ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူတွေကို စနစ်တကျနေရာချပေးဖို့ အတွက် “ မေ့ မေတ္တာ” အမည်နဲ့ စီမံကိန်းတစ်ခုလုပ်ဆောင်နေ တယ်လို့ ပြောလိုက်တယ်။ ပုံ ၁
ဒီစီမံကိန်းကို ဘယ်ရန်ပုံငွေနဲ့ အကောင်အထည်ဖော်နေတယ်ဆိုတာတော့ တိတိကျကျ ပြော မထားဘူး။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အောက်တိုဘာလ အတွင်းက မြေကွက်လေ ျှာက်လွှာတွေကို တစ်စောင်တစ်သောင်းနှုန်းနဲ့ ရောင်း ချခဲ့တာ လေ ျှာက်လွှာပေါင်း ၁၂၁၅၇ စောင်ရောင်းခဲ့ရပြီး ငွေ သိန်းပေါင်းတစ်သောင်းကျော် ရခဲ့ တယ်။ ပထမအသုတ် ၆၄ ဧက ကိုရောင်းချရာမှာ ၆ ဧက ကျယ်တဲ့ မြေကွက်တစ်ခုတည်း နဲ့ သိန်းပေါင်း နှစ်သောင်းကျော် ရတယ်ဆိုတော့ အဲဒီငွေတွေနဲ့မတည်ဆောက်လုပ်ပြီး အရစ်ကျ ပြန်ဆပ်ခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံ ၂ နဲ့ ၃
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ ၂၀၁၆ ခုနှစ် စတင်တာဝန်ယူချိန်ထဲက ကျူးကျော်တွေ ပြန် လည်နေရာချထားမယ့်စီမံချက် အပါအဝင် လူတိုင်း အိမ်ရရှိရေး စီမံချက် တွေကို အလေး အနက်ထားပြောကြားခဲ့တာ အခုလိုတွေ့ရ ပါ တယ်။
၁။ ကျူးကျော်များဘဝပြောင်းလဲပေးခဲ့သော အစိုးရအဖြစ် သမိုင်းဝင်အောင် ဆောင်ရွက်မည်။ ပုံ ၄
၂။ ကျူးကျော် အစစ်တွေကို စိစစ်ရေးကတ်ပြားထုတ်ပေးမယ်။ ကယ်ဆယ်ရေးစခန်းပို့မယ်။ နောက်ကြောင်းရှင်းရင် အိမ်နေရာပေးမယ်၊ အလုပ်ပေးမယ်။ ပုံ ၅
၃။ ကျူးကျော်နေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ အိမ်ငှားနေရတဲ့ ဝန်ထမ်းများ တစ်လ ရှစ် သောင်းပေးတာနဲ့ အိမ်ပိုင်နိုင်အောင်ဆောင်ရွက်နေတယ်။ ပုံ ၆
၄။ ရန်ကုန်တွင် အလုပ်လုပ်သူတိုင်း အိမ်ပိုင်ရရှိရေးဆောင်ရွက်မည်။ ပုံ ၇
၅။ အစိုးရသစ်၏ ကျန်ရှိသက်တမ်းသုံးနှစ်အတွင်း ရန်ကုန်မြို့တွင် လာနေသူတိုင်း အိမ်ရာပိုင် ဆိုင်အောင်ဆောင်ရွက်ပေးမည်။ ပုံ၈
၆။ ကျူးကျော်များအတွက် သိန်း သုံးဆယ်တန်တိုက်ခန်းများရောင်းချပေးမည်။ ပုံ ၉
၇။ ကျူးကျော်များအတွက် အိမ်ရာများခြောက်လအတွင်း စီစဉ်ပေးမည်။ ပုံ ၁၀
၈။ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိကျူးကျော်များအတွက် အစိုးရပိုင်မြေ မှာ သိန်းသုံးဆယ်လောက်နဲ့ နေအိမ်တွေဆောက်ဖို့ပြင်ဆင်နေတယ် ။ ပုံ ၁၁
၉ ။ ရန်ကုန်တိုင်းအစိုးရ နှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းပြီး ကျူးကျော်များအတွက် သိန်းလေးဆယ် နှင့် ငါးဆယ်ကြား နေအိမ်များဆောက်လုပ်ပေးမယ်။ ပုံ ၁၂
ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ ဝန်ကြီးချုပ်ပြောခဲ့တဲ့ ကျူးကျော်တွေအတွက် အိမ်ရာစီမံကိန်းတွေ ဘယ်လောက် အကောင် အထည်ဖော်နိုင်ခဲ့ပြီလဲ။
ရန်ကုန်တိုင်းအစိုးရက ကျူးကျော်တွေအတွက် တွံတေးမြို့နယ်၌ အိမ်ရာယူနစ် ၂၆၀၀၀ ကျော် နဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့နှင့် ရွှေပေါက္ကံတို့တွင် အိမ်ရာယူနစ် တစ်သောင်းစီ စုစုပေါင်းအိမ်ရာ ခြောက်သောင်း ဆောင်ရွက်သွားဖို့ စီမံကိန်း ရေးဆွဲထားကြောင်းနဲ့ လက်ရှိမှာတော့ ရွှေပြည်သာမှာ ပထမအသုတ် အိမ် ၂၆၄ လုံး ဆောက်ပြီး၊ နေရာချပြီးပြီလို့ဆိုတယ်။ ပုံ ၁၃
အဲဒီသတင်းဖော်ပြချက်အရဆိုရင်တော့ လျာထားတာက ရှစ်သောင်းကျော်၊ ပြီးစီးတာက နှစ်ရာကျော်ကျော်ဆိုတဲ့ အစိုးရ သက်တမ်း ငါးနှစ် ပြည့်မယ့် ၂၀၂၁ မတ်လ မတိုင်ခင်တော့ အားလုံးပြီးအောင်ဆောက်လုပ်ဖို့ကတော့ အတော် အားထည့်ရမယ့် သဘောပါပဲ။
ဒါပေမယ့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အိပ်မက်ကြီးကြီးတွေကို မက်ရဲသလို လက်တွေ့ လည်း အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လုပ်ပြခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိတာပဲလေ။ (အောင်မြင်တာ၊ မအောင်မြင်တာကတော့ အယူအဆအမျိုးမျိုး၊ ရှုထောင့် အမျိုး မျိုး ရှိနိုင်ပါတယ်။ )