ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
၁။ ဗိုင်းရပ်စ်ပိုးက နေပူ မိုးရွာ စွတ်စို ထိုင်းမှိုင်း ဘယ်ရာသီဥတုမဆို ကူးစက်နိုင်ပါတယ်။ ပုံ ၁။
၂။ ပိုးသတ်လက်ဆေးဆပ်ပြာရည်မရှိလည်း ဆပ်ပြာရိုးရိုး နဲ့ ရေနဲ့ လက်ဆေးရင်လည်း ကာကွယ်နိုင်ပါတယ်။ ပုံ ၂
၃။ အခု အချိန်ထိ ရရှိထားတဲ့ အထောက်အထားတွေအရ ဗိုင်းရပ်စ်ပိုးက ရောဂါရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်တဲ့အခါ နှာချေ၊ ချောင်းဆိုးရာက နေ ကူးစက်တာက အဓိကပဲ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ အမှု အမွှားတွေ အဝေးဆုံးလွင့်စင် လာနိုင်တဲ့အကွာအဝေး တစ်မီတာကျော် ( သုံးပေကျော် ) ရှိတယ်။ အဲဒီ ထက် ဝေးဝေးမရောက်နိုင်ဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်က မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင် တယ်။ (ဒီပိုးက လေထဲမှာ မနေနိုင်တဲ့အတွက် လေအေးပေးစက်ကနေ တဆင့်ကူးတာမတွေ့သေးဘူး။ ဒါ့ကြောင့်လက်ဆေးဖို့၊လူတစ်ဦးနဲ့တစ်ဦး သွားလာ၊ စကားပြောရင် သုံးပေအကွာမှာ နေဖို့ သတိပေးနေတာပါ။ ) ပုံ ၃
လို့ အသိပေးထားပါတယ်။