ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ် ၁၉ ရောဂါ ကြောင့်သေဆုံးသူမရှိသေးတဲ့ သုံးနိုင်ငံဖြစ်ပါတယ်။ ပုံ (၁)
အဲဒီအထဲမှာ နိုင်ငံအရွယ်အစား နဲ့ လူဦးရေ၊ တရုတ်နိုင်ငံနဲ့ မိုင် ၉ ၀၀ နီးပါး နယ်နမိတ်ချင်း ဆက်စပ်နေတဲ့အခြေအနေတွေအရ ဗီယက်နမ်ရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေအပေါ် စိတ်ဝင်စားလာကြတယ်။
ဧပြီ ၂၄ အထိ ဗီယက်နမ်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၆၈ ယောက်၊ သက်သာပျောက်ကင်းသူ ၂၂၄ ယောက်နဲ့ သေဆုံးသူမရှိဘူး။ ပုံ (၂) ။
ကွန်မြူနစ်နိုင်ငံဖြစ်ပြီး သတင်းမီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကိန်းဂဏန်းတွေအပေါ် မေးခွန်းထုတ်မှုအချို့ရှိတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံဟာ နိုင်ငံတွင်းရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီးဆိုတဲ့ အချက် ကတော့ သေချာတယ်။
ဗီယက်နမ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပြန်လေ့လာကြည့်တော့ အခုလိုတွေ့ပါတယ်
၁။ ဇန်နဝါရီလထဲမှာ ဝန်ကြီးချုပ် Nguyen Xuan Phuc က ကွန်မြူနစ်ပါတီအစည်းအဝေး မှာ ဗိုင်းရပ်စ်က ဗီယက်နမ်ကို ကူးစက်လာမှာပဲ။ ဗိုင်းရပ်စ် ကို စစ်တိုက်သလိုတိုက်ဖို့ ပြင်ဆင်ထား ရမယ် လို့ပြောခဲ့ တယ်။ အဲဒီအချိန်က ဗီယက်နမ်မှာ ရောဂါ ကူးစက်သူမတွေ့သေးဘူး
၂ ။ ဗီယက်နမ် က တောင်ကိုရီးယားလို ပိုးစစ်ဆေးမှုကို လူသန်းနဲ့ချီပြီးမလုပ်နိုင်ဘူး။ ဒါ့ကြောင့် ပိုး ရှိတဲ့သူတွေ့တာနဲ့ ဆက်စပ်သူအားလုံးကို ချက်ခြင်းခြေရာခံတယ်။ သီးခြားခွဲခြားထားမှုကို ကျယ် ကျယ်ပြန့်ပြန့်လုပ်တယ်။
၃။ ရောဂါပိုးကူးစက်မှုများမယ်လို့မေ ျှာ်လင့်တဲ့ မြို့ရွာတွေကို ချက်ခြင်း Lockdown လုပ် တယ်။ ဥပမာအားဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လူဦးရေတစ်သောင်းကျော်ရှိတဲ့ မြို့လေးကို အစောဆုံး Lockdown လုပ်တယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးမှာ ပိုးတွေ့သူ ၁၀ ယောက်ပဲ ရှိ သေးတယ်။
၄။ နိုင်ငံအများစုမှာ ရောဂါပိုးတွေ့တဲ့သူ နဲ့ အဲဒီလူကို တိုက်ရိုက်ထိတွေ့သူကိုပဲ သီးခြား ခွဲခြား ထိန်းသိမ်းတာမျိုးလုပ်တယ်။ ဗီယက်နမ်ကတော့ အစထဲက တိုက်ရိုက်ထိတွေ့သူအပြင် ဒုတိယ၊ တတိယ နဲ့ စတုတ္ထအဆင့် ထိတွေ့ဖို့အလားအလာရှိသူတွေကိုပါ ခြေရာကောက်ပြီး ခွဲခြား စောင့် ကြည့်တယ်။
