လက်ချောင်းတွေ


မနေ့က ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးနည်းတွေကို ဗီဒီယို ရိုက်ပြတဲ့အခါ လက်မ ကို ဆေးတဲ့နည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နမူနာပြသထားတဲ့ နည်းနဲ့ ကွဲလွဲနေတာကို ထောက်ပြတဲ့ ပို့စ်ရေးခဲ့တယ်။
အဲဒီပို့စ်ကို ဖတ်သူအချို့က ဘယ်လို ဆေးဆေး သန့်ရှင်းသွားရင် ပြီးတာပဲ မဟုတ်ဘူး လား လို့ မေးခွန်းထုတ်တယ်။ တစ်ချို့ကတော့ စေတနာက အရေးကြီးတယ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ နမူနာနဲ့မတူတော့ ဘာဖြစ်လဲ လို့ စောဒကတက်တယ်။ တစ်ချို့ကတော့ ထုံးစံအတိုင်း မနာလို လို့ပြောတယ်ပေါ့။
လက်မအကြောင်း ဘာ့ကြောင့်အရေးလုပ်ပြီးရေးရသလဲဆိုတော့ လက်ချောင်းတွေ ၊ အထူးသဖြင့် လက်မ၊လက်ညှိုး တို့ ပြသတဲ့ အမူအယာတွေက လူမျိုးအပေါ် မူတည်ပြီး ယဉ်ကျေးတာ ၊ ရိုင်းစိုင်းတာ ဆိုပြီး အမျိုးမျိုး အနက် ကောက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
မြင်သာအောင်ပြောရရင် ကျွန်တော်တို့အတွက် အရာဝတ္တုတွေ၊ လူတွေကို လက်ညှိုးထိုးပြီး ပြောတာ ပြဿနာမဟုတ်ပေမယ့် မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဘရူးနိုင်း တွေအတွက် ရိုင်းစိုင်း ရာရောက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအစည်းအဝေး ကို တက်ရမယ်ဆိုတော့ အတူပါတဲ့ နောင်တော်ကြီးက ကိုယ်စားလှယ်တွေအချင်းချင်း စကားပြောတဲ့အခါ လက်မ နဲ့ ပဲ ညွှန်ပြဖို့ အကြိမ်ကြိမ်သင်ပေးခဲ့တယ်။
ဒီလိုပါပဲ၊ လက်မ ထောင်ပြတာဟာ ကောင်းတယ်လို့ အသိအမှတ်ပြုတယ်ဆိုပေမယ့် အီရန်၊ အာဖဂန်နစ္စတန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှာ ဆဲတာလို့ သတ်မှတ်ပါတယ်။ အနောက် နိုင်ငံအချို့မှာ လက်ခလယ်ထောင်ပြသလိုပေါ့။
ကျွန်တော်တို့က လက်ညှိုးနဲ့လက်မ ဝိုင်းပြတာဟာ အဆင်ပြေတယ် ဒါမှမဟုတ် ငွေ လို့ နားလည်ပေမယ့် ဘရာဇီးလ် ၊ ရုရှားတို့မှတော့ ခန္တာကိုယ်အစိတ်အပိုင်းတစ်ခုကို ရည်ညွှန်း တာဖြစ်နေပြန်တယ်။
လက်မ နဲ့ လက်ညှိုးကို အခြားလက်ချောင်းတွေနဲ့ ကိုင်တွယ်ပြသတဲ့အခါ လက်အနေအထား ပေါ် မူတည်ပြီး ဘယ်လို အနက် ကောက်လို့ ရသလဲဆိုတာတော့ ကိုယ့်ဘာသာ ကိုယ်သာလေ့လာကြည့်ပေါ့။
ဒီအခြေအနေတွေအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ဆေးနည်းနမူနာကို သတ်မှတ်တဲ့အခါမှာ ကျန်းမာရေး လိုအပ်ချက်အရ အပြည့်အ၀ သန့်ရှင်းဖို့ ရည်ရွယ်ချက်အပြင် လက်ချောင်း တွေရဲ့ အနေအထား၊ လှုပ်ရှားမှု တွေဟာ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ တွေအရ ထိရှလွယ်တဲ့ အနေအထား မဖြစ်ဖို့ ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်ထားတာပါ။
ဒါ့ကြောင့် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လက်ဆေးရင်တော့ ဘယ်လိုဆေးဆေး ပြဿနာမရှိဘူး။ အင်တာနက်ကတဆင့် တကမ္ဘာလုံးအထိ ပျံ့သွားနိုင်တဲ့ ဗီဒီယိုရိုက်မယ် ဆိုရင် တော့ ကျန်းမာရေးအဖွဲ့ရဲ့ နမူနာအတိုင်း အတိအကျ ရိုက်ပြတာ အကောင်းဆုံးပဲ လို့ ပြောတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: