ဗိုင်းရပ်စ် ကာကွယ်ရေး စင်္ကာပူ သင်ခန်းစာ

စင်္ကာပူနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အစောဆုံးနိုင်ငံထဲမှာ ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပထမဆုံး ပိုးကူးစက်သူကို စစ်ဆေးတွေ့ရှိခဲ့တယ်။ မနေ့ကအထိ ကူးစက်သူ ၄၅၅ ဦး ရှိပြီး နှစ်ဦး သေဆုံးခဲ့တယ်။

ပထမဆုံးရောဂါပိုးရှိသူကို စတင်တွေ့ရှိတဲ့အချိန်ကစပြီး စင်္ကာပူအစိုးရဟာ ရောဂါ ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ခဲ့တယ်။ အခြားနိုင်ငံတွေလို တစ်နိုင်ငံလုံး၊ တစ်မြို့လုံးကို လူဝင်/ လူထွက် နဲ့သွားလာမှု အားလုံးထိန်းချုပ်ပစ်လိုက်တာမျိုးမဟုတ်ဘဲ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီး ဖို့ကြိုးစားခဲ့တယ်။ အောင်မြင်မှုလည်းရှိတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလည်းခံရတယ်။

ဒါပေမယ့် အခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကနေပြီး စင်္ကာပူနိုင်ငံအတွက်လည်း သင်ခန်းစာ တွေ ရခဲ့တယ်။ အဲဒီသင်ခန်းစာတွေအကြောင်းကို ဒီနေ့ထုတ် စထရိတ်တိုင်မ်း သတင်းစာမှာ “Hard truths about Singapore made evident in pandemic” ဆိုပြီး ဖော်ပြခဲ့တဲ့အတွက်
ဆောင်းပါးထဲက အရေးကြီးတဲ့အချက်တွေကို မ ျှဝေလိုက်ပါတယ်-

နိုင်ငံရဲ့ ပကတိအရှိတရား

၁။ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်မှု၊ အလွယ်တကူဆက်သွယ် သွား လာနိုင်မှုအပေါ်မှာမူတည်တယ်။ ဒါပေမယ့် အဲဒါကလည်း အခုလို အခြေအနေမှာ ပျော့ကွက် တစ်ခုဖြစ်နေတယ်။

၂။ စင်္ကာပူနိုင်ငံက ဝူဟန်ကနေ ပျံသန်းတဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ အများဆုံး ဆိုက် ရောက်တဲ့နေရာဖြစ်တယ်။ ဒါ့ကြောင့်လည်း ရောဂါ ကူးစက်မှုကို အစောဆုံးခံရတယ်။

၃။ စင်္ကာပူနိုင်ငံဟာ နိုင်ငံတကာလေကြောင်းလမ်းဆုံဖြစ် သလို၊ နိုင်ငံတကာ အစည်းအဝေးတွေ ကျင်းပရာနေရာလည်း ဖြစ်နေတဲ့အတွက် ပြည်ပကို ရောဂါ ပိုး တွေတင်ပို့သူလည်းဖြစ်ခဲ့တယ်။ နိုင်ငံတကာ စီးပွားရေးညီလာခံတစ်ခုကို ဇန်နဝါရီလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ တယ်။ အဲဒီညီလာခံမှာ ဝူဟန်ပြည်နယ်က ကိုယ်စားလှယ်တစ်ချို့လည်းပါတယ်။ သူတို့ဆီကနေ ရောဂါ ပိုးဟာ မလေးရှား၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့ကို ရောက်သွားတယ်လို့ ယူဆ ရတယ်။

၄။ စင်္ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံ အပြန်အလှန်ချိတ်ဆက်နေမှုကလည်း အခုလို အချိန်မှာ စိုးရိမ် မှုတွေမြင့်တက်စေတယ်။ စင်္ကာပူနိုင်ငံမှာ အောက်ခြေသိမ်းအလုပ်တွေကို လုပ်ကိုင်နေသူအများစု အပါအဝင် မလေးရှားကနေ အလုပ်လာလုပ်နေသူ သုံးသိန်းလောက်ရှိတယ်။ ကြက်သား၊ ကြက်ဥ ၊ ငါး နဲ့ ဟင်းသီးဟင်းရွက်အများစုကို မလေးရှားက တင်သွင်းတယ်။ မလေးရှားနိုင်ငံက သူနယ်စပ် တွေကို ပိတ်မယ်လို့ ကြေညာတဲ့အခါ စင်္ကာပူစီးပွားရေးကို ရိုက်ခတ်သွားတယ်။ လူတွေက စားနပ်ရိက္ခာပြတ်လတ်မှာကို စိုးရိမ်ကြတယ်။

ခေါင်းဆောင်မှု

၁။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဖြစ်တဲ့အချိန်ဟာ စင်္ကာပူနိုင်ငံမှာ စတုတ္ထမျိုးဆက်ခေါင်းဆောင်တွေ က ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ အရိုက်အရာကို ဆက်ခံဖို့ ပြင်ဆင်နေချိန်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ အရေးပေါ်အခြေအနေဟာ မျိုးဆက်သစ်ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုကို စမ်းသပ်လိုက်တာ လည်း ဖြစ်ပါတယ်။ ( ဝန်ကြီးချုပ်လီရှန်လွန်းက ၂၀၂၁ ရွေးကောက်ပွဲပြီးရင် အနားယူမယ်လို့ ကြေညာထားတာပါ။ )

၂။ စင်္ကာပူအစိုးရက ဗိုင်းရပ်စ်ပိုးရှိသူကို တွေ့ပြီးတာနဲ့ သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ချက်ခြင်းဖော်ထုတ်တယ်၊ အဲဒီလူတွေကို နေအိမ်တွေမှာ စောင့်ကြည့်ထိန်းချုပ်မှုလုပ်တယ်။ ကန့် သတ်ထားမှုကိုလိုက်နာမှုရှိမရှိ နည်းပညာသုံးပြီး စိစစ်စောင့်ကြည့်မှုတွေလုပ်တယ်၊ လူထုကို လည်း လက်ဆေးဖို့၊ တစ်ဦးနဲ့တစ်ဦး သုံးပေအကွာက နေထိုင်ဆက်ဆံဖို့၊ ရောဂါလက္ခဏာရှိသူတွေ တွေ့ရင် ချက်ခြင်းသတင်းပို့ဖို့ ဆောင်ရွက်ခဲ့တယ်။ အဲဒီလို လက်ဦးမှုယူဆောင်ရွက်ခဲ့တဲ့ အတွက် တစ်ချို့နိုင်ငံတွေလို အားလုံး တံခါးပိတ် အိမ်ထဲနေရတဲ့အခြေအနေကို (အခု အချိန်ထိ) ရှောင်လွှဲနိုင်ခဲ့တယ်။

၃။ စတုတ္ထမျိုးဆက်ခေါင်းဆောင်တွေအနက် ကျန်းမာရေးဝန်ကြီးနဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးနှစ်ယောက်က နေ့စဉ်နီးပါး သတင်းမီဒီယာတွေနဲ့တွေ့ဆုံရှင်းပြတယ်။ ကုန်သွယ်ရေး နဲ့ စက်မှုဝန်ကြီး နဲ့ အလုပ်သမားဝန်ကြီးက စီးပွားရေး နဲ့အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ တွေကို မပြတ်ရှင်းပြတယ်။ ဒါ့ကြောင့် အစိုးရရဲ့ မူဝါဒတွေအပေါ် လူထုယုံကြည်မှုရတယ်။

စီးပွားရေး

၁။ ( အခုအချိန်ထိ ) တစ်နိုင်ငံလုံးတံခါးပိတ် အိမ်ထဲနေရမယ့် အခြေအနေမရောက်အောင် ထိန်း ထားနိုင်တဲ့အတွက် စီးပွားရေးအရ ထိခိုက်မှု သက်သာခဲ့တယ်။ အစိုးရကလည်း ပထမအဆင့် စင်္ကာပူဒေါ်လာ ၆.၄ ဘီလျံနဲ့ စီးပွားရေးနလံထူမှုအစီအစဉ်ကို ကြေညာခဲ့တယ်။ ဒုတိယ အဆင့် လည်း ထပ်ကြေညာဖို့ရှိတယ်။

၂။ ဒါပေမယ့် စင်္ကာပူက နိုင်ငံတကာကုန်သွယ်ရေးအပေါ် မှီခိုနေရာတာဖြစ်တဲ့အတွက် ကမ္ဘာ့ စီးပွားရေးကျဆင်းမှု ဂယက်ကို ရှောင်လို့မရဘူး။ ရေရှည်ကာလအတွက် ပြင်ဆင်ထားရမယ်။

၃။ ကပ်ဘေးကာလမှာ အများပြည်သူကျန်းမာရေးဆိုင်ရာမူဝါဒ နဲ့ စီးပွားရေး မူဝါဒ နှစ်ခုဟာ ဟန်ချက်ညီညီချိတ်ဆက်ထားရမယ်။

ပြည်သူ

၁။ ၂၀၀၃ ခုနှစ် ဆားရောဂါ နဲ့ရင်ဆိုင်ရတဲ့အချိန်တုန်းက အစိုးရကပဲ အကုန်လုပ်ရတယ်။ အခု လူထုကလည်း သူတို့ နည်းသူတို့ဟန်နဲ့ပါဝင်လာတယ်။

၂။ နေအိ်မ်မှာ ထိန်းသိမ်းစောင့်ကြည့်ခံထားရသူတွေကို အကူအညီပေးဖို့အတွက် လူမှုရေး အသင်း အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်ကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် အစား အသောက်ပို့ပေးမယ့် အဖွဲ့တွေပေါ်လာတယ်။ စင်္ကာပူမှာသောင်တင်နေတဲ့ မလေးရှား လုပ်သား တွေအတွက် ယာယီတည်းခိုဖို့နေရာတွေ စီစဉ်ပေးကြတယ်။

စင်္ကာပူနိုင်ငံရဲ့ အရေးပေါ်အခြေအနေကို ကိုင်တွယ်ဆောင်ရွက်မှုကနေ သင်ခန်းစာဖော်ထုတ်ရရင် တော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ရဲ့

“ ဒီ ကိုဗစ် ၁၉ အကျပ်အတည်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်၊ အုပ်ချုပ်မှုစနစ်နဲ့ လူမှုအသိစိတ်ဓာတ်တွေကို မှတ်ကျောက်တင် တာပဲ” ဆိုတဲ့ စကားကိုပဲ ရည်ညွှန်းရမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: