ဗိုင်းရပ်စ် နဲ့ စင်္ကာပူ စီးပွားရေး


နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းဇယားများအရ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၀ ပထမ သုံး လ ကာလ မှာ ၂.၂ % ကျုံ့သွားခဲ့ပြီး ၂၀၂၀ မှာ စင်္ကာပူစီးပွားရေးဟာ တိုးတက် မှု ရှိမှာမဟုတ်ဘဲ ၁% ကနေ ၄% အထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားတယ်။
စင်္ကာပူ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍရေးဝန်ကြီးလည်းဖြစ်တဲ့ Heng Swee Keat က ဒီအခြေအနေဟာ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ထက် ဆိုးတယ်။ ဒါဟာ စင်္ကာပူ နိုင်ငံ နဲ့ ပြည်သူတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုပဲလို့ ပြောခဲ့တယ်။
လက်ရှိအခြေအနေမှာ စင်္ကာပူအစိုးရက စီးပွားရေး နလံထူဖို့အတွက် စင်္ကာပူဒေ ါ်လာ ၆ ဘီလျံကျော် အရေးပေါ်ဘတ်ဂျက်ကို ပြဋ္ဌာန်းပြီး ပြီ။ အဲဒီ ၆ ဘီလျံမှာ ၄ ဘီလျံက စီးပွားရေး လုပ်ငန်း တွေ ငွေကြေးလည်ပတ်ပြီး အလုပ်သမားတွေ ဆက်အလုပ်လုပ်နေနိုင်ဖို့ အတွက် ထောက်ပံ့ပေးမှာဖြစ်ပါတယ။်
ဒေါ်လာ ၁.၆ ဘီလျံကတော့ အသက် ၂၁ နှစ် အထက် စင်္ကာပူနိုင်ငံသားတိုင်းကို တစ်လုံး တ စ်ခဲ တည်းထောက်ပံ့ငွေ အဖြစ်ပေးမှာဖြစ်ပါတယ်။ ဒေါ်လာသန်း ၈၀၀ ကတော့ ရောဂါ ထိန်းချုပ် ကုသ ရေးဆောင်ရွက်နေတဲ့ ဌာနတွေကို ခွဲဝေပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရ အရေးပေါ်ဘတ်ဂျက်က လုံလောက်မှုမရှိနိုင် တဲ့အတွက် နောက် ဆက်တွဲဘတ်ဂျက်တစ်ခုကို ဒီနေ့ ညနေမှာ လွှတ်တော်မှာတင်သွင်းမှာဖြစ် ပါတယ်။ အဲဒီဘတ်ဂျက်မှာငွေဘယ်လောက်သုံးမယ်ဆိုတာ မသိရသေးဘူး။
ကိုးကား ။ စထရိတ်တိုင်းမ်သတင်းစာ ၂၅ မတ် ၂၀၂၀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: