မေ့သဘော


နေပြည်တော်ကောင်စီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဧက ကို ကျပ်သိန်း တစ်ထောင် ကျော် ပေါက်ဈေးရှိတဲ့နေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စီမံကိန်း ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဧက ၂၀ကျော် ဂရန်ချပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်း အတွင်း ဝန် ဦးမျိုးအောင် က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဓာတုကင်းလွတ်စိုက်ခင်း၊ ပြခန်း၊ အရောင်းဆိုင်၊ ကော်ဖီ ဆိုင် တွေ လုပ်ဖို့ အတွက်လေ ျှာက်ထားခဲ့တယ်။

ဒ့ါကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဆုံးဖြတ်ချက်နဲ့ ၂၃ ဧကကျော်ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဂရန်ချပေးခဲ့တယ်။ တစ်ဧက သိန်းငါးဆယ်ဆိုတာ အင်န်ဂျီအိုတွေ အတွက် သတ်မှတ်ထားတဲ့ဈေးဖြစ်တယ် လို့ဖြေကြားခဲ့တယ်။

မေးတဲ့ သတင်းထောက် က ဒီလို တစ်ဧက သိန်းတစ်ထောင်လောက်ဈေးရှိတယ်ဆိုတဲ့နေရာကို အခြားအင်န်ဂျီအိုတွေက လေ ျှာက်ထားရင်ရော ခွင့်ပြုမှာလားလို့ မေးတဲ့အခါမှာတော့

“ အဲဒါကတော့ ကော်မတီရဲ့ အဆုံးအဖြတ်ပါပဲ” လို့ ဖြေသွားခဲ့တယ်။ ဘယ်လိုစည်းကမ်းနဲ့ ချပေးတယ်ဆိုတာကို ရှင်းမပြခဲ့ဘူး။ လေ ျှာက်တဲ့နေရာ၊ ပေးနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်တယ်လို့ ယျေဘုယျပဲပြောခဲ့တယ်။

နောက်သတင်းထောက်တစ်ယောက်က အဲဒီစီမံကိန်းဘယ်လောက်အထိ ပြီးနေပြီလဲ လို့မေးတော့ “ အထဲမှာဘာတွေလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး” လို့ဖြေခဲ့တယ်။

တကယ်တော့ နေပြည်တော်ကောင်စီအနေနဲ့ အခြေအနေပေါ်မူတည်ပြီး ကော်မတီက ဆုံးဖြတ်တယ်လို့ ဖြေမယ့်အစား အင်န်ဂျီအိုတွေအတွက် သတ်မှတ်ထားတဲ့ မြေ ကွက်တွေဟာ ဘယ်နေရာတွေဖြစ်တယ်၊ အင်န်ဂျီအိုတစ်ခုကို မြေဧကဘယ်လောက်ပဲ အများဆုံး လေ ျှာက်ထားခွင့်ရှိတယ်၊ ဘယ်လိုစည်းကမ်းချက်တွေနဲ့ ကိုက်ညီရမယ် စသည် ဖြင့် ရှင်းရှင်းလင်းလင်းရှင်းပြရင် ပိုကောင်းပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို နားထောင်ပြီးတဲ့အခါ

ဇနီးဖြစ်သူကို အလွန်ကြောက်ရတဲ့ ခင်ပွန်းဖြစ်သူက “ အိမ်မှာ ဘာပဲလုပ်လုပ် လင်မယားနှစ်ယောက် တိုင်ပင်ပြီး မိန်းမဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်တာပါပဲ၊ မေ့ သဘောပါပဲ” ဆိုတဲ့ ပုံပြင်လေးကို သတိရမိတယ်။

ဖြေကြားချက်အပြည့်အစုံကို အောက်က လင့်ခ်မှာ နားထောင်နိုင်ပါတယ်။

3 thoughts on “မေ့သဘော

  1. ဆိုလိုတာက ငါတို့လိုပဲ သူတို့လည်း ခိုးတယ် လို့ ပြောချင်တာလား၊ခင်ဗျာ 🤔🤔🤔

    Like

  2. ဆိုလိုတာက ငါတို့လိုပဲ သူတို့လည်း ခိုးတယ် လို့ ပြောချင်တာလား ခင်ဗျာ။🤔🤔🤔

    Like

  3. ဆိုလိုတာက ငါတို့လိုပဲ သူတို့လည်း ခိုးတယ်လို့ ပြောချင်တာလား ခင်ဗျာ🤔🤔🤔

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: