ဗြိတိန်နိုင်ငံမှာ အစိုးရက အခြားရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၇၀ အထက်သက်ကြီးရွယ်အိုများကို ၁၂ ပတ် မိမိနေအိမ်မှာပဲ နေထိုင် ဖို့ အသွားအလာကန့်သတ်ခြင်း အမိန့်ထုတ်ခဲ့ပါတယ်။
ဒီအမိန့်ထုတ်ပြီးတဲ့အခါ မိမိနေအိမ်မှာပဲ အသွားအလာ ကန့်သတ်ခံထားရသူတွေ၊ အထူး သဖြင့် အဖော်မပါရှိဘဲ နေထိုင်နေရသူတွေကို ဘယ်လို ကူညီစောင့်ရှောက်မလဲဆိုတဲ့ ပြဿနာပေါ်လာ တယ်။ ဒေသန္တရ ကျန်းမာရေးနဲ့ လူမှုရေး အာဏာပိုင်တွေကလည်း အပြည့်အ၀ မလုပ်ပေးနိုင်ဘူး။
အဲဒီကွက်လပ်ကို ပရဟိတ အဖွဲ့အစည်းတွေက ဝင်ဖြည့်ပေးတယ်။ အစိုးရက တားဆီး ကန့်သတ် အမိန့်ထုတ်ပြီးတဲ့နောက်မှာ ပရဟိတအဖွဲ့အစည်း ၁၈၀၀ လောက်ပေါ်လာတယ်။ အဲဒီ အဖွဲ့ တွေ ဟာ COVID-19 Mutual Aid UK အဖွဲ့ကြီးအောက်ကနေ ဆောင်ရွက်နေတာ ဖြစ် ပါတယ်။
ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-
၁။ ဈေးဝယ်ချင်တယ်၊ အစားအသောက်မှာချင်တယ်ဆိုရင် အိမ်တိုင်ယာရောက် အခမဲ့ ပို့ ဆောင်ပေးတယ်။ ( အိမ်ထဲမဝင်ဘူး၊ အပြင်မှာပဲထားပေးတယ် )
၂။ မိမိမြို့နယ်အလိုက် ပိတ်ထားရတဲ့ စားသောက်ဆိုင်တွေကို အစားအသောက် ပြင်ဆင် ဖြန့်ေ၀ ပေးတဲ့ နေရာအဖြစ်အသုံးချတယ်။
၃။ ဈေးဆိုင်တွေ၊ အိမ်တိုင်ယာရောက် ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတွေ အချင်းချင်း ချိတ်ဆက် ပေးပြီး ပစ္စည်းတွေကို ကားတစ်စီးတည်းမှာ စုပေါင်းပို့ဆောင်ပေးတယ်။ ဒါ့ကြောင့် လုပ်အား၊ ကား၊ စက်သုံးဆီ ချွေတာနိုင်တယ်။
၄။ သီးခြားကန့်သတ်ခံထားရလို့ စိတ်ဓာတ်ကျနေသူတွေကို ဖုန်း ၊ အွန်လိုင်းကနေ နှစ်သိမ့် ဆွေးနွေးအားပေးတယ်။
၅။ ကန့်သတ်ခံထားရသူတွေရဲ့ ပုဂ္ဂလိက လိုအပ်ချက်လေးတွေကိုလည်း ဖြည့်ဆည်းပေး တယ်။ ( စာအုပ်ဖတ်ချင်တာ၊ သူ့ခွေးကို အပြင်မှာ ကျောင်းပေးဖို့ စသည်ဖြင့် )
၆။ အရေးပေါ် ဖုန်းတွေသတ်မှတ်ပေးထားပြီး သိချင်တာတွေမေးနိုင်အောင်လုပ်ပေးတယ်။ အထီး ကျန်နေတဲ့သူတွေက ဖုန်းပြောချင်ရင် အဖော်လုပ်ပေးတယ်။
ဒီလှုပ်ရှားမှုတွေက COVID-19 Mutual Aid UK အောက်ကနေ ဆောင်ရွက်တယ်ဆိုပေမယ့် မိခင် အဖွဲ့ကြီးက ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်း တွေနဲ့အညီလုပ်ဆောင်နိုင်အောင်အတွက် အွန်လိုင်းသင်တန်းပေးတာ၊ ဌာနဆိုင်ရာတွေ၊ စီးပွား ရေးလုပ်ငန်းကြီးတွေနဲ့ ညှိနှိုင်းပေးတာမျိုးကိုပဲ တာဝန်ယူတာပါ။
လက်တွေ့လုပ်ငန်းဆောင်ရွက်တဲ့အခါမှာတော့ သက်ဆိုင်ရာအဖွဲ့တွေက ကိုယ့်ရပ်ရွာအခြေအနေ နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို သုံးပြီးလုပ်ဆောင်ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြည်ပက ပြန်ရောက်လာသူတွေကို နေအိမ်မှာပဲ နေဖို့ အသွားအလာ ကန့်သတ်ထားတာကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ အတွက် ဗြိတိန်နိုင်ငံရဲ့ အတွေ့အကြုံ ကို ကိုယ်ဒေသအခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်နိုင်ဖို့အတွက် မ ျှဝေလိုက်ပါ တယ်။
ကိုးကား
In the UK, an outbreak of kindness and charity as virus spreads အယ်လ်ဂျာဇီးယားသတင်းဌာန၊ မတ် ၂၀ ၊ ၂၀၂၀