၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Ghebreyesus ကိုရိုနာဗိုင်းရပ်စ် ပိုးက လူအိုတွေကို ပိုပြီး ထိခိုက်တယ်ဆိုပေမယ့် လူငယ်တွေအနေနဲ့လည်း မပေါ့ဆသင့်ဘူး။ လူငယ်တွေလည်း ကူးစက် ခံ ရနိုင်တယ်၊ အခန့်မသင့်ရင် သေဆုံးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
၂။ စင်္ကာပူနိုင်ငံမှာတော့ ရောဂါ စဖြစ်ချိန်ကစပြီး ပထမဆုံးအကြိမ်လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ တစ်ဦးက အသက် ၇၅ နှစ်အရွယ် စင်္ကာပူနိုင်ငံသူဖြစ်ပြီး နောက်တစ်ဦးက ၆၄ နှစ်အရွယ် အင်ဒိုနီး ရှားနိုင်ငံသားဖြစ်ပါတယ်။
၃။ တရုတ်နိုင်ငံမှာမနေ့က ရောဂါ ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိသူ ၄၁ ဦးရှိပါတယ်။ အားလုံး ပြည်ပ က ပြန်လာသူတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ ရောဂါ ကူးစက်သူစစ်ဆေးမတွေရှိတာ သုံးရက်ရှိပြီဖြစ်ပေမယ့် ပြည်ပက ပြန်လာသူတွေမှာ ရောဂါ ပိုး တွေ့ရှိတဲ့အရေအတွက်ကတော့ စုစုပေါင်း ၂၆၉ ဦးရှိပြီဖြစ်ပါတယ်။
၄။ ဗြိတိန်နိုင်ငံမှတော့ အစိုးရက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်မှုအစီအစဉ်တွေကြောင့် အလုပ် လုပ်ခွင့်မရတော့တဲ့ အလုပ်သမားတွေရဲ့ လစာ ၈၀%ကို အစိုးရကထောက်ပံ့မယ်လို့ ကြေညာ ခဲ့ ပါတယ်။ အဲဒီအစီအစဉ်အရ ထောက်ပံ့ရာမှာ တစ်လကို အများဆုံး ပေါင် ၂၅၀၀ ပဲ ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်အပြင် အခွန်လေ ျှာ့ချမှု၊ အိမ်ဝယ်ယူမှုချေးငွေ သက်သာခွင့် စတဲ့ အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။