ဦးထင်လင်းဦး

ဦးထင်လင်းဦးနဲ့ ဘယ်တုန်းကမှ သဘောထားချင်း၊ အယူအဆချင်းမတူခဲ့ဘူး။
ဒါပေမယ့် ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်၊ ပြောနိုင်တဲ့သူတွေ နိုင်ငံရေး လောက ထဲက ထွက်ခွာသွားတာကိုလည်း မမြင်ချင်ဘူး။
အယူအဆမတူတဲ့သူတွေ၊ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေ ရှိနေတာဟာ ကိုယ့်အတွက် ပြဿနာတွေကို အခြားရှုထောင့်က တွေးနိုင်အောင် အထောက်အကူပြုတယ်လို့ပဲခံယူပါတယ်။
ဒ့ါကြောင့်လဲ ကျွန်တော့်ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းထဲမှာ ကျွန်တော့်ကို ဝေဖန်တဲ့အဆင့်မဟုတ်ဘူး ၊ ငါ နဲ့ ၊ မအေ နဲ့ကိုင်ပြီးဆဲတဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် သူရိုင်းတာက သူ့အဆင့်အတန်းပဲ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်ရင် သူ့အယူအဆတွေ သိရတာက ငါ့အတွက် အမြတ်ပဲဆိုပြီး စာရင်းမဖျက်ဘဲ ထားပါ တယ်။
နိုင်ငံရေးလောကကို စွန့်ခွာသွားပေမယ့် သတင်းသမားတစ်ယောက် အနေနဲ့ တန်ဖိုးရှိတဲ့ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: