုန်းတွင်းပိတ်နိုင်ငံ လာအိုမှာ ရထားလမ်းအရှည် ၂.၂ မိုင်ပဲရှိတဲ့အတွက် အခုရထားလမ်းက လာ အိုနိုင်ငံစီးပွားရေးအတွက် ကြီးမားတဲ့အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီရထားလမ်းပြီးသွားရင် ခရီး သွားလုပ်ငန်းကဏ္ဍ၊ ပို့ကုန်ကဏ္ဍတွေမှာ ပိုတိုးတက်လာမှာဖြစ်သလို တရုတ်ပို့ကုန်တွေကို အခြား အာဆီယံနိုင်ငံတွေကို ဖြတ်သန်းပို့ဆောင်တဲ့အတွက် ဖြတ်သန်းခရမယ်လို့လည်း ဆိုပါ တယ်။ ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုတစ်ခုမှာ အာရှ – ပစိဖိတ်ဒေသနိုင်ငံတွေအနေနဲ့ သယ်ပူပို့ဆောင် စရိတ်ကို ၂.၃% လျော့ချနိုင်ရင် စီးပွားရေးတိုးတက်မှုနှုန်း ၁.၇၃% ကနေ ၂.၈၁% အထိ တိုးတက် လာမယ်လို့ဆိုတယ်။
ဒါပေမယ့် အမြန်ရထားလမ်းစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီ စိုး ရိမ်မှုတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်ချို့ပြောနေသလို တရုတ်ရထားလမ်းဖြစ်လို့ အချုပ်အခြာအာဏာတွေ၊ တရုတ်မြေပိုင်သွားပြီ ဆိုတာတွေမဟုတ်ဘူး။ ဒီလို နိုင်ငံတကာ ရထား လမ်းတွေ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတွေနဲ့ပတ်သက်ရင် အခြားနိုင်ငံအများအပြားမှာ လက်တွေ့ကျင့် သုံးနေတာကြာပြီဖြစ်တဲ့အတွက် စံတွေ၊ လုပ်ထုံးလုပ်နည်းတွေရှိပြီးသားပါ။ အခု စိုးရိမ်မှု ၊ ဝေဖန် မှု တွေက ကြွေးမြီ၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေသိမ်းဆည်းမှု နဲ့ တရုတ်အလုပ်သမားပြဿနာ တွေ ဖြစ်ပါတယ်။
ကြွေးမြီနဲ့ပတ်သက်ရင် အခု စီမံကိန်းအတွက်ချေးတဲ့ အတိုးက ၂.၃%၊ ဆိုင်းငံ့ ၅ နှစ် နဲ့ ပြန် ဆပ် ကာလ ၃၅ နှစ်ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စံအရဆိုရင် လာအိုလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ အခြေခံ အဆောက်အအုံစီမံကိန်းကို ချေးရင် အတိုးနှုန်း ဝ.၇၅%၊ ဆိုင်းငံ့ ၆ နှစ် နဲ့ ပြန်ဆပ်ကာလ ၃၈ နှစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် လာအိုနိုင်ငံ အနေနဲ့ အတိုးနှုန်းမြင့်တဲ့ တရုတ်ချေးငွေတွေကို ပြန်ဆပ် နိုင်ပါ့မလားဆိုတဲ့ ဝေဖန်မှုတွေပေါ်လာတယ်။ လာအိုဘက်က စုစုပေါင်းထည့်ဝင်ရမယ့် ငွေ က ဒေါ်လာ ၁.၇၈ ဘီလီယံဖြစ်ပြီး အခု တရုတ်ဆီက ၄၆၅ သန်း ချေးထားပြီး လာအိုကိုယ်ပိုင်ငွေက သန်း ၂၅၀ စိုက်ထားတယ်။ ဒီတော့ နောက်ထပ်ကျန်တဲ့ငွေ တစ်ဘီလျံလောက်ကို လာအိုအနေနဲ့ သုံးနိုင်မှာမဟုတ်ဘူး။ အများစုကို တရုတ်ဆီက ချေးရမှာပဲ။ အဲဒါဆိုရင် ဆိုင်းငံ့ကာလလွန်ရင် စီမံ ကိန်းရဲ့ အကြွေးကတင် ဂျီဒီပီရဲ့ ၁၂% လောက်ဖြစ်လာမယ်လို့ Center for Global Development က ၂၀၁၉ မေလ မှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားတယ်။
ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေသိမ်းဆည်းမှု နဲ့ တရုတ်အလုပ်သမားပြဿနာ တွေ ကတော့ တရုတ် စီမံကိန်းကြီးတွေ တိုင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေပါပဲ။
လာအိုအစိုးရကတော့ စီမံကိန်း ပြီး တဲ့ အခါ တိုက်ရိုက်/ သွယ်ဝိုက်ရရှိလာမယ့် စီးပွားရေးအကျိုးအမြတ်တွေကြောင့် ကြွေးမြီ ကိစ္စတွေ အတွက် စိတ်ပူစရာမလိုဘူးလို့ပြောတယ်။ မြေသိမ်းတာတွေနဲ့ပတ်သက်ပြီး နစ်နာသူတွေအတွက် ဒေါ်လာ သန်းသုံးရာ လေ ျှာ်ကြေးပေးဖို့ လျာထားတယ်၊ လက်ရှိအလုပ်သမား သုံးသောင်း လောက်ရှိတဲ့အထဲမှာ တရုတ်အလုပ်သမားက ၂၀%လောက်ပဲရှိတယ်။ ဒါတွေကလည်း လာအို အလုပ်သမားတွေ မလုပ်နိုင်တဲ့ နည်းပညာကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းတွေအတွက်ပါလို့ဆို တယ်။ Environmental and social safeguards (ESS) တွေကိုလည်း နိုင်ငံတကာစံနဲ့အညီလုပ်ဆောင် နေပါတယ်လို့ အာမခံတယ်။
ဘာတွေဘယ်လိုပဲပြောပြော တရုတ် – လာအို အမြန်ရထားလမ်းစီမံကိန်းကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ အကောင်အထည်ဖော်နေတာကို မြင်ခဲ့ရတယ်။ ။ ရောဂါပျောက်အောင် ကုတဲ့ ဆေး မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတာဖြစ်တဲ့အတွက် ဘယ်လို အခြေခံအဆောက် အအုံ စီမံကိန်းမျိုးမဆို ဘေးထွက်ဆိုးကျိုးကတော့ ရှိမှာပဲ။ အနည်းဆုံးဖြစ်အောင် လေ ျှာ့ချဖို့နဲ့ အကျိုး – အပြစ်ကို ချိန်ဆနိုင်ဖို့ပဲလိုပါတယ်။ ထိုင်ပြီး ငြင်းခုန်နေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: