၁။ မတ်လ ၁၃ ရက်နေ့ ညနေပိုင်း စမ်းသပ်စစ်ဆေးချက်အရ အမေရိကန်သမ္မတ ထရမ့် မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့ တဲ့ တစ်ပတ်က သမ္မတ ထရမ့်နဲ့တွေ့ဆုံခဲ့တဲ့ ဘရာဇီးလ်ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်းတွေ့ရပြီးတဲ့နောက် အခုလို စစ်ဆေးမှုလုပ်ခဲ့တာဖြစ်ပါတယ်။
၂။ သမ္မတ ထရမ့်က ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံကိုပါ အမေရိကန် နိုင်ငံကို လာရောက် ခွင့် ပိတ်ပင်တဲ့ စာရင်းထဲမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။
၃။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် ဝင်ထွက်လမ်းတွေ မှာ ရဲတပ်ဖွဲ့ဝင်တွေနေရာယူပြီး လူဝင် လူထွက် ထိန်းချုပ်မှုကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။ မြို့တော်ကို အလုပ်လုပ်ဖို့ ဝင်/ ထွက်သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။ ကျောင်းတွေ၊ အခမ်းအနား တွေအားလုံးကို ဖျက်သိမ်းခဲ့ပြီး မြို့နေလူထုကို မလိုအပ်ဘဲ အပြင်မထွက်ဖို့ ညွှန်ကြားထား ပါတယ်။ မြို့တော်အတွင်းပြေးဆွဲနေတဲ့ အများပြည်သူပို့ဆောင်ရေးယာဉ်တွေကတော့ ဆက် လက်ပြေးဆွဲမှာဖြစ်ပါတယ်။
၄။ တရုတ်နိုင်ငံမှာတော့ ဒုတိယမြောက်နေ့အဖြစ် ပြည်ပကနေ ကူးစက်ပြီး ရောဂါဖြစ်ပွားတဲ့အရေ အတွက် က ပြည်တွင်းမှာပဲ ကူးစက်ပြီး ရောဂါဖြစ်ပွား တဲ့အရေအတွက်ထက် ကျော်လွန်သွားခဲ့ပါ တယ်။ မတ်လ ၁၄ ရက်နေ့မှာ ရောဂါ ဖြစ်ပွားသူ ၂၀ ဦး တွေ့ခဲ့ပြီး ၁၆ ဦးက ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။
၅။ သြစတေးလျနိုင်ငံကတော့ မတ်လ ၁၅ ရက်နေ့ည သန်းခေါင်ချိန်ကစပြီး နိုင်ငံတကာလေကြောင်းလိုင်းများနဲ့ ပြည်ပကနေ ရောက်ရှိလာသူတွေကို ၁၄ ရက် သီးခြားခွဲခြားထိန်းသိမ်း ထား မယ်လို့ကြေညာခဲ့ပါတယ်။ ခရီးသည်တင်သဘောၤများနဲ့ လာရောက်မှုကိုတော့ လုံးဝပိတ်ပင် ထား မှာဖြစ်ပါတယ်။
၆။ စပိန်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အားကစားပွဲတွေ၊ ရုပ်ရှင်ရုံတွေ၊ စားသောက် ဆိုင်တွေကို ပိတ်ခိုင်းခဲ့ပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပြုပါတယ်။ ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးတွေဝယ်ဖို့၊ ဆေးရုံသွားဖို့ နဲ့ အရေးပေါ်ကိစ္စများကလွဲပြီးအိမ်ပြင်မထွက်ဖို့ တားမြစ်ထားပါတယ်။ ဒီကန့်သတ်ချက်က ၁၅ ရက် ကြာမှာဖြစ်ပြီး လိုအပ်ရင် သက်တမ်းတိုးမှာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ စပိန်က ဒုတိယ မြောက် ကိုရိုနာရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။
၇။ ပြင်သစ်နိုင်ငံမှာလည်း စားသောက်ဆိုင်တွေ၊ ကျောင်းတွေ ၊ ရုပ်ရှင်ရုံတွေပိတ်လိုက်ပြိး အားက စားပွဲတွေနဲ့ အခမ်းအနားတွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ စားနပ်ရိက္ခာ နဲ့ ဆေးဝါးပစ္စည်းရောင်းတဲ့ဆိုင်တွေ ကို တော့ ဖွင့်ခွင့်ပြုပါတယ်။ ပြည်သူတွေကိုလည်း အိမ်ထဲမှာပဲ နေဖို့တိုက်တွန်းခဲ့ပါတယ်။ အသက်၇၀ ကျော်တွေကတော့ အိမ်ပြင် လုံး၀ မထွက် ရဘူးလို့ ဆိုပါတယ်။