Mask နဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကို ကာကွယ်ဖို့ လုပ်ဆောင်ရာကနေ Mask ဝတ်ဆင်တဲ့ အလေ့ အထ ဖြစ်သွားတာကောင်းတယ်။

ဒါပေမယ့် အခု ရက်ပိုင်းမှာ Mask ဟာ ကိုရိုနာဗိုင်းရပ်စ် အပြင် ဆင်တုပ်ကွေး၊ သွေးလွတ်တုပ်ကွေး တို့ကို ကာကွယ်နိုင်တယ်လို့ ပြောတာတွေ ကြားလာရတယ်။ ဒါဟာ ကျွန်တော်တို့ အရင် သိထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ပညာပေးစာစောင်တွေမှာတော့

၁။ သွေးလွန်တုပ်ကွေးဟာ ရောဂါပိုး ကူးစက်ခံထားရတဲ့ ခြင်ကျားကိုက်လို့ ကူးစက်တယ်။ ဒါ့ကြောင့် ခြင်မကိုက်အောင် ကာကွယ်ပါ၊ ပိုးလောက်လန်းကို နှိမ်နင်းပါ။

၂။ ဆင်တုပ်ကွေးကလည်း ခြင်ကျားကိုက်လို့ကူးစက်တယ်၊ ခြင်ကျားပိုးလောက်လန်းကို နှိမ်နင်းပါ။

လို့ပဲ ပညာပေးထားပါတယ်။ ပုံ ၁ နဲ့ ၂

Mask နဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ တုပ်ကွေးကတော့ ရာသီတုပ်ကွေးရောဂါဖြစ်ပါတယ်။ ပုံ ၃ နဲ့ ၄

ဒ့ါကြောင့် Mask တပ်ဆင်ခြင်းအားဖြင့် သွေးလွန် တုပ်ကွေး နဲ့ ဆင်တုပ်ကွေး ကာကွယ် နိုင်တယ်ဆိုတာ တွေ့ရှိချက်အသစ်ဆိုရင်လည်း ကျန်းမာရေးက တရားဝင် ထုတ်ပြန်ပေးသင့်တယ်။ အဲဒီအယူ အဆ ကမှားနေတယ်ဆိုရင် မှားတဲ့အကြောင်းပြည်သူကို အသိပေးသင့်တယ်။

ဒါ့အပြင် မိုးတွင်းမှာဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး/ ဆင်တုပ်ကွေး ကူးစက်ပုံ ကူးစက်နည်းမတူဘူးဆိုတာလည်း လူတိုင်းနားလည်အောင် ပညာပေးသင့်တယ်လို့ထင်ပါတယ်။

ကိုဗစ် ၁၉ ကြောင့် အခြားကူးစက်ရောဂါတွေကိုပါ အုပ်ချုပ် ရေး၊ ဥပဒေပြုရေး ကဏ္ဍ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ နဲ့ သာမန်ပြည်သူများ အားလုံး စိတ်ဝင်စား လာတာကောင်းပါတယ်။ ဒါပေမယ့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေကိုတော့ မှန်မှန်ကန်ကန် သိအောင် လေ့လာပြီး ပြောဆို လုပ်ဆောင်တာက ပိုပြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: