မနေ့ည ( မတ်လ ၁၆ ) ၈နာရီသတင်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရို နာ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ အခြေအနေများ နဲ့ လူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တယ်။
တကယ်တော့ မတ်လ ၁၂ ရက်နေ့ ည ရန်ကုန် မြို့သူမြို့သားတွေ ထိတ်လန့်ပြီး ဈေးဝယ်တာတွေ ဖြစ်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာ သမ္မတ ၊ ဒါမှမဟုတ် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တစ်ဦးဦးက ပြည်သူ လူထုကို မိန့်ခွန်းပြောမယ်လို့ မေ ျှာ်လင့်ခဲ့ပေမယ့် မတ်လ ၁၆ ရက်နေ့ ည မှာပဲ ဒီမိန့်ခွန်းကို ကြားခဲ့ရတယ်။
အခုအချိန်မှာ လူတွေရဲ့ အဓိက စိုးရိမ်မှုက “ ရောဂါဖြစ်ရင် နေရေး၊ စားရေး၊ သွားလာရေး၊ ကုသရေး” တွေ ဘယ်လိုဖြစ်မလဲဆိုတာပါပဲ။ အစိုးရက စားနပ်ရိက္ခာလုံလောက်တယ်လို့ ပြောနေ ပေမယ့် အဲဒီ စားနပ်ရိက္ခာကို ဝယ်စားဖို့အတွက် ငွေရှိပါ့မလားဆိုတာ စိုးရိမ်တယ်။ ဆေး ရုံ တွေက လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်ပါ့မလားလို့ စိုးရိမ်တယ်။ ဝန်ပိပြီး ကျန်းမာရေး ဝန်ထမ်း တွေ ပါ ပုံလဲသွားမှာကို စိုးရိမ်တယ်။ စက်ရုံတွေ၊စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်သွားပြီး အလုပ်လက်မဲ့ဖြစ် မှာကြောက်တယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကလည်း အဲဒီ စိုးရိမ်မှုတွေ ပပျောက်သွားအောင် နိုင်ငံတော်က ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကို ရှင်းပြတာ ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို အစိုးရ ဆောင်ရွက်ချက်၊ စီးပွားရေး၊ သတင်းထုတ်ပြန်ရေး ၊ ရန်ပုံငွေ နဲ့ ပြည်သူ ဆိုပြီး အပိုင်း ငါးပိုင်းခွဲပြီး လေ့လာနိုင်ပါတယ်။
အစိုးရဆောင်ရွက်ချက်
အစိုးရဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး အခုလို ပြောထားပါတယ် –
၁။ ဒီရောဂါကို ကာကွယ်နိုင်ဖို့ ဇန်နဝါရီ ၃၀ ထဲကစပြီး ဒီရောဂါဖြစ်လာရင် ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကာကွယ်နိုင်ဖို့ ဗဟိုကော်မတီဖွဲ့ခဲ့ တယ်။
၂။ ကျန်းမာရေး၊ စီမံ/ဘဏ္ဍာ၊ စီးပွားကူးသန်း နဲ့ အခြားဆက်စပ်ဝန်ကြီးဌာနတွေ ညှိနှိုင်းဆောင်ရွက် ခဲ့တယ်။ ဌာနအလိုက်ဆောင်ရွက်ချက်တွေကို ပြည်သူတွေထံ အသိပေးဖို့ စီစဉ်ထားတယ်။
၃။ မတ်လ ၁၃ ရက်နေ့မှာ ဒီကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ဖို့ ဗဟိုကော်မတီကို အမျိုး သားအဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌ တာဝန်ယူထား တယ်။
၄။ မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက်ထုတ်တယ်။ သင်္ကြန် အပါအဝင် လူစုလူဝေးနဲ့လုပ်တဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားချက် ထုတ်တယ်။ ဝန်ကြီးဌာနတွေကလည်း ကိုယ်နဲ့ ဆိုင်တဲ့ကိစ္စတွေကို အခါအားလျော်စွာ ညွန်ကြား ချက်ထုတ်တယ်။
စီးပွားရေး
စီးပွားရေးကတော့ လူတွေအစိုးရိမ်ဆုံးကိစ္စပဲ။ ဗိုင်းရပ်စ် ပိုး မြန်မာနိုင်ငံမရောက်သေးပေမယ့် တရုတ် အပါအဝင် နိုင်ငံတကာမှာဖြစ်နေတဲ့ စီးပွားရေးကျဆင်းမှု ဂယက်က မြန်မာနိုင်ငံကိုရောက် နေပြီဆိုတော့ သူဋ္ဌေးကနေ လမ်းဘေးဈေးသည်အထိ အားလုံးမှာ စိုးရိမ်စိတ်ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးရိုက်ခတ်မှုဒဏ်ကို ကုစားနိုင်ဖို့ အတွက် အခုလို ဆောင်ရွက် မယ့် အကြောင်းပြောထားတယ်။
၁။ တတ်နိုင်သမ ျှ အလုပ်သားတွေ အလုပ်လက်မဲ့မဖြစ်ဖို့၊ စက်ရုံတွေ လည်ပတ်နိုင်ဖို့နဲ့ စီးပွားရေး လည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ အခွန်အကောက်ဖြေလေ ျှာ့ခြင်း၊ အတိုးနှုန်း လေ ျှာ့ချ ခြင်းတွေဆောင်ရွက်မယ်။
၂။ ထိခိုက်မှုအများဆုံးကြုံနိုင်တဲ့ CMP စနစ်နဲ့လုပ်နေတဲ့လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ် ငန်း၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် အထူးသက်သာတဲ့ အတိုးနှုန်း နဲ့ ချေးငွေတွေ၊ အခွန်ကင်းလွတ်ခွင့်တွေ စီမံပေးသွားမယ်။
၃။ ပို့ကုန်လုပ်ငန်းတွေကနေ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂% ကိုလည်း အခု ဘဏ္ဍာနှစ်ကုန် အထိ ကင်းလွတ်ခွင့်ပေးသွားမယ်။
သတင်းထုတ်ပြန်ရေး
သတင်းထုတ်ပြန်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန အသီးသီးအနေနဲ့ ညွှန်ကြားချက်ထုတ်တာ၊ ညွှန်ကြားချက်ရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်းတွေ တစိုက် မတ် မတ်လုပ်သွားမယ်လို့ ကတိပေးသွားတယ်။
ဒီလိုကတိပေးတာဟာ ကြိုဆိုရမယ့်အချက်ပါပဲ။ သတင်းထုတ်ပြန်ချက်တွေကို မှန်မှန် နဲ့ မြန်မြန် သာ လုပ်ဆောင်နိုင်ရင် မတ်လ ၁၂ ရက်နေ့ ဖြစ်စဉ် နဲ့ မတ်လ ၁၅ ရက်နေ့ကစပြီး ပြည်ပခရီးသွားတွေ အပေါ် ကန့်သတ်ချက်တွေသတ်မှတ်တာကို မတ်လ ၁၅ ရက်နေ့ ည ကျမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်တာမျိုးကို ရှောင်ရှား နိုင်မှာဖြစ်ပါတယ်။
ရန်ပုံငွေ
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံတိုင်းမှာ ကာကွယ်ရေး၊ ကုသရေး၊ စီးပွားရေး နလံထူ ရေး စတာတွေနဲ့ပတ်သက်ပြီး ပြည်သူလူထု ယုံကြည် မှုရှိအောင် ၊ စိတ်အေးရအောင် အရေးပေါ် ရန်ပုံငွေ ဘယ်လောက်သုံးမလဲဆိုတာကို ထုတ်ပြန် ကြေညာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာလည်း ရန်ပုံငွေနဲ့ပတ်သက်ပြီး အခုလို ပြောထားပါ တယ် –
၁။ COVID 19 ကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေ တစ်ရပ်ကို ထူထောင်သွား မယ်။
၂။ စေတနာရှင် ပြည်သူများအနေနဲ့ မိမိတို့ တတ်နိုင်သမ ျှ ထည့်ဝင်လှုဒါန်းနိုင်ဖို့ တိုက်တွန်း ပါတယ်။
ပြည်သူလူထုကို ရန်ပုံငွေထည့်ဝင်ဖို့ တိုက်တွန်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုရိုနာ ရောဂါ နဲ့ပတ်သက်ပြီး အစိုးရက ဘယ်လောက် သုံးစွဲမယ်ဆိုတာ တိတိ ကျကျ ပြောမသွားဘူး။ သမ္မတ အရေးပေါ်ရန်ပုံငွေကနေ သုံးဖို့ အစီအစဉ် ရှိ ၊ မရှိဆိုတာလည်း ထည့်ပြောမသွားဘူး။ ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပုံမှန် ဘတ်ဂျက်ဟာ အခုလို အရေးပေါ်အခြေအနေအတွက် လုံ လောက်မှုမရှိဘူးဆိုတာ လူတိုင်းသိနေတဲ့အတွက် နောက်ထပ် အရေးပေါ်ရန်ပုံငွေ ဘယ် လောက် သုံးမလဲဆိုတာမျိုးကို တိတိကျကျ ပြောရင်တော့ ပိုကောင်းတာပေါ့။
ပြည်သူ
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းနိဂုံးချုပ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ၊ထိန်းချုပ်၊ ကုသရေးမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို အခုလို ပြောထားပါတယ် –
၁။ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါဆိုးကျိုး တတ်နိုင်မ ျှ နည်းပါးစေရေးအတွက် ပြည်သူက အဓိက ပဲ။
၂။ ပြည်သူတွေ ပူးပေါင်းပါဝင်မှာ အောင်မြင်မယ်ဆိုတာ ကျွန်မ အကြိမ်ကြိမ်ပြောခဲ့ဖူးတယ်။ COVID 19 နဲ့ပတ်သက်ရင် ဒီစကားကို အထူး အလေးထားစေလိုပါတယ်
၃။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့၊ သတင်းမှားတွေ မပြန့်ပွားရေးမှာလည်း ပြည်သူက အဓိက ပဲ။
၄။ အစိုးရိမ်လွန်ပြီး စားနပ်ရိက္ခာစုဆောင်းရေးကဲ့သို့သော မတည်ငြိမ်တဲ့လုပ်ရပ်တွေ မဖြစ်ဖို့ လည်း ပြည်သူတွေက အဓိကပဲ။
၅။ မြန်မာနိုင်ငံဟာ အရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံကြီးများနဲ့ ယှဉ်ပြိုင်စေနိုင်တဲ့ “ ပြည်သူ သာလ ျှင် အဓိက ” ဆိုတဲ့ အင်အားနဲ့ ပြည့်ဝနေတယ်ဆိုတာကို အခု ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ရာ မှာ သက်သေပြကြပါ။
လိုနေတဲ့ အချက်တွေ
ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ အောက်ပါ အချက်တွေသာ ပါဝင်မယ် ဆိုရင် လူထုအနေနဲ့ပိုပြီး အားတက်မယ်၊ ယုံကြည်မှုတွေအားကောင်းလာမယ်လို့ မြင်မိတယ် –
၁။ တကယ်လို့များရောဂါဖြစ်ပွားလာခဲ့ရင် ကုသနိုင်ဖို့ ပြင်ဆင်ထားတဲ့အခြေအနေ။ ( ဦးဇော် ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီအချက်ကို သတင်းထောက်တွေက မေးတဲ့အချိန်မှာ တိ တိကျကျ မပြောခဲ့ဘူး။ ဝန်ကြီးဌာနက စီစဉ်ထားပါတယ်ဆိုတဲ့ သဘောပဲ ပြောခဲ့တယ်။ )
၂။ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့် အတွက် လုံခြုံမှုအကာအကွယ်များ၊ သူတို့ကို ရောဂါကူးစက်ခဲ့ရင် ဆောင်ရွက်ပေးမယ့် အခြေအနေများ။
၃။ လက်ရှိဆောင်ရွက်နေတဲ့ ကာကွယ်ထိန်းချုပ်မှုအစီအစဉ်တွေကြောင့် စီးပွားရေး ထိခိုက်မှု ကို စတင်ခံစားနေရတဲ့ လုပ်ငန်းများ၊ လခစားလုပ်သားများ၊ နေ့စားဝန်ထမ်းများ ၊ ဈေးသည်များ အတွက် ကူညီထောက်ပံ့မှု အစီအစဉ်များ။
၄။ အရေးပေါ်အခြေအနေအတွက် ကျန်းမားရေး၊ စီးပွားရေး ကဏ္ဍတွေမှာ အစိုးရက သုံးစွဲမယ့် ရန်ပုံငွေပမာဏ။
၅။ ကုန်ဈေးနှုန်းမတက်အောင် ထိန်းချုပ်မယ့်အစီအစဉ်။
သို့သော် ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကြောင့် ပြည်သူလူထုအနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်၊ ကုသ ၊ ထိန်းချုပ်ရေး မှာ “ငါတို့က အဓိကပဲ၊ ငါတို့မှာ တာဝန်ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်သာ အား ကိုးရာပဲ” ဆိုတာကို နားလည်သွားတာကတော့ အမြတ်ပါပဲ။
မိန့်ခွန်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/state.counsellor/