သမင်လည်ပြန်

·

မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉ ၉ ၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ်ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေထဲက တစ်ခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက် အောင်ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲရေး

မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေက မြန်မာ့မီဒီယာပြုပြင် ပြောင်းလဲရေးတွေဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ဆောင်ရွက်ခဲ့ တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့ ရလဒ်လို့ ယူဆကြတယ်။ တကယ်တော့ ဦးသိန်းစိန် ရဲ့ ပြု ပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ မီဒီယာပွင့်လင်းမှုတွေကို ပိုပြီး မြန်ဆန်သွားစေတာမှန် ပေမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးရဲ့ မူလအစတော့မဟုတ်ခဲ့ဘူး။

တပ်မတော်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီးတွေထဲမှာ ဦးကျော်ဆန်းဟာ လူသိအများဆုံးနဲ့ မီဒီယာသမားအများစုရဲ့ အမုန်းခံရဆုံးဖြစ်မယ်ထင်တယ်။ ဒါ့ကြောင့်၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင် ရမယ့်အပြောင်းအလဲတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ် ထဲက စတင်ခဲ့တယ် ဆိုရင် အံ့သြ ကြ လိမ့်မယ်၊ ယုံချင်မှလည်းယုံကြလိမ့်မယ်။

ဦးကျော်ဆန်းဟာ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက် တပ်မတော်အစိုးရရဲ့ ပြန်ကြားရေးမူဝါဒတွေကို တိ တိကျကျ အကောင်အထည်ဖော်တယ်။ ဒါ့ကြောင့်လည်း ခေါင်းမာဂိုဏ်းသားအဖြစ် တံဆိပ်ကပ်ခံရ တယ်၊ လူမုန်းခံရတယ်။ ဒါပေမယ့် အဲဒါကြောင့်ပဲ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် လူကြီးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ရခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့ တယ် ။

ကျွန်တော် ပြန်ကြားရေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ၂၀၀၅ ခုနှစ် မေလ။ ဝန်ကြီး ရုံး ခန်းမှာ ပထမဆုံးသတင်းပို့တဲ့အချိန်မှာ ဦးကျော်ဆန်းက “ အခု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတွက်ပြင်ဆင်နေတယ်၊ အခြေခံဥပဒေပေါ်လာရင် စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာ နိုင်ငံသား အခွင့်အရေးဖြစ်သွားပြီ။ မဖြစ်မနေပေးရမယ်။ အဲဒါကြောင့် ငါတို့ မူဝါဒတွေ ပြောင်းဖို့ရှိတယ်။ နိုင်ငံ တကာအခြေအနေတွေကို လေ့လာနိုင်ဖို့ ပြင်ဆင်နေတယ်။” လို့ပြောခဲ့တယ်။

အဲဒီအချိန်က ဦးကျော်ဆန်းရဲ့ အစီအစဉ်က အခုလိုဖြစ်ပါတယ်-

၁။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး မီဒီယာပြုပြင်ပြောင်းလဲရေး အတွက် ကြိုတင် လေ့လာမှုတွေလုပ်မယ်။
၂။ စာပေစိစစ်ရေးမူဝါဒတွေကို ဖြေးဖြေးချင်းလေ ျှာ့သွားမယ်။
၃။ နိုင်ငံတကာသတင်းဌာနတွေကိုလည်း အခြေအနေပေးတိုင်း လူကြီးတွေကို တင်ပြပြီး မြန်မာ နိုင်ငံထဲမှာ သတင်းယူခွင့်ပြုမယ်။ လူကြီးတွေအနေနဲ့ နိုင်ငံတကာသတင်းမီဒီယာကို သတင်းယူ ခွင့် ပြုတာဟာ အကျိုးရှိတယ်ဆိုတာလက်ခံအောင် ကြိုးစားမယ်။

ဒါပေမယ့် အဲဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ရတာက မလွယ်ဘူး၊ ဖြောင့်ဖြောင့်တန်း တန်းမဟုတ်ဘူး။ အထူး သဖြင့် စာပေစိစစ်ရေးမူဝါဒရယ် ၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ ဆက် ဆံရေးရယ်က ထိပ်ပိုင်းက လူကြီးတွေရဲ့ မိုးလေဝသကို ကြည့်ပြီး လုပ်နေရတယ်။ တစ်ခါတစ်လေ မမေ ျှာ်လင့်တဲ့ဖြစ်ရပ်တွေကြောင့် တုန့်ဆိုင်းသွားရတာရှိတယ် ။ တစ်ခါတစ်ခါကျတော့လည်း ဝန်ကြီးအချင်းချင်း အချွန်နဲ့မ တာခံရလို့ အစီအစဉ်တွေရပ်သွားတာ၊ နောက်ပြန်ရွေ့သွားတာ လည်း ရှိတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကို အများဆုံးထောက်ပြလေ့ရှိတာကတော့ ဦးအောင် သောင်းနဲ့ ဦးခင်အောင်မြင့်ပဲ။ ( ဦး) စောေ၀ ရဲ့ ကဗျာကိစ္စ၊ မြန်မာတိုင်းမ် ကြော်ငြာကိစ္စ တို့လိုမျိုး တွေမှာ စာပေစိစစ်ရေး ညံ့တယ်၊ ဦးကျော်ဆန်း မီဒီယာတွေကို မထိန်းနိုင်ဘူး စသည်ဖြင့် အပြောခံရတယ်။ တစ်ခါကတော့ ဦးခင်အောင်မြင့်က ဂျာနယ်တစ်စောင်မှာ အစိုးရကို သွယ်ဝိုက်ေ၀ ဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြပြီး ဒီလိုဂျာနယ်ကို ဘယ်သူက ခွင့်ပြုလဲဆိုပြီး ဦးရွှေမန်း ဦးစီး ကျင်းပတဲ့ နေ့စဉ်နိုင်ငံရေးအစည်းအဝေးမှာ ပြောတယ်။ အဲဒီနေ့က ဦးကျော်ဆန်းနေပြည်တော် မှာ မရှိလို့ ကျွန်တော်က ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားတက်ရတော့ ဦးရွှေမန်းက ပြန်စစ်ပြီး တင်ပါလို့ ညွှန်ကြားတယ်။ တကယ်ပြန်စစ်လိုက်တော့ အဲဒီဂျာနယ်က ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနတစ်ခုရဲ့ ထုတ်ဝေခွင့်ကို ငှားပြီး ထုတ်နေတာဖြစ်နေတယ်။ အဲဒီလို ကိစ္စ တွေက မကြာမကြာဖြစ်လေ့ရှိတယ်။

တစ်ခါမှာကျတော့ကော်ဖီမစ် ကြော်ငြာတစ်ခုဟာ ပြောင်းပြန်ဖတ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ကို ညွှန်းတာဖြစ်နေတယ်ဆိုပြီး ဦးကျော်ဆန်းကို ကျပ်လွှတ်လိုက်တယ်။ အဲဒီ အချိန်က စောဝေရဲ့ ကဗျာကိစ္စကလည်း ဖြစ်ပြီးချိန်ဆိုတော့ ဦးကျော်ဆန်း ရှုးရှုးရှားရှားနဲ့ ပြန် ရောက်လာတယ်။ ရန်ကုန်စာပေစိစစ်က ဦးတင့်ဆွေတို့ရော၊ နေပြည်တော်က ကျွန်တော်တို့ရော အဲဒီကြော်ငြာကို နေရောင်ထဲ ထောင်ကြည့်၊ မှန်ထောင်ကြည့် အလုပ်ရှုပ်တော့တာပေါ့။ တကယ် တာ့ ဘာမှမဟုတ်ပါဘူး။

အဲဒီဒဏ်တွေကို အများဆုံးခံရတာကတော့ ဦးတင့်ဆွေပေါ့။ အပေါ်က အခြေအနေကို မူတည်ပြီး ဦး ကျော်ဆန်းက စာပေစိစစ်ရေးမူဝါဒတွေကို အတိုးအလျှော့လုပ်ရတာကို မသိတဲ့ သတင်း သမား တွေကတော့ စာပေစိစစ်က ဂဏန်းမငြိမ်ဘူး၊အပြောင်းအလဲမြန်တယ်၊ လိုတစ်မျိုး မလိုတစ်မျိုးဆို ဦးတင့်ဆွေကို အပြစ်တင်ကြတယ်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု

အနာဂတ်မီဒီယာအခြေအနေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်ပြင်မယ်ဆိုရင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အခြေပြုထားတဲ့ မီဒီယာအဖွဲ့အစည်း တွေ၊ ယူနက်စကိုလို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါပေမယ့် အနောက် အုပ်စုနိုင်ငံတွေနဲ့ မြန်မာဆက်ဆံရးအခြေအနေကြောင့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ အခက်တွေ့နေတယ်။

အဲဒီအချိန်မှာ စွန့်စားပြီး ကူညီတဲ့ ပထမဆုံး နိုင်ငံတကာအဖွဲ့အစည်းက ဂျာမနီနိုင်ငံအခြေစိုက် Friedrich-Ebert-Stiftung , FES လို့ခေါ်တဲ့ Friedrich Ebert ဖောင်ဒေးရှင်းပဲ။ FES က ၂၀၀၈ ခုနှစ်ထဲမှာ ပြန်ကြား ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တစ်ဖွဲ့ကို စင်္ကာပူ အခြေစိုက် Asia Media Information and Communication Centre, AMIC နဲ့ မလေးရှားအခြေစိုက် Asia-Pacific Institute for Broadcasting Development, AIBD တွေမှာ နှစ်ပတ်ကြာ ဆွေးနွေးပွဲတွေလုပ်ပေး တယ်။ အဲဒီဆွေးနွေးပွဲတွေမှာ နိုင်ငံတကာမီဒီယာပညာရှင်တွေက မီဒီယာဥပဒေ၊ အများပြည်သူ ဝန် ဆောင်မှုမီဒီယာ၊ မီဒီယာနဲ့ ဒီမိုကရေစီ စတဲ့ ဘာသာရပ်တွေကို ဆွေးနွေးတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆောင်ရွက်သင့်တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သုံးသပ်တယ်။

အဲဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ ၂၀၀၉ ခုနှစ်ထဲရောက်တော့ ဦကျော်ဆန်းက အနာဂတ် မီဒီယာ ပြုပြင်ပြောင်းလဲရေး အတွက်

၁။ မီဒီယာဥပဒေသစ်တွေ ( ပုံနှိပ်/မှတ်ပုံတင်ဥပဒေ၊ စာနယ်ဇင်းဥပဒေ၊ ရုပ်သံဥပဒေ၊ ရုပ်ရှင်ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ) ဆွဲဖို့။

၂။ စာနယ်ဇင်းဥပဒေပြီးရင် စာပေစိစစ်ဖျက်သိမ်းဖို့။

၃။ အစိုးရရုပ်သံနဲ့ သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းဖို့။

၄။ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြည်တွင်းမှာ မီဒီယာသင်တန်းတွေပို့ချခွင့်ပြုဖို့

ဆိုပြီးသတ်မှတ်ခဲ့တယ်။ ကျွန်တော်သိသလောက် အဲဒီ အစီအစဉ်ကို အကြီးအကဲတွေကိုလည်း ဦးကျော်ဆန်းရှင်းပြအတည်ပြုချက်ယူခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာထဲကို ဌာန အသီးသီးက ဥပဒေသစ်တွေအတွက်လေ့လာမှုတွေစလုပ်နေခဲ့ပြီ။ စာပေစိစစ်မူဝါဒတွေကို လေ ျှာ့ပေးတာတွေ လုပ်နေပြီ။

