၂၀၂၀ ရွေးကောက်ပွဲအလားအလာ

စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute က ထုတ်ဝေတဲ့ အရှေ့တောင် အာရှ ရေးရာ ၂၀၂၀ (Southeast Asian Affairs 2020 ) စာအုပ် မှာ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ ကျွန်တော့် ရဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီစာအုပ်အတွက် ဆောင်းပါးကို ၂၀၁၉ ဒီဇင်ဘာ ၃၀ နောက်ဆုံးထားပြီးပို့ရတယ်။ ဒီတော့ ဆောင်းပါးပါအချက်အလက်တွေက ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စုဆောင်းရရှိ တဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီဆောင်းပါးမှာ တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်တွေအတွက် ထည့်သွင်းသုံးသပ်မထားဘူး။ သမ္မတရွေးချယ်ရေးအတွက် အရေး ပါတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက်ပဲ သုံးသပ်ထားပါတယ်။

ဆောင်းပါးအတွက် တိုင်းရင်းသားပါတီလေးပါတီအပါအဝင် နိုင်ငံရေးပါတီ ကိုးခုက တာဝန်ရှိသူတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တွေ့ ဆုံမေးမြန်းဖို့အဆင်မပြေတဲ့ ပါတီတွေနဲ့ပတ်သက်တဲ့အချက်အလက်များကိုတော့ သတင်းမီဒီယာ များရဲ့ ဖော်ပြချက် များကနေရယူခဲ့ပါတယ်။

ဆောင်းပါးမှာပါဝင်တဲ့အရေးကြီးတဲ့အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ (အချို့ အချက်တွေကို ပိုရှင်းအောင် ထပ်မံဖြည့်စွက်ထားပါတယ်။ )

၂၀၂၀ ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲဟာ အင်န်အယ်လ်ဒီပါတီ အစိုးရရဲ့ စွမ်းဆောင်မှုအပေါ် ပြည်သူတွေရဲ့ အကဲ ဖြတ်မှုခံယူရမယ့် ရွေးကောက်ပွဲဖြစ်တယ်။

အတိုက်အခံပါတီတွေက စီးပွားရေး နဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ မဲဆန္ဒရှင်တွေရဲ့ စိတ်ပျက်မှုတွေကို အခွင့်အရေးအဖြစ်အသုံးချနိုင်ဖို့ ကြိုးစားနေတယ်။ တိုင်းရင်းသားလူနည်းစု ပါတီတွေကလည်း မဲမကွဲဖို့အတွက် သက်ဆိုင်ရာလူမျိုး စု ကိုယ်စားပြုပါတီအချင်းချင်း ပူးပေါင်းနိုင်ဖို့ ကြိုးစား နေကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလို အင်န် အယ်လ်ဒီပါတီက အပြတ်အသတ်မနိုင်ခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာ အင်န်အယ်လ်ဒီပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်လာခဲ့တယ်။

အဲဒီလှုပ်ရှားမှုမှာအဓိက ဦးဆောင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ၂၀၁၉ ဖေဖော်ဝါရီ လ ကနေ သြဂုတ်လအတွင်းမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၂ ခုကို ၁၄ ကြိမ်ခရီးသွားခဲ့တယ်။ လူထု တွေ့ဆုံပွဲတွေ၊ စကားဝိုင်းတွေလုပ်တယ်။ အခြေခံအဆောက်အအုံစီမံကိန်းဖွင့်ပွဲ တွေမှာ မိန့်ခွန်းပြောတယ်။ အဲဒီပွဲတွေမှာ ပြုပြင်ပြောင်းလဲရေး နဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ် ငန်းတွေဆက်လုပ်နိုင်ဖို့အတွက် နောက်ထပ် ငါးနှစ်ဆက်ပြီး တာဝန်ယူဖို့လိုတယ်ဆိုတဲ့အချက် ကို ပရိသတ်နားထဲစွဲသွားအောင် နည်းမျိုးစုံနဲ့ ပြောသွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ၂၀၁၉ ဖေဖော်ဝါရီလထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွေ စတင် လုပ်ဆောင်ခဲ့တယ်။ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်က ပူးပေါင်းဆောင်ရွက်မှုမရှိရင် မအောင်မြင်နိုင်တဲ့အတွက် ဒီလှုပ်ရှားမှုဟာ ပါတီထောက်ခံသူတွေကို စည်းရုံးလှုံ့ဆော် နိုင်ဖို့အတွက် အဓိကထားလုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုသက်သက်ထက်မပိုဘူး။ အင်န်အယ်လ်ဒီ ဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကလည်း ပုဒ်မ ၄၃၆ ပြုပြင်ရေးလှုပ်ရှားမှုကို ကြိုတင်မဲဆွယ်ရေး လှုပ်ရှားမှုအဖြစ်လုပ်ခဲ့ဖူးတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်လူကြိုက်များမှုနဲ့ တပ်မတော်အစိုးရရဲ့အတိတ်ကလုပ်ဆောင် ချက် တွေအပေါ် အမြင်မကြည်လင်မှုကြောင့် တိုင်းဒေသကြီးတွေမှာတော့ အင်န်အယ်လ်ဒီ ပါတီက အခြေအနေကောင်းနိုင်တယ်။ တိုင်းရင်းသားဒေသတွေမှာတော့ ပြိုင်ဆိုင်မှု ပြင်းထန် မယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်က တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ အင်န်အယ်လ်ဒီပါတီက နှာတစ်ဖျားနဲ့ ပဲ နိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်နေရာ ၇၁ နေရာနဲ့ အမျိုးသားလွှတ်တော် ၂၃ နေရာဟာလည်း ၂၀၂၀ မှာ စိန်ခေါ်မှုဖြစ်လာနိုင်တယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ

ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၆ ခုနှစ် သြဂုတ်လ ပါတီညီလာခံ ပြီးချိန်က စပြီး ၂၀၁၅ ရွေးကောက်ပွဲ အရေးနိမ့်မှုနဲ့ ဦးသိန်းစိန်- ဦးရွှေမန်း အာဏာလွန်ဆွဲမှု ကြောင့် ဖရိုဖရဲဖြစ်သွားတဲ့ ပါတီကို ပြန် လည် တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့်ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်အစိုးရ တည်ထောင်ပေးခဲ့တဲ့ပါတီဆိုတဲ့ ပုံရိပ်ကို ပယ် ဖျက်နိုင်ဖို့ အတော်ကြိုးစားရဦးမယ်။ ဒါ့အပြင် ပါတီဟာ ပြည်ခိုင်ဖြိုးပါတီ အစိုးရ ( ၂၀၁၁-၂၀၁၆) နဲ့ အင်န်အယ်လ်ဒီအစိုးရ ( ၂၀၁၆-၂၀၂၀) သက်တမ်း နှစ်ခုပဲ နှိုင်းယှဉ် သုံးသပ်ခံရတာမဟုတ် ဘူး။ တပ်မတော်အစိုးရ ( ၁၉ ၈၈-၂၀၁၀) အတွက်ပါ ထည့်ပြီး ဝေဖန်ခံနေရတာကလည်း ပြဿ နာပဲ။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမဲ ၂၅% နဲ့အထက်ရခဲ့တဲ့ ပြည်သူ့လွှတ် တော် ၁၅၈ နေရာ နဲ့ အမျိုးသားလွှတ်တော် ၈၅ နေရာရှိတယ်။ တစ်ချို့နေရာတွေမှာ အတိုက် အခံပါတီအားလုံးပေါင်းလိုက်ရင် အင်န်အယ်လ်ဒီ ကိုယ်စားလှယ်ရတဲ့ မဲထက်များတယ်။

နောက်တစ်ခါ မဲ ၂% ကနေ ၁၀% ကြားကွာခြားပြီး အင်န်အယ်လ်ဒီပါတီကို ရှုံးခဲ့တဲ့နေရာက ပြည်သူ့လွှတ်တော် ၂၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၂ နေရာရှိတယ်။

တကယ်လို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါတီပုံရိပ်ကို အပြောင်းအလဲလုပ်နိုင်ရင်၊ အင်န်အယ်လ်ဒီ ပါတီ နဲ့ နှစ်ပါတီချင်းပဲ ပြိုင်ရမယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ မဲဆန္ဒနယ်တွေထဲက တစ်ချို့နေရာ တွေကို ၂၀၂၀ မှာ ပြန်ရနိုင်တယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ၂၀၁၅ ခုနှစ်မှာ အနိုင်ရခဲ့တဲ့အမတ်နေရာတွေထဲမှာ ပြည်သူ့ လွှတ် တော် ၁၈ နေရာ နဲ့ အမျိုးသားလွှတ်တော် ၉ နေရာက ပြည်နယ်တွေမှာဖြစ်နေ တယ်။ ၂၀၂၀ မှာ အဲဒီနေရာတွေ ပြန်ရနိုင်မလား ၊ မရနိုင်ရင် လျော့သွားတဲ့ အမတ်နေရာတွေကို တိုင်း ဒေသကြီးတွေမှာ ပြန်အစားထိုးနိုင်မလားဆိုတာလည်း စိန်ခေါ်မှုတစ်ခုပဲ။

အခြားပါတီများ

အခြားပါတီတွေထဲမှာ ၂၀၁၀ မှာ အမတ်နေရာအချို့နိုင်ခဲ့တဲ့ တစည၊ အင်န်ဒီအက်ဖ် ၊ အင်န်အင်န်ဒီပီ ( ဦးသိန်းညွန့်) ၊ သုံးပါတီ နဲ့ အသစ်ဖွဲ့တဲ့ ပြည်သူ့ပါတီ နဲ့ ယူဘီပီ (ဦးရွှေမန်း) ပါတီနှစ်ခုက လှုပ်ရှားမှုအားကောင်းတဲ့ပါတီတွေဖြစ်တယ်။ ( ဆောင်းပါးရေးချိန်မှာ ပီပီပီ ( ဒေါ်သက်သက်ခိုင်) မဖွဲ့ရ သေးပါ။)

ဒီပါတီတွေမှာလည်း ပုံရိပ်ပြဿနာ၊ ဘဏ္ဍာရေးပြဿနာတွေရှိတယ်။ တစည ဆိုရင် လမ်းစဉ် ပါတီရဲ့ အရိပ်ထိုးနေတုန်းပဲ။ ပြည်သူ့ပါတီဆိုရင်အင်န်အယ်လ်ဒီထောက်ခံသူတွေက အင်န် အယ်လ်ဒီပါတီမဲကို ခွဲမယ့် အဖျက်ပါတီအဖြစ် တိုက်ခိုက်ခံနေရတယ်။( အခုဆိုရင် ဦးဝင်းထိန် ကိုယ်တိုင်ရှေ့ထွက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဝေဖန်လာပြီ။) အင်န်ဒီ အက်ဖ် နဲ့ ဦး သိန်းညွန့်ပါတီတွေက ဘဏ္ဍာရေးအခက်အခဲကြောင့် နေရာများများပြိုင် နိုင်မှာမဟုတ်ဘူး။ ယူဘီပီ ပါတီကတော့ ဘဏ္ဍာရေးတောင့်တင်းတယ်။ ဒါပေမယ့် ဦးရွှေမန်းရဲ့ သမိုင်းကြောင်းဟာ ပါတီကို ထိုးနှက်စရာဖြစ်နေတယ်။

တိုင်းရင်းသားလူနည်းစုပါတီများ

၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကလွဲရင် ကျန်ပြည်နယ်တွေမှာ တိုင်းရင်းသားမဲဆန္ဒရှင်တွေက အင်န်အယ်လ်ဒီအစိုးရ ဖြစ်ရင် တိုင်းရင်း သားအခွင့်အရေးကို ပိုလုပ်ပေးနိုင်မယ်လို့ထင်လို့ ကိုယ့်လူမျိုးအခြေခံပါတီတွေကို ကျော်ပြီး အင်န် အယ်လ်ဒီကို မဲပေးခဲ့ကြတယ်။ အခုတော့ အင်န်အယ်လ်ဒီပါတီရဲ့ တိုင်းရင်းသားတွေ အပေါ် သဘောထား ကို ကောင်းကောင်းနားလည်သွားပြီ ဖြစ် တဲ့အတွက် ၂၀၂၀ မှာ တိုင်းရင်းသားလူနည်းစု ပါတီတွေက သက်ဆိုင်ရာပြည်နယ်တွေမှာ အား ကောင်းကောင်းနဲ့ အနိုင်ရဖို့အခွင့်အရေး များတယ်။

အဲဒီအခွင့်အရေးကို အသုံးချနိုင်ဖို့အတွက် ၂၀၁၅ မှာလို တိုင်းရင်းသားပါတီ အချင်းချင်း မဲမကွဲ ရအောင် ပါတီတွေပေါင်းစည်း နေကြတယ်။ လက်ရှိအခြေအနေမှာ ရခိုင်နဲ့ရှမ်းပြည်နယ်က လွဲရင် ကျန်တဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအများစုက တစ်ပါတီတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့ပြီ။ မပေါင်းစည်းနိုင်သေး ရင် တောင် ရွေးကောက်ပွဲမဟာမိတ်အဖြစ် ညှိနှိုင်းနိုင်ဖို့ပြင်ဆင်နေကြတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာကတော့ ပေါင်းစည်းနိုင်ဖို့ နေ သာသာ ရွေးကောက်ပွဲမဟာမိတ်အဖြစ် ကိုယ်စားလှယ်လောင်းလျာထားချက်ညှိဖို့ တောင် အတော်ကြိုးစားရဦးမယ်။

တိုင်းရင်းသားပါတီတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု နှစ်ခုရှိတယ်။ တစ်ခုက တစ်ချို့မဲဆန္ဒနယ် တွေ မှာ တိုင်းရင်းသားမျိုးစုံ စုစည်းနေထိုင်နေတဲ့အတွက် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်တွေ့ နိုင် မယ့်အခြေအနေဖြစ်ပါတယ်။ ( ဥပမာ။ ရှမ်းပြည်က တစ်ချို့မဲဆန္ဒနယ်တွေမှာ ရှမ်း၊ ဓနု၊ ပအို့ဝ် )

ဒုတိယအချက်ကတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်အချို့မှာ ရွေးကောက်ပွဲ ကျင်းပ နိုင်မယ့်အခြေအနေမရှိဘူးလို့ကြေညာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ အဲဒါဆိုရင် တိုင်းရင်း သားပါတီတွေ အနိုင်ရနိုင်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် နေရာအချို့ လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။

တပ်မတော်

လွှတ်တော်နှစ်ရပ်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% စီပါဝင်နေတာရယ်၊ တပ်မတော် သား ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦး အမည်စာရင်း တင်သွင်း နိုင်တာရယ် ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေး အနာဂတ်ကို လည်း စောင့်ကြည့်နေသူတွေများတယ်။

ဒါပေမယ့် တပ်မတော်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၆၆ နေရာ အပိုင်ရရှိထားပြီးဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မတိုင်မီမှာ ဘာမှလုပ်စရာမလိုဘူး။ ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးမှပဲ တပ်မတော်ရဲ့ ဆုံးဖြတ် ချက်ကို သိရမှာပဲ။

သုံးသပ်ချက်

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ အရွေးခံရတဲ့ ပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့ စည်း မှာဖြစ်တယ်။

၂။ သမ္မတကို ဒုသမ္မတသုံးယောက်ထဲကနေ ပြည်ထောင်စုလွှတ်တော် ( ပြည်သူ နဲ့ အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း) ကနေ မဲပေးပြီးရွေးမယ်။

၃။ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၆၄ ( ပြည်သူ ၄၄၀ + အမျိုးသား၂၂၄) ယောက်ရှိတယ်။ အဲဒီမှာ ပါတီတွေက ရွေးချယ်ခံရသူ ၄၉ ၈ ၊ တပ်မတော်သား ၁၆၆ ပါ တယ်။

၄။ ပါတီတစ်ခုက လွှတ်တော်နှစ်ရပ်ပေါင်း ၃၃၃ ယောက် ရွေးချယ်ခံရရင် အခြားပါတီတွေရဲ့ ထောက်ခံမဲ ရဖို့မလိုဘဲနဲ့ ကိုယ့်ပါတီကသမ္မတကို ရွေးလို့ရတယ်။ ၂၀၁၅၊ ၂၀၂၀ မှာ အဲဒီပုံစံအတိုင်းဖြစ်ခဲ့တယ်။

၅။ ရွေးချယ်ခံကိုယ်စားလှယ်တွေအတွက် ၄၉ ၈ နေရာမှာ တိုင်းဒေသကြီး က ၂၉ ၁ နေရာ နဲ့ ပြည်နယ်မဲဆန္ဒနယ်တွေက ၂၀၇ နေရာပါတယ်။

၄။ တကယ်လို့ တိုင်းရင်းသားလူနည်းစုပါတီတွေက ပြည်နယ်တွေမှာ ၁၅၀ နဲ့အထက် နိုင်မယ် ဆိုရင် ပါတီတစ်ခုတည်းက ၃၃၃ နေရာ နိုင်ဖို့အတော်ခက်သွားမယ်။

၅။ တိုင်းရင်းသားပါတီတွေသာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၁၅၀ နဲ့ အထက်နိုင်မယ်၊ တိုင်းဒေသ ကြီး တွေမှာလည်း ကျန်တဲ့ပါတီတွေက အသင့်အတင့်ရမယ်ဆိုရင် သမ္မတ ရွေးချယ်တဲ့အခါ ပါတီတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒတွေညှိနှိုင်းရ တော့မယ်။ ဝန်ကြီးနေရာအပေးအယူတွေ လုပ်ရ တော့မယ်။ တစ်ပါတီတည်း ထင်ရာစိုင်း လို့မရတော့ဘူး။

၆။ အဲဒီလို စစ်မှန်တဲ့အမျိုးသားညွန့်ပေါင်းအစိုးရ ပုံစံကသာလ ျှင် အမျိုးသားပြန်လည် သင့်မြတ် ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်ဖို့အကောင်းဆုံးဖြစ် တယ်။

၇။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုကို ဆွဲဆောင်နိုင်အားကိုလည်း လေ ျှာ့မတွက် သင့်ဘူး။ အိုင်စီဂျေ ကိစ္စမှာ ကိုယ်တိုင်ဦးဆောင်သွားခဲ့တာဟာ (ဥပဒေကြောင်းအရဘာမှ မထူးခြားပေမယ့်) နိုင်ငံရေးအရ လူကြိုက်များ စေ ခဲ့တယ်။ အထူးသဖြင့် တိုင်းဒေသကြီးတွေမှာ သူ့အရှိန်အဝါ ကြီးမားလွန်းတယ်။ ( ဆောင်းပါး ရေးချိန်မှာ ကိုဗစ် ၁၉ မဖြစ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ် မသုံးသေးဘူး။ )

၈။ ဘယ်ပါတီခေါင်းဆောင်မှ တစ်နိုင်ငံလုံးအဆင့် လူထု ထောက်ခံ မှုမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ယှဉ်ပြိုင်လို့မရဘူး။ ဒါ့ကြောင့် မဲဆန္ဒနယ်တစ်ခုချင်းမှာပဲ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည် အချင်း နှိုင်းယှဉ်လို့ရမယ်။ ပြိုင်လို့ရမယ်။

၉ ။ အတိုက်အခံပါတီတွေ အလုပ်သင့်ဆုံး နည်းလမ်းကတော့ မဲဆန္ဒနယ်တစ်ခုချင်းမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းနဲ့ အတိုက်အခံဘက်က ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းပြိုင်နိုင်တဲ့အခြေအနေကို ဖန်တီးဖို့ပဲ။

၁၀။ အဲဒီလိုဖန်တီးနိုင်ဖို့အတွက် မဲဆန္ဒနယ်အလိုက် အတိုက်အခံဘက်က အလားအလာ အကောင်းဆုံးကိုယ်စားလှယ်လောင်းကို အချင်းချင်း ညှိနှိုင်းရွေးချယ်ဖို့လိုတယ်။ ( ၂၀၁၅ မှာ အတိုက်အခံပါတီတွေရတဲ့မဲ ပေါင်းလိုက်ရင် အင်န်အယ်လ်ဒီ ရတဲ့မဲထက်များတဲ့ မဲဆန္ဒနယ်တွေ ကို သင်ခန်းစာယူနိုင်တယ်။ )

ဒါကတော့ ကျွန်တော့်ဆောင်းပါးအနှစ်ချုပ်ပါ။ ဆောင်းပါးသုံးသပ်ချက်မှာ အတိုက်အခံပါတီတွေ ကို်ယ်စားလှယ်လောင်းရွေးချယ်ရာမှာ ညှိနှိုင်းသင့်တယ်လို့ အကြံပြုထားပေမယ့် မြန်မာ့ နိုင်ငံရေးသမိုင်းကြောင်းအရ အဲဒီလို လက်တွေ့လုပ်နိုင်ဖို့တော့ အတော်ခက်မယ်။ အဲဒါကပဲ အင်န်အယ်လ်ဒီအတွက် အခွင့်အရေးတစ်ခုဖြစ်သွားနိုင်တယ်။

ဒီဆောင်းပါးမှာ ထည့်သွင်းသုံးသပ်ထားခြင်းမရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လွတ်လပ်တရားမ ျှတမှုအနေအထားနဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ အနည်းအများဟာလည်း တွေကလည်း ရွေးကောက်ပွဲရလဒ်အပေါ်မှာ အကျိုးသက်ရောက်မှုများနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: