စင်္ကာပူအစိုးရက မတ် ၂၆ ရက်နေ့ (မနေ့က) ဗိုင်းရပ်စ်ရောဂါ ကြောင့် ထိခိုက်နေ တဲ့ စီးပွားရေးကဏ္ဍကို အထောက်အကူပြုဖို့အတွက်နောက်ထပ် အရေးပေါ် ဘတ် ဂျက်တစ်ခုကို လွှတ်တော်မှာတင်သွင်းအတည်ပြုခဲ့ပါတယ်။
ဒီဘတ်ဂျက်က စင်္ကာပူဒေါ်လာ ၄၈.၄ ဘီလျံ လျာထားသုံးစွဲမှာဖြစ်ပြီး ရောဂါ စတင် ဖြစ်ပွားချိန်မှာ အတည်ပြုခဲ့တဲ့ စင်္ကာပူဒေါ်လာ ၆.၄ ဘီလျံ နဲ့ပေါင်းလိုက်ရင် အရေး ပေ ါ် ဘတ်ဂျက် ၅၄.၈ ဘီလျံရှိသွားပြီဖြစ်ပါတယ်။
ဒါဟာ စင်္ကာပူနိုင်ငံ ဂျီဒီပီရဲ့ ၁၁ % ဖြစ်ပြီး ၂၀၂၀ မူလ ဘတ်ဂျက် ၁၀၆ ဘီလျံရဲ့ ၅၀% ထပ်တိုးသုံးတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ် နဲ့ ရင် ဆိုင်ရချိန်မှာ စင်္ကာပူနိုင်ငံက အရေးပေါ် ဘတ်ဂျက် ၂၀.၅ ဘီလျံပဲ သုံးစွဲခဲ့တာနဲ့ နှိုင်း ယှဉ်လိုက်ရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုအတိုင်းအတာကို မှန်းဆလို့ရပါတယ်။
အခုအရေးပေါ် ဘတ်ဂျက်ကို ကဏ္ဍသုံးခုအတွက် သုံးစွဲသွားမယ်လို့ ဒုတိယ ဝန်ကြီး ချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ Heng Swee Keat ကပြောပါတယ်။ အဲဒီ ကဏ္ဍ တွေကတော့
၁။ အလုပ်လက်မဲ့မဖြစ်အောင် ကာကွယ်ရန်၊ ပြည်သူတွေရဲ့ လူမှုဘဝတွေကို မထိခိုက်စေရန်။
၂။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လက်ရှိ အခက်အခဲများကို ကျော်လွှားနိုင်ရန်။
၃။ လူမှုရေး၊ စီးပွားရေး ကဏ္ဍများ ပြန်လည်ရှင်သန်နိုင်စွမ်းမြင့်မားအောင် အထောက် အကူ ပြုရန်။
ဒါ့အပြင် စီးပွားရေးကျပ်တည်းမှုဒဏ်ကို ခံစားနေရတဲ့ စင်္ကာပူပြည်သူတွေကို စာနာတဲ့ အနေနဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဝန်ကြီးများ၊ အခြားနိုင်ငံေ ရး ရာထူးတာဝန်ယူထားသူအားလုံး လစာသုံးလစာမယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒုဝန်ကြီးချုပ် Heng Swee Keat က စင်္ကာပူ ပြည်သူတွေ ( အလုပ်အကိုင်၊လူမှုဘဝ၊ စားနပ်ရိက္ခာ) လုံခြုံ စိတ်ချရဖို့၊ စီးပွားရေး ရပ်တန့်မသွားဖို့နဲ့ ပြန်လည်နလံထူနိုင်ဖို့အ တွက် လိုအပ်တာတွေအားလုံးလုပ်ဆောင်သွားမယ် လို့ ကတိပေးခဲ့ပါတယ်။
ကိုးကား။ စထရိတ်တိုင်းမ် မတ် ၂၇ ၂၀၂၀