အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု အများဆုံး ခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲအထိ ရောဂါကူးစက်သူ ၁၀၃၀ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိပါတယ်။
မလေးရှားနိုင်ငံမှာ ရောဂါကူးစက်မှုများပြားတာနဲ့ပတ်သက်ပြီး စထရိတ်တိုင်းမ်သတင်းစာ မလေးရှားနိုင်ငံသတင်းထောက် Trinna Leong က မတ်၁၉ ရက်နေ့မှာ သင်ခန်းစာ ဖော်ထုတ်ချက်ဆောင်းပါး ရှည် တစ်စောင်ရေးခဲ့တယ်။ အဲဒီဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့
၁။ မတ်လ ၁၅ ရက်နေ့မှာ ရောဂါဖြစ်ပွားသူ ၁၉ ၀ ဦး ကို စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီအခြေ အနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးက နောက်နေ့မှာ အထူးအစည်းအဝေးလုပ်ဖို့ရှိတယ် လို့ ပြောခဲ့တယ်။
၂။ အဲဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် အင်တာနက်ပေါ်မှာ အပြင်မထွက်ရအမိန့်ထုတ်ပြန် တော့မယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာတယ်။ လူတွေ လန့်ပြီးဈေးဝယ်ကြတယ်။
၃။ မတ်လ ၁၆ ရက်နေ့မနက်မှာ ကျန်းမာရေးဝန်ကြီး က ကောလာဟလတွေ မမှန်ကြောင်းပြောပေမယ့် လူတွေက မယုံဘူး။ အလုအယက်ပစ္စည်းဝယ်တာတွေဆက်ဖြစ်တယ်။ ညမထွက်ရအမိန့်ထုတ်ပြန် မယ်ဆိုပြီး သတင်းတွေထွက်လာတယ်။
၄။ မတ်လ ၁၆ ရက်နေ့ ညနေမှာ ဝန်ကြီးချုပ်က ဒီညမှာ အရေးကြီးတဲ့သတင်းထုတ်ပြန်ဖို့ရှိ တယ်လို့ပြောလိုက်တယ်။ လူတွေပိုလန့်ပြီးဈေးတွေအလုအယက်ဝယ်တာပိုများလာတယ်။
၅။ ရောဂါ ကာကွယ်ရေးမှာ လူစုလူဝေးနဲ့ မရှိဖို့၊ လူတစ်ယောက်နဲ့ တစ်ယောက် ဝေးဝေး နေဖို့ လိုပေမယ့် ကောလာဟလတွေကြောင့် လူစုလူဝေးပိုများလာတယ်။ လူတွေက ရောဂါကာကွယ် ရေးကို သတိမရဘဲ တိုးဝှေ့ဈေးဝယ်ကြတယ်။ အဲဒါက ရောဂါကူးစက်ဖို့အတွက် အခြေအနေ ဖန်တီးပေးသလိုဖြစ်သွားတယ်။
၆။ မတ်လ ၁၆ ရက်နေ့ည ၁၀ နာရီ မှာ ဝန်ကြီးချုပ်က မတ်လ ၁၈ ရက်နေ့ကနေ မတ် ၃၁ ရက်နေ့ အထိ ပြည်ပဝင်/ထွက်ခွင့်ပိတ်ပင်ကြောင်း၊ လူစုလူဝေးနဲ့အခမ်းအနားကျင်းပတာတွေ ပိတ်ပင်ကြောင်း၊ မရှိမဖြစ်လိုအပ်တဲ့ ဆိုင်တွေ၊ ရုံးတွေကလွဲပြီး ကျန်တာတွေ ပိတ်ထားမှာဖြစ်ကြောင်း ကြေညာခဲ့ တယ်။
၇။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ တားဆီးမိန့် Restricted Movement Order (RMO) က ရှင်းလင်းမှု မရှိဘူး။ သူ့မိန့်ခွန်းကိုမူတည်ပြီး သက်ဆိုင်ရာဌာနတွေက အသေးစိတ်ထုတ်ပြန်မှုတွေ ချက်ခြင်း ထွက်မလာဘူး။
