၁။ မတ် ၁၃ ရက်နေ့မှာ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်နိုင်ငံမှာ အရေးပေါ် အခြေ အနေကြေညာခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေက ဒေါ်လာ ဘီလျံ ၅၀ အသုံးပြုဖို့ ဆောင်ရွက်ခဲ့ပါတယ်။
၂။ သမ္မတ ထရမ့် နဲ့ မတ်လ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ ဘရားဇီးလ် သမ္မတရဲ့ လက်ထောက် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လက္ခဏာတွေ့ခဲ့ရပြီးတဲ့နောက် ထရမ့်က သူလည်း ရော ဂါ လက္ခဏာရှိမရှိ ဆေးစစ်ခံဖို့ရှိတဲ့အကြောင်း မတ်လ ၁၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်။
၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဥရောပတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားတဲ့ အချက် အခြာနေရာဖြစ်လာပြီလို့ မတ်လ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာ ဥရောပ မှာ ရောဂါခံစားရသူအရေအတွက်ဟာ တရုတ်နိုင်ငံမပါ ကျန်ကမ္ဘာ့ နိုင်ငံတွေအားလုံးမှာ ဖြစ် ပွားတဲ့ အရေအတွက်ထက် များတယ်လို့ဆိုပါတယ်။
၄။ တရုတ်နိုင်ငံမှာတော့ ပြည်ပကနေ ကူးစက်ပြီး ရောဂါဖြစ်ပွားတဲ့အရေ အတွက် က ပြည်တွင်းမှာပဲ ကူးစက်ပြီးရောဂါဖြစ်ပွားတဲ့အရေအတွက်ထက် ကျော်လွန်သွားခဲ့ပါ တယ်။ မတ်လ ၁၃ ရက်နေ့မှာ ရောဂါကူးစက်သူ ၁၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီထဲက ခုနှစ်ဦးဟာ အီတလီ၊ အမေရိကန် နဲ့ ဆော်ဒီအာရေးဘီးယား တို့က ပြန်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ကို တွေ့တဲ့နေရာတွေကတော့ ဘေဂျင်း မှာ တစ်ယောက်၊ ရှန်ဟိုင်းမှာ လေးယောက် နဲ့ ကန်စု ပြည်နယ်မှာ နှစ်ယောက်ဖြစ်ပါတယ်။
၅။ မတ်လ ၁၃ ရက်နေ့မှာ ဗြိတိန် အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေး Patrick Vallance က ဗြိတိန်နိုင်ငံရဲ့ လူဦးရေ ၆၀% လောက်အထိ ရောဂါ ကူးစက်ခံရနိုင်ပြီး အဲဒီအခြေအနေ ရောက် မှာသာ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားကို လူတွေရမယ်လို့ ပြောတဲ့အတွက်အကြီး အကျယ် ဝေဖန်ခံနေရတယ်။ Patrick Vallance က ရောဂါကူးစက်မှာစိုးရိမ်ပြီး မြို့ရွာတွေကို အဝင် အထွက် ထိန်းချုပ်တာထက် ရောဂါပိုးကို ခံနိုင်မယ့် ကိုယ်ခံအားကောင်းအောင်လုပ်တာက ပိုကောင်း တယ် လို့ ရည်ရွယ်ပြောခဲ့တာလို့ ဆိုပါတယ်။
၆။ ဖိလစ်ပိုင်မှာတော့ သမ္မတ ဒူတာတေးက မတ်လ ၁၅ ရက်နေ့ ညနေမှာ မနီလာမြို့ကို လူဝင် လူထွက်ထိန်းချုပ်မယ်လို့ ကြေညာခဲ့တဲ့အတွက် အဲဒီအချိန်မရောက်ခင် နယ်အလုပ်သမားတွေ အိမ် ပြန်နိုင်ဖို့ ကြိုးစား နေ တာ၊ မြို့ခံတွေ အထိတ်တလန့်ဈေးဝယ်တာတွေဖြစ်နေတယ်။ သမ္မတ ဒူတာတေးအနေနဲ့ မြို့ကိုလူဝင်လူထွက်ထိန်းချုပ်တဲ့အချိန်မှာ လူမှုရေး၊ စီးပွားရေး၊ လုံ ခြုံရေး၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ အစီအမံတွေ ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာ တိတိကျကျ မပြောဘဲ ကြေညာခဲ့တဲ့အတွက် အခုလို ထိတ်လန့်မှုတွေဖြစ် တာဆိုပြီး ဝေဖန်ခံနေရပါတယ်။
ကိုးကား ၊ မတ် ၁၄ ရက်နေ့ စထရိတ်တိုင်းမ်သတင်းစာ နှင့် ရိုက်တာသတင်း၊ အေအက်ဖ်ပီ သတင်းများ