၂၀၁၁ အပြောင်းအလဲ

၂၀၁၁ သမ္မတ ဦးသိန်းစိန်တာဝန်ယူပြီးချိန်မှာလည်း အစိုးရအဖွဲ့သစ်နဲ့ လွှတ်တော်ဥက္ကဌ နှစ်ဦး ကို ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ တရားဝင်ရှင်းလင်းတင်ပြခဲ့တယ်။ အဲဒီ တင်ပြတဲ့အချိန်မှာ ဦးတင့်ဆွေလည်း လိုက်ပါသွားခဲ့ရတယ်။ အကြီးအကဲတွေကလည်း ဦးကျော် ဆန်းရဲ့ အစီအစဉ်ကို လက်ခံခဲ့တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ စတင်ချိန်မှာ နိုင်ငံတကာထောက်ခံမှုတွေ ရလာတဲ့အတွက် မီဒီယာပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအကူအညီတွေလည်း ပိုရလာခဲ့ တယ်။ အဲဒီအချိန်မှာ ဦးကျော်ဆန်းက မြန်မာနိုင်ငံမှာ မီဒီယာပြုပြင်ပြောင်းလဲရေးကို သက်သေပြ ဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် နိုင်ငံတကာ အ စည်းအဝေးနှစ်ခုကို လုပ်ခဲ့ တယ်။

ပထမတစ်ခုကတော့ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု နိုင်ငံတကာညီလာခံဖြစ်ပြီးနောက်တစ်ခုက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား ဖြစ်ပါတယ်။ အခုတော့ အဲဒီ အခမ်းအနားနှစ်ခုက နှစ်စဉ်ပုံမှန်ကျင်းပတဲ့အခမ်းအနားတွေဖြစ်နေပြီး အစိုးရ၊ပြည်တွင်းမီဒီယာသမားများနဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်နိုင်တဲ့ နေရာတွေဖြစ်နေပါပြီ။

ဦးကျော်ဆန်း

ဒီနေရာမှာ ဦးကျော်ဆန်းဟာ မီဒီယာပြုပြင်ပြောင်းလဲရေးကို စတင်ခဲ့သူဆိုရင် သမ္မတ ဦးသိန်းစိန် က ဘာ့ကြောင့် ဦးကျော်ဆန်းကို သမဝါယမဝန်ကြီးဌာနကို ရွှေ့လိုက်တာလဲလို့မေးစရာရှိပါတယ်။

အဓိကကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးအပေါ် ရှုမြင်ပုံကွဲလွဲတာကြောင့်ပါပဲ-

၁။ သမ္မတနဲ့ ဝန်ကြီးတစ်ချို့က မီဒီယာပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်တယ်။ မြန်မြန်ပြောင်းလဲပြချင်တယ်။

၂။ ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းအဖြစ်ပဲ ဆက်လုပ်ချင်တယ်။ အဆင့်ဆင့်ပြောင်းချင်တယ်။

ဥပမာ၊ စာပေစိစစ်ဖျက်သိမ်းရေးကိစ္စမှာ သမ္မတရုံးဘက်က မြန်မြန်ဖျက်ချင်တယ်။ ဦးကျော်ဆန်းက စာနယ်ဇင်းဥပဒေ ( သတင်းမီဒီယာဥပဒေ)ရေးဆွဲနေချိန်မှာ ထုတ်တင် စနစ်ကနေ တင်ထုတ်စနစ် ပြောင်းတာကို အဆင့်ဆင့်လုပ်မယ်၊ ဥပဒေအတည်ဖြစ်မှ စာပေစိစစ် လုံးဝဖျက်သိမ်းတာကို လုပ်ချင်တယ်။

အဲဒီလို သဘောထားကွဲလွဲမှုတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ဦးအောင်ကြည်နဲ့ ဦးကျော်ဆန်းကို အစားထိုးခဲ့တာဖြစ်ပါတယ်။

မဆုံးတဲ့ခရီး

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း တံတားအောက်မှာ မြစ်ရေတွေအများကြီး စီးဆင်းသွားခဲ့ပါပြီ။ မြန်မာ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးဟာလည်း လီဗာနင်းတဲ့အချိန်ရော၊ ဘရိတ်ဆောင့်နင်းတဲ့ အချိန်တွေ ရောကြုံခဲ့ရပြီ။ ဆက်သွားနေသလား၊ ရပ်နေသလား ဆိုတာတောင် မသေချာဘူး။ မီဒီယာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးတောင် ကြားရတာ နည်းသွားပြီ။ ဒါပေမယ့် ပြဿနာတွေ ဘယ်လောက်ရှိရှိ ဒီခရီးက ရပ်လို့မရတာတော့ သေချာပါတယ်။

မှတ်ချက်။ ၂၀၁၉ ခုနှစ် မေ လ ၃ ရက်နေ့ Facebookမှာ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: