ဗိုင်းရပ်စ် ကာကွယ်ရေး အီတလီ သင်ခန်းစာ

အီတလီနိုင်ငံမှာ ဒီနေ့မနက် ၁၀ နာရီအထိ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၄၈၂၅ ဦးရှိပြီး ရောဂါ ပိုးတွေ့ရှိသူ ၅၃၅၇၈ ဦးရှိတယ်။ မနေ့က တစ်ရက်တည်းမှာ သေဆုံးသူ ၇၉ ၃ ဦးရှိတယ်။ အီတလီနိုင်ငံက ဗိုင်းရပ်စ် စတင်ကူးစက်တဲ့ တရုတ် နိုင်ငံကို ကျော်ပြီး ကမ္ဘာပေါ်မှာ သေဆုံး သူအများဆုံးနိုင်ငံဖြစ်လာပါတယ်။

မတ်လ ၂၁ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ “Italy, Pandemic’s New Epicenter, Has Lessons for the World” ခေါင်းစဉ် နဲ့ အီတလီနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ် ၊ ထိန်းချုပ်ရေး လုပ်ငန်းအတွေ့အကြုံကနေ သင်ခန်းစာဖော်ထုတ်သုံးသပ်ထားတဲ့ သတင်း ဆောင်း ပါးကို ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးထဲက အရေးကြီးတဲ့အချက်တွေကတော့

၁။ အီတလီ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဗိုင်းရပ်စ် ရောဂါအပေါ် ပြည်သူလူထုက ပေါ့ပေါ့ တန်တန် သဘောထားစေမယ့် အပြုအမူတွေ၊ စကားတွေကို ပြောခဲ့တာဟာ ရောဂါ ထိန်းချုပ် ရေး အပေါ်မှာ ဆိုးကျိုးဖြစ်ခဲ့တယ်။

၂။ ဗိုင်းရပ်စ်ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက သတိပေးထားပေမယ့် ဇန်နဝါရီ လ ၂၁ ရက်နေ့မှာ အီတလီ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး ဝန်ကြီးက အီတလီ – တရုတ် ခရီးသွား လာရေး နဲ့ ယဉ်ကျေးမှု ဖလှယ်ရေး နှစ် အထိမ်းအမှတ်အဖြစ် တရုတ်ကိုယ်စားလှယ်အဖွဲ့ ကို ညစာ စားပွဲ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့ ဧည့်ခံခဲ့တယ်။

၃။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဗိုင်းရပ်စ်ပိုးတွေ့သူ ၄၀၀ ကျော်တဲ့အချိန်မှာတောင် အာဏာရ ဒီမိုကရက်ပါတီခေါင်းဆောင်တစ်ယောက်က မီလန်မြို့ ဘားတစ်ခုမှာ အရက်သောက်နေတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာတင်ပြီး “ ငါတို့ လုပ်နေကျ အကျင့်တွေကို ပြင်ဖို့မလိုပါ” လို့ ရေးခဲ့တယ်။ နောက် ဆယ်ရက်လောက်နေတော့ အီတလီနိုင်ငံမှာ ရောဂါပိုးတွေ့သူ ၅၈၈၃ ဦး၊ သေဆုံးသူ ၂၃၃ ဦးဖြစ်သွားတယ်။ ဓာတ်ပုံတင်တဲ့ ပါတီခေါင်းဆောင်လည်း ရောဂါကူးစက်ခံရသူ ထဲမှာ ပါသွားတယ်။

၄။ အတိုက်အခံလက်ယာပါတီခေါင်းဆောင်တစ်ချို့က ဇန်နဝါရီလထဲက အီတလီမြောက်ပိုင်း ပြည်နယ်တွေမှာရှိနေတဲ့ တရုတ်နိုင်ငံမှာ ကျောင်း ပိတ်ရက် အပန်းဖြေခရီးထွက် ပြီး ပြန်ရောက်လာတဲ့ ကျောင်းသားတစ်ချို့ကို သီးခြားခွဲထားဖို့နဲ့ ကျောင်းတွေ ပိတ်လိုက်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အာဏာရပါတီက ဒီလိုတောင်းဆိုတာဟာ ပေါ်ပင်နိုင်ငံရေး လုပ်တာပဲလို့တုန့်ပြန်ခဲ့တယ်။ ဝန်ကြီးချုပ်ကလည်း တောင်းဆိုချက်ကို ပယ်ချခဲ့တယ် ။

၅။ အီတလီကျန်းမာရေး ဒုတိယဝန်ကြီးကတော့ အစပိုင်းမှာ သူတို့အနေနဲ့ တရုတ်မှာ ဖြစ်နေတာ ငါတို့ နဲ့ အဝေးကြီး ဆိုတဲ့ အတွေးမျိုးဝင်ခဲ့တယ်၊ တရုတ်ကိစ္စကို သိပ္ဗံရုပ်ရှင်ကားတစ်ကားကို ကြည့်သလိုပဲ ခံစားခဲ့တယ်လို့ ဝန်ခံခဲ့တယ်။

၆။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပထမဆုံးလူနာ ကို တွေ့တဲ့အချိန်မှာ တုန့်ပြန်မှု အားနည်းခဲ့ တယ်။ အသက် ၃၈ နှစ်အရွယ် အဲဒီလူနာက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တုတ်ကွေး ရောဂါ လက္ခဏာနဲ့ ဆေးရုံရောက်လာတယ်။ ဆေးရုံမတက်ဘူး။ အိမ်ပြန်သွားတယ်။ နာရီအတော် ကြာ မှ အဖျားပိုပြင်းလာလို့ ဆေးရုံပြန်ရောက်လာပြီး ဆေးရုံတင်ရတယ်။ သာမန်ဖျားနာဆောင်မှာ ထားတယ်။ ဖေဖော်ဝါရီ ၂၀ ကျမှ အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြီး ကုသတဲ့အခါ လူနာ မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ထားတာ စစ်ဆေးတွေ့တယ်။ အဲဒီအချိန်မှာ ဆရာဝန်၊ သူနာပြုဆရာမ တွေအပါအဝင် လူအတော်များများကို ကူးစက်ဖို့ အခွင့်အရေးရသွားပြီ။

၇။ အဲဒီလူနာက ရောဂါပိုးရှိနေတဲ့အချိန်မှာ ညစာစားပွဲအခမ်းအနား သုံးခု တက်တယ်။ ဘော်လုံးကန်တယ်။ သူ့အသင်းနဲ့အတူပြေးတယ်။ သူဆီကနေ ကူးစက်သွား သူ ရာ ချီရှိ နိုင်တယ်။

၈။ ဒါပေမယ့် အဲဒီလူနာက တရုတ်ကို သွားခဲ့တဲ့သူမဟုတ်ဘူး။ ဒီတော့ သူ့ကို ကူးစက်စေတဲ့ မူလ အစ လူနာ ( Patient Zero) ရှိဦးမယ်။ အဲဒီလူဆီကနေ ဘယ်လောက်ကူးစက်သွားခဲ့သလဲဆိုတာ မသိနိုင်ဘူး။

၉ ။ ဖေဖော်ဝါရီ ၂၃ မှာ ရောဂါပိုးတွေ့သူ ၁၃၀ ရှိလာပြီး မြို့ ၁၁ မြို့ကို လူဝင်၊ လူထွက် ထိန်းချုပ် လိုက်တယ်။ ရောဂါစဖြစ်တဲ့ ဒေသက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံးရှိတဲ့ဒေသ၊ အဲဒီ ဒေသ ရဲ့မြို့တော်မီလန်က အီတလီမှာ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်ပါတယ်။

၁၀။ အဲဒီအချိန်မှာ ဝန်ကြီးချုပ်က ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့တဲ့ အရေအတွက်များတာ ကို စိတ်မပူဖို့ ၊ အီတလီဟာ ပြင်းပြင်းထန်ထန် စစ်ဆေးထိန်းချုပ်မှုတွေလုပ်တဲ့ ပထမဆုံး ( ဥရောပ ) နိုင်ငံဖြစ်တယ်၊ ရောဂါပိုးရှိသူအရေအတွက်များလာတာဟာ စစ်ဆေးမှုလုပ်တဲ့အရေအတွက်များ လို့ပါ။ လို့ လူထုကို နှစ်သိမ့်ခဲ့တယ်။

၁၁။ ဖေဖော်ဝါရီ ၂၅ မှာ ရောဂါပိုးတွေ့သူ ၃၀၉ ယောက်၊ သေဆုံးသူ ၁၁ ဦးရှိပေမယ့် ဝန်ကြီးချုပ်ကတော့ “ အီတလီက အခြားနိုင်ငံတွေထက် ပိုပြီးစိတ်ချရပါတယ်” လို့ ပြောခဲ့ တယ်။

၁၂။ ဖေဖော်ဝါရီ ၂၇ မှာ နိုင်ငံခြားရေးဝန်ကြီးက မီဒီယာတွေက လူတွေစိုးရိမ်အောင်ချဲ့ကားရေး တယ်လို့အပြစ်တင်ခဲ့တယ်။ သူက အီတလီလူဦးရေရဲ့ ဝ.၀၈၉ % ပဲ သီးခြားခွဲပြီး ထိန်းသိမ်းထား ရတာပါလို့ ပြောတယ်။ ရောဂါစတင်ဖြစ်ပွားရာဒေသမှာရှိတဲ့ မီလန်မြို့တော်ဝန်က “ မီလန်မြို့ ရပ်မသွားဘူး Milan Doesn’t Stop” လှုပ်ရှားမှုကိုလုပ်တယ်။ ခရီးသွားဧည့်သည်တွေ အများဆုံး လာတဲ့ ဘုရားရှိခိုးကျောင်းကို ပြန်ဖွင့်ပေးခဲ့တယ်။

၁၃ ။ မတ်လ ၁၈ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ် လာပြီး အီတလီနိုင်ငံမြောက်ပိုင်းတစ်ခုလုံးကို အဝင်၊အထွက်ထိန်းချုပ်ခဲ့ရတယ်။

ဆောင်းပါးမှာ နောက်ထပ်ပါတဲ့အချက်တွေကတော့ လူဝင်၊ လူထွက်နဲ့ ခရီးသွားလာမှု ထိန်းချုပ် မိန့်ထုတ်ပြန်တဲ့အခါမှာ ရှင်းလင်းပြတ်သားမှု၊ တိကျမှုမရှိတဲ့အတွက် ပြဿနာပေါ်တာတွေ အပေါ် သုံးသပ်ထားတာဖြစ်ပါတယ်။ အဲဒါတွေကတော့ မလေးရှားသင်ခန်းစာနဲ့ ထပ်တူပါပဲ။

ထူးခြားတာတစ်ခုကတော့ အီတလီမှာ အစိုးရက တစ်နိုင်ငံလုံးကို မလုပ်ဘဲ ဒေသတစ်ခုချင်း အလိုက် လုပ်တဲ့အတွက် ဗိုင်းရပ်စ်က ရှေ့ကပြေး၊ ထိန်းချုပ်ရေးစနစ်က နောက်ကလိုက် နဲ့မမီ တော့တဲ့ သင်ခန်းစာကို ထောက်ပြထားတာပါပဲ။

ဒီဆောင်းပါးကနေ ရတဲ့ သင်ခန်းစာကတော့ ကူးစက်ရောဂါလို အရေးပေါ် အခြေအနေနဲ့ ရင် ဆိုင် နေရချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ လူထုကို မေ ျှာ်လင့်ချက် အလွဲတွေ မပေးမိ ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: