တောင်ကိုရီးယား နဲ့ တစ်ကျော့ပြန် ဗိုင်းရပ်စ်

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်တွေ့ရှိခဲ့တယ်။ ကိုရီးယားနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အစီ အစဉ်က ပိုးရှိမရှိ စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှု နဲ့ ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့ သူတွေကို သတင်းအချက်အလက်နည်းပညာသုံးပြီးခြေရာခံမှု ပေါ်မှာ အခြေခံတယ်။

တောင်ကိုရီး ယားနိုင်ငံဟာ တရုတ် နဲ့ ဥရောပနိုင်ငံတွေမှာ ကျင့်သုံးတဲ့ တင်းကျပ်တဲ့ Lockdown အစီအစဉ် တွေမလုပ်ခဲ့ဘူး။ Mask တပ်ဖို့ ၊ ဝေးဝေးနေဖို့၊ လူစုလူဝေးမလုပ်ဖို့ ပဲ တားမြစ် ခဲ့တယ်။ စာသင် ကျောင်း၊ စက်ရုံ၊ စားသောက်ဆိုင်တွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တစ်ချို့ ပဲထုတ်ပြန်ခဲ့ တယ်။

တောင်ကိုရီးယားရဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအစဉ်ဟာ အောင်မြင်မှုရှိခဲ့တယ်။ မတ်လ ဆန်းက စပြီးရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ကျဆင်းလာခဲ့တယ်။ ဖေဖော်ဝါရီလထဲမှာ တစ်ရက်ကို ကူးစက်ခံရသူ ကိုးရာကျော် လောက်ရှိ ဧပြီလထဲရောက်တဲ့အခါ ဆယ် ဂဏန်းအောက်ကို ရောက်လာခဲ့တယ်။ ပုံ ၁

ဒါ့ကြောင့် မေလ ၃ ရက်နေ့မှာ ကိုရီးယားအစိုးရက မေလ ၆ ရက်နေ့ စပြီး ဗိုင်းရပ်စ် ထိန်းချုပ် ရေး နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို အဆင့်ဆင့် ဖြေလေ ျှာ့ပေးမယ် လို့ ကြေညာခဲ့တယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ Mask တပ်ဖို့ ၊ ဝေးဝေးနေဖို့ ကိုတော့ လိုက်နာ ရမယ်လို့ သတိပေးခဲ့တယ်။

ပြည်သူတွေလမ်းပေါ်ရောက်လာတယ်။ စားသောက်ဆိုင်တွေပြန်ဖွင့်တယ်၊စက်ရုံအလုပ်ရုံတွေ၊ ပန်းခြံတွေ၊ စာကြည့် တိုက်တွေလည်းအကန့်အသတ်နဲ့ ပြန်ဖွင့်လာကြတယ်။ ကိုရီးယား ပြည်သူတွေကတော့ ကိုဗစ် ၁၉ စစ်ပွဲမှာ အောင်ပွဲခံနိုင်တော့မယ်လို့ ယူဆနေကြတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ လွယ်လွယ်နဲ့လက်လေ ျှာ့ပေးမယ့် ရန်သူမဟုတ်ဘူး။ မေလ ၇ နေ့ ရက်နေ့မှာ ပိုးကူးစက်သူ ၁၂ ယောက်၊ မေလ ၈ ရက်နေ့မှာ ၁၈ ယောက်၊ မေလ ၉ ရက်နေ့ မှာ ၃၄ ယောက်နဲ့ မေလ ၉ ရက်နေ့မှာ ၃၅ ယောက်ပြန်ဖြစ်လာတယ်။ ကိုရီးယားသမ္မတ မွန်ဂျေ အင်း က မေလ ၁၀ ရက်နေ့မှာ ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ် ခေါင်းထောင် လာမယ့် အန္တရာယ်နဲ့ပတ်သက်ပြီး သတိပေးခဲ့ရတယ်။

မေ ၉ ရက်နေ့ ပိုးတွေ့သူ ၃၄ ယောက်အနက် ၂၆ ယောက်က ပြည်တွင်းမှာ ကူးစက်တာ၊ အဲဒီ ထဲက ၂၄ ယောက်က ဆိုးလ်မြို့တော် နိုက်ကလပ်တစ်ခုကို သွားခဲ့တဲ့ အသက်နှစ်ဆယ်ကျော် လူ ငယ်တစ်ယောက်ဆီက ကူးစက်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အာဏာပိုင်တွေက အဲဒီ နိုက်ကလပ် ကို သွားခဲ့တဲ့ လူ ၁၉ ၀၀ လောက်ကို ခြေရာခံပြီးစစ်ဆေးဖို့လုပ်နေတယ်။ ပြီးခဲ့တဲ့ တစ်ပတ် အတွင်း အဲဒီ ကလပ်ကို သွားခဲ့သူတွေကိုပါ ဆက်ပြီးခြေရာခံမယ်ဆိုရင် စစ်ဆေးရမယ့် အရေ အတွက် က ခုနှစ်ထောင်ကျော်ရှိမယ်လို့ဆိုတယ်။

အခုတော့ ဆိုးလ်းမြို့တော်က နိုက်ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေအားလုံးကို ပြန်ပိတ် ထား လိုက်ပါပြီ။ လိုအပ်ရင် နောက်ထပ် ကန့်သတ်မှုတွေ ထပ်လုပ်မယ်လို့လည်း သတိပေးထား ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အဖြစ်အပျက်က ကိုရိုနာဗိုင်းရပ်စ်ကို လေ ျှာ့မတွက်ဖို့ အချက်ပေး ခေါင်း လောင်းထိုးလိုက်တာပါပဲ။

တောင်ကိုရီးယားနိုင်ငံမှာ မေ ၁၁ ရက်နေ့ မနက် အထိ လူပေါင်း ၆၆၈,၄၉ ၂ ယောက်ကို စစ်ဆေး ခဲ့ပြီး ပိုးတွေ့ရှိသူ ၁၀, ၉ ၀၉ ယောက်ဖြစ်တဲ့အတွက် ပိုးတွေ့ ရာခိုင်နှုန်းက ၁.၇% ဖြစ်ပါတယ်။ ပုံ ၂

ကိုးကား။ မေ ၃ ၂၀၂၀ ရိုက်တာ သတင်း၊ မေ ၁၀ / ၁၁ စထရိတ်တိုင်းမ်သတင်းစာ၊
http://ncov.mohw.go.kr/en/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: