၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ

၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ သမ္မတဦးသိန်းစိန်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီ ဝင်တွေက သမ္မတကို ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ဖြစ်စဉ်တွေကို အခြေခံဥပဒေကို ဆန့်ကျင်ပြီး ပါတီလုပ်ငန်းဆောင်ရွက်နေတယ်လို့ အင်န်အယ်လ်ဒီပါတီက တိုင်ကြားခဲ့တယ်။ ( ပုံ ၁)

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက်ပွဲ ကော် မရှင်က ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင် ရွက်ခွင့်ပြုတဲ့အတွက် သမ္မတ နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဇူလိုင်လ ၂ ရက်နေ့က စပြီး ပါတီ စည်းရုံးရေးလုပ်ငန်းနဲ့နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေ လုပ်မယ်လို့ ကြေညာခဲ့တယ်။ ( ပုံ ၂)

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်သဘောထား မေးလာသူကို ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနဲ့ တူဖို့ အလားအလာများတယ်။ ၂၀၁၅ အခြေအအနေ နဲ့ တော့ လုံးဝမတူဘူးလို့ဖြေခဲ့တယ်။

ဘာ့ကြောင့်လဲ

၂၀၁၀ ရွေးကောက်ပွဲ

၁။ ၂၀၁၀ ရွေးကောက်ပွဲဟာ တပ်မတော်အစိုးရက လိုချင်တဲ့ နိုင်ငံရေးအပြောင်းအလဲပုံစံကို အကောင် အထည်ဖော်နိုင်ဖို့အတွက် လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်။ ဒ့ါကြောင့် ပြည်ခိုင်ဖြိုး ပါတီ အများစုနိုင်မှဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။

၂။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တပ်မတော်အစိုးရက ရွေးