မတ်လ ၄ ရက်နေ့မှာ မလေးရှား လွှတ်တော်ဥက္ကဋ္ဌ Ariff Yusof က ဝန်ကြီးချုပ်ဟောင်း မဟာ သီယာ တောင်းဆိုနေတဲ့ မတ်လ ၉ ရက်နေ့မှာ လွှတ်တော်ခေါ်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း ပြောကြားလိုက်ပါတယ်။
အရင် မဟာသီယာအစိုးရလက်ထက်မှာ အတည်ပြုထားတဲ့ လွှတ်တော်ပြက္ခဒိန်အရ ၂၀၂၀ အတွင်းမှာ လွှတ်တော်အစည်းအဝေးတွေကို မေ ၁၈ ကနေ ဇွန် ၂၃ ၊ ဇူလိုင် ၂၇ ကနေ သြဂုတ် ၂၇ နဲ့ စက်တင်ဘာ ၂၈ ကနေ နိုဝင်ဘာ ၂၆ ကြားမှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ် ပါတယ်။
ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့အတွက် အန်ဝါနဲ့ မဟာသီယာကြား အပြိုင်အဆိုင် ကြိုးစားနေချိန်မှာ ယာယီဝန်ကြီးချုပ် မဟာသီယာက မတ်လ ၂ ရက်နေ့မှာ လွှတ်တော်အစည်း အဝေးခေါ်ပြီး ဝန်ကြီးချုပ်အသစ်ရွေးဖို့ အဆိုပြုခဲ့တာပါ။ ဒါပေမယ့် ဘုရင်က Batasu ပါတီ ဥက္ကဋ္ဌ နဲ့ ဒုဝန်ကြီးချုပ်ဟောင်း မူယက်ဒင်ယက်ဆင်ကို ရွေးချယ်လိုက်တဲ့အတွက် မတ်လ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေးခေါ်ဖို့မဖြစ်နိုင်တော့ဘူး။
မဟာသီယာကတော့ လက်မလေ ျှာ့သေးပဲ သူ့မှာ လုံလောက်တဲ့ထောက်ခံမဲရနေပြီဖြစ်တဲ့ အတွက် မတ်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးခေါ်ပြီး သူ နဲ့ မူယက်ဒင် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်သင့်သလဲဆိုတာကို မဲခွဲသင့်တယ်လို့တောင်းဆိုခဲ့တယ် ။ သူ့တောင်းဆိုချက်ကို အန်ဝါ နဲ့ PH ညွှန့်ပေါင်းအဖွဲ့ကလည်း ထောက်ခံခဲ့တယ်။ မဟာသီယာက အဲဒီအစည်းအဝေး မှာ သူ့ပါတီဟောင်း Batasu က အမတ်တွေကို သူ့ကိုထောက်ခံအောင် စည်းရုံးနိုင်လိမ့်မယ်လို့ မေ ျှာ်လင့်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ပြဿနာက မလေးရှားလွှတ်တော်စည်းကမ်းအရ ဒီလို အရေးပေါ် အစည်းအဝေးခေါ် တာကို ဝန်ကြီးချုပ်ကပဲ လုပ်လို့ရတယ်။ ဝန်ကြီးချုပ် မူယက်ဒင်ကတော့ သူ့ အနေနဲ့ အစိုးရအဖွဲ့ ဝင် ဝန်ကြီးတွေကိုတောင် မခန့်ရသေးတဲ့အတွက် လွှတ်တော်အစည်းအဝေးခေါ်စရာအကြောင်း မရှိသေးဘူး။ လွှတ်တော်ကို တင်ပြဖို့ အကြောင်းအချက်တွေလည်းမရှိသေးဘူး လို့ ပြောခဲ့ တယ်။
မဟာသီယာတို့ဘက်ကတော့ ဝန်ကြီးချုပ်က သူ့ အမျိုးသားညွှန့်ပေါင်း (Perikatan Nasional , PN ) အတွက် လွှတ်တော်အမတ်တွေကို မဲဆွယ်နိုင်အောင်အချိန်ဆွဲတာပဲလို့စွတ်စွဲခဲ့ကြတယ်။ လက်တွေ့မှာလည်း ပြည်ထောင်စုလွှတ်တော်ထဲမှာသာမက ပြည်နယ်လွှတ်တော်တွေမှာ တောင် PH ညွန့်ပေါင်းအဖွဲ့ဝင် လွှတ်တာ်အမတ်တွေ ဘက်ပြောင်းကုန်တဲ့အတွက် PH ဦးဆောင်တဲ့ ပြည် နယ်အစိုးရတွေ ပြုတ်ကျပြီး အစိုးရသစ် ဖွဲ့နေရတယ်။
မလေးရှားနိုင်ငံရေးမှာ အရေးပါတဲ့ ဂျိုဟိုးပြည်နယ် နဲ့ မလက္ကာ ပြည်နယ်တွေမှာ အမျိုးသားညွှန့်ပေါင်း PN အစိုးရဖွဲ့လိုက်ပြီ။ ပါရက် နဲ့ ကာဒါ ပြည်နယ်တွေမှာလည်း PH ပါတီ အခြေ အနေ မကောင်းဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ PH ညွှန့်ပေါင်းအဖွဲ့က ပြည်နယ် ၉ ပြည်နယ်အနက် ၇ ပြည်နယ်မှာ အစိုးရဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ၅ ပြည်နယ်ပဲကျန်တော့ တယ်။
မလေးရှားနိုင်ငံရေးမှာက ပြည်နယ်အစိုးရတွေက အဲဒီပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည် ထောင်စုအဆင့်လွှတ်တော်အမတ်တွေကို ဘဏ္ဍာရေးအရ၊ စည်းရုံးရေးအရ အထောက် အကူအများကြီးပေးနိုင်တယ်။ ဒါ့ကြောင့် PN ခေါင်းဆောင်တဲ့ ပြည်နယ်အစိုးရတွေ များများ ပေါ် လာရင် ဝန်ကြီးချုပ် မူယက်ဒင် အတွက် လွှတ်တော်တွင်းထောက်ခံမှုရအောင် စည်းရုံးရတာ ပို လွယ်မှာဖြစ်ပါတယ်။
အခုအတိုင်းဆိုရင်တော့ နိုင်ငံရေးချိန်ခွင်လ ျှာက ဝန်ကြီးချုပ် မူယက်ဒင်ဘက်ကို အလေးသာ နေ တယ်။ မူယက်ဒင်ကလည်း အရင် အာဏာရပါတီ UMNO နဲ့ ညွန့်ပေါင်းဖွဲ့ထားပေမယ့် သူ့ အစိုး ရ အဖွဲ့မှာ နံမည်ပျက်ရှိတဲ့ UMNO ခေါင်းဆောင်တွေကို တာဝန်ပေးမှာမဟုတ်ဘူးလို့ ကတိပေး ထားတယ်။
မဟာသီယာက သတင်းစာရှင်းလင်းပွဲမှာ PH ညွှန့်ပေါင်းအစိုးရပြိုကွဲရတာဟာ ဝန်ကြီးချုပ် အတင်း လုပ်ချင်နေတဲ့ အန်ဝါအီဘရာဟင်ရယ်၊ အာဏာမက်တဲ့ မူယက်ဒင် သစ္စာဖောက်တာရယ်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့တယ်။
ဒါပေမယ့် ၉ ၄ နှစ် အရွယ်ရောက်နေတာတောင် အာဏာလက်မလွှတ်ချင်သေးတဲ့ သူ့အကြောင်း ကိုတော့ ထည့်မပြောခဲ့ဘူး။ “ဘယ်လောက် အက ကောင်းတဲ့ မင်းသားဖြစ်ပါစေ တစ်ချိန်မှာတော့ ဇာတ်စင်ပေါ်က ဆင်းပေးရမယ်” လို့ ပက်ထရစ် လူမွန်ဘားပြောခဲ့တဲ့စကား သူကြားဖူးပုံမရဘူး။