၅။ ဖေဖော်ဝါရီ၁ ရက်နေ့ထဲက ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက လာရောက်သူတွေကို ၁၄ ရက် ခွဲခြားစောင့် ကြည့်တယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်လိုက်တယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံက ပြန်လာတဲ့အလုပ်သမားတွေကနေ တဆင့် ကူးစက်တာကို ကာကွယ်နိုင်ဖို့ Vinh Phuc ပြည်နယ်တစ်ခုလုံးက ၂၁ ရက် Lockdown လုပ်ထားခဲ့တယ်။ တရုတ်နယ်စပ်ကို ပိတ်လိုက် တယ်။
၆။ မတ်လဆန်းမှာ လူတိုင်း အပြင်ထွက်ရင် Mask ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်တယ်။
၇။ မူလထဲက တင်းကျပ်တဲ့လုံခြုံရေးစနစ်ရှိတဲ့ ဗီယက်နမ်အစိုးရက အဲဒီစနစ်ကို သုံးပြီး မြို့ တိုင်း၊ ရွာတိုင်း၊လူတိုင်းကို စောင့်ကြည့်တယ်။ သတင်းပေးကွန်ယက်တွေကနေ ရောဂါ ကူးစက်သူလို့ သံ သယရှိသူတွေ၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းချိုးဖောက်သူတွေကို ဖော်ထုတ်တယ်။ ( ဘေး ထွက်ဆိုးကျိုးကတော့ ရောဂါကူးစက်သူတွေကို အပယ်ခံလိုမျိုးထားတာ၊ အလွန်အမင်းခွဲခြား ဆက် ဆံတာတွေဖြစ်ခဲ့တယ်။ )
၈ ။ ဧပြီ ၂၂ ရက်နေ့အထိ ရောဂါပိုးကူးစက်ခြင်းရှိမရှိ စစ်ဆေးမှုပေါင်း တစ်သိန်း ရှစ်သောင်းကျော်လုပ်ခဲ့တယ်။ ကူးစက်သူ ၂၇၀ နီးပါးရှိတဲ့အတွက် ကူးစက်သူ နဲ့ စမ်းသပ်မှုအချိုးက ၁ း ၆၇၀ လောက်ရှိခဲ့တယ်။
၉ ။ အစိုးရက ဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲ ကာလက တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည် လှုံ့ဆော်ခဲ့တယ်။ ဝန်ကြီးချုပ်က “စက်ရုံတိုင်း၊ လုပ်ငန်းတိုင်း၊ မြို့ရွာတိုင်း၊ လူတိုင်းဟာ ဗိုင်းရပ်စ် ကို ကာကွယ်မယ့် ခံတပ်တွေဖြစ်အောင်လုပ်ကြ” လို့ တိုက်တွန်းခဲ့တယ်။
၁၀။ စီးပွားရေးလုပ်ငန်းတွေ နဲ့ အလုပ်သမားတွေကို အကူအညီပေးဖို့အတွက် ဒေါ်လာ ၁.၁ ဘီလျံ သုံးစွဲခဲ့တယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကတော့ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် မကြာခင်မှာ သွားလာမှု ဆိုင်ရာကန့်သတ်ချက်တွေကို လေ ျှာ့ပေါ့ပေးမယ်လို့ ကြေညာခဲ့တယ်။
ပြန်ချုပ်လိုက်ရင်တော့ အစိုးရရဲ့ ကြိုတင်မေ ျှာ်တွေး ပြင်ဆင်မှု နဲ့ ဗိုင်းရပ်စ် ပျံ့ပွားမှု ထိန်းချုပ် ရေးကို ပြတ်ပြတ်သားသား လုပ်ခဲ့တာက အဆုံးအဖြတ်ပေးသွားတာပါပဲ။
ကိုးကား။ DW သတင်းဌာန ၁၆ ဧပြီ ၂၀၂၀၊ World Economic Forum ဝက်ဘ်ဆိုက် ၃၀ မတ် ၂၀၂၀၊ ရိုက်တာ သတင်း ၂၃ ဧပြီ ၂၀၂၀ ၊ ဗီအိုအေ (မြန်မာ) ၂၃ ဧပြီ ၂၀၂၀