၈။ စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပိတ်ရမယ့် အမျိုးအစား၊ ဆက်ဖွင့်ရမယ့် အမျိုး အစားတွေကို မသိရဘူး။ အဲဒီရှင်းလင်းချက်တွေက တားဆီးမိန့်အသက်ဝင်တဲ့ မတ် ၁၈ ရက် နေ့ ည မှာမှ ထုတ်ပြန်ပေးခဲ့တယ်။ ဒီကြားထဲမှာ စက်ရုံပိတ်ရင် မြို့တွေမှာ ပိတ်မိနေမှာကို စိုးရိမ်တဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေက ပြန်ဖို့ကြိုးစားတဲ့အတွက် ဘူတာရုံတွေ၊ ကားဂိတ်တွေမှာ လူတွေ အများကြီးဖြစ်လာတယ်။
၉။ တက္ကသိုလ်တွေကလည်း ပိတ်ရမလား၊ ဘယ်လိုပုံစံနဲ့ ဆက်ဖွင့်ရမလဲ သေသေချာချာ မသိဘူး။ တစ်ချို့က အဆောင်နေကျောင်းသားတွေကို မတ် ၁၇ အပြီးထွက်ခွာဖို့ ညွန်ကြား ခဲ့ တယ်။
၁၀။ မတ် ၁၇ နေ့လည် နှစ်နာရီကျော်မှာ အစိုးရက အဆောင်နေကျောင်းသားတွေပြန်ဖို့ ညွှန် ကြားချက်ထွက်လာတယ်။ ဒါပေမယ့် ည ၇နာရီ ခွဲရောက်တော့ အဆောင်မှာ နေရင်လည်း ရ တယ်။ ပြန်ရင်လည်း ရတယ်ဆိုပြီး ညွှန်ကြားတယ်။ အဲဒီအချိန်မှာအဆောင်နေကျောင်းသား အများစုက ကားဂိတ်တွေ ၊ ဘူတာရုံတွေမှာ လက်မှတ်တိုးနေကြပြီ။
၁၁။ မတ် ၁၇ ရက်နေ့ ညနေမှာပဲ ရဲချုပ်က မတ် ၁၈ ရက်နေ့ နောက်ပိုင်း ပြည်နယ် တစ်ခုနေ ပြည်နယ်တစ်ခုကို ခရီးသွားမယ် ဆိုရင် ခရီးသွားခွင့် လေ ျှာက် ထားရမယ်လို့ကြေညာခဲ့တယ်။ အဲဒီမှာ ရဲစခန်းတွေမှာ လေ ျှာက်လွှာဖြည့်မယ်လူတွေ စုပြုံ သွား သလို တစ်ချို့ကလည်း မတ် ၁၈ ရက်နေ့မတိုင်ခင် ကိုယ့်ပြည် နယ် ပြန်ဖို့ ကြိုးစားတဲ့အတွက် ဘူတာရုံ၊ ကားဂိ တ်တွေမှာ လူတွေပိုများလာတယ်။
၁၂။ မတ် ၁၈ ရက်နေ့ တားဆီးမိန့် အသက်မဝင်ခင် နာရီဝက်အလိုမှာ ပြည်တွင်းခရီးသွား လာခွင့်ကို မပိတ်ပါဘူးဆိုတဲ့ အမိန့် ပြန်ပြင်ထုတ်တယ်။ ဒါပေမယ့် အဲဒီအချိန်က အတော် နောက်ကျသွားပြီ။ အဝေးပြေးလမ်းတွေမှာ ကားတွေနဲ့ ပြည့်နေပြီ။
၁၃။ မလေးရှားကနေ စင်္ကာပူကို နေ့စဉ်အလုပ်လုပ်ဖို့ သွားတဲ့လူဦးရေ က သုံးသိန်းလောက်ရှိ တယ်။ အဲဒီလူတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမပြောတဲ့အတွက် ဂျိုဟိုမှာ လူတွေစုပြုံနေ တယ်။ မတ် ၁၈ ရက်နေ့မှာတော့ အဲဒီအလုပ်သမားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်နေ ပြီ လို့ ကြေညာခဲ့တယ်။ အခုထိတော့မပြေလည်သေးဘူး။
ဒါကတော့ မလေးရှားနိုင်ငံမှာ လူစုလူဝေး မဖြစ်အောင်ကာကွယ်တားဆီးဖို့ ဆောင်ရွက်ခဲ့ပေမယ့် အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေရှိတဲ့အတွက် ၄၈ နာရီလောက် ကသောင်း ကနင်း တွေဖြစ်ခဲ့ပြီး လူစုလူဝေးကနေ ရောဂါ ကူးစက်ဖို့ အတွက် အားပေးသလိုဖြစ်ခဲ့တာအပေါ် သင်ခန်းစာ ဖော်ထုတ်ထားတာဖြစ်ပါတယ်။
အနှစ်ချုပ်ကတော့
၁။ အစိုးရ တာဝန်ရှိသူတွေရဲ့ စကားကအရေးကြီးတယ်။ မရေမရာပြောတာတွေက စိုးရိမ်မှုတွေ ပို များစေတယ်။
၂။ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့အမိန့်တွေက အချိန်မီထုတ်ဖို့လိုသလို ၊ ရှင်း လင်းဖို့လည်း လိုတယ်။
ဆိုတဲ့ သင်ခန်းစာပါပဲ။