၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Poonam Khetrapal Singh က အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပို ပြီး ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့လိုနေပြီ၊ တစ်ချို့နိုင်ငံတွေရဲ့ ကျန်းမာရေးကဏ္ဍဟာ ရော ဂါ ဖြစ်လာရင် ကိုင်တွယ်နိုင်စွမ်းမရှိမှာကို စိုးရိမ်ရတယ်လို့ ပြောကြားခဲ့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ရောဂါဖြစ်ပွားသူ ၆၇၈ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။
၂။ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကတော့ သူတို့နယ်မြေထဲကို ပြည်ပ ခရီးသွား တွေ ဝင်ရောက်ခွင့် တစ်လ ပိတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အီးယူအဖွဲ့ဝင်နိုင်ငံ သားတွေ၊ ဗြိတိန်၊ နော်ဝေ၊ အိုက်စ်လန်နိုင်ငံသားတွေနဲ့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။
၃။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် Ezhou မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေကတော့ သူတို့ မြို့ မှာ ပိတ်မိနေတဲ့ အခြားပြည်နယ်များက တရုတ်နိုင်ငံသားတွေကို မြို့ထဲက ထွက်ခွာခွင့်ပြုလိုက် ပါတယ်။ အဲဒီလူတွေက ဘေဂျင်းမြို့တော်ကလွဲရင် မိမိတို့နေရပ်မြို့များကို ပြန်နိုင်ပြီ ဖြစ် ပါတယ်။ Ezhou မြို့မှာ ရောဂါဖြစ်ပွားသူ ၁၃၉ ၄ ယောက်ရှိခဲ့ပြီး ၅၇ ယောက် သေဆုံးခဲ့ပါတယ်။
၄။ မနေ့ ( မတ် ၁၇) က တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၁၃ ယောက်တွေ့ရှိခဲ့တယ်။ အဲဒီ ထဲက ၁၂ ယောက်က ပြည်ပက ပြန်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။
၅။ မလေးရှားမှာ အလုပ်ကိစ္စနဲ့ ဒါမှမဟုတ် အလည်အပတ်ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံသား တွေ ပြန်လာခွင့်ရမယ်လို့ သိရပါတယ်။ မလေးရှားမှာ အမြဲတမ်း နေထိုင်ခွင့်ရ ထားတဲ့ စင်္ကာပူနိုင်ငံသားတွေအနက် အရေးကြီးလုပ်ငန်းများမှာ တာဝန်ထမ်းဆောင်နေသူတွေ ကို မလေးရှားနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့လည်း သိရပါတယ်။
၆။ စင်္ကာပူအစိုးရကတော့ စင်္ကာပူကို နေ့ချင်းပြန်လာရောက်အလုပ်လုပ်နေတဲ့ မလေးရှား နိုင်ငံ သားတွေ စင်္ကာပူမှာ ယာယီနေထိုင်ပြီး အလုပ်လုပ်နိုင်အောင် လိုအပ်တာတွေ ကူညီပံ့ပိုးပေး မယ် လို့ ပြောခဲ့ပါတယ်။ မလေးရှားအစိုးရရဲ့ ခရီးသွားလာခွင့် ကန့်သတ်ကာလက မတ်လ ကုန်အထိ ဖြစ်ပါတယ်။
ကိုးကား
စထရိတ်တိုင်းမ်၊ စီအင်န်အေ၊ ရိုက်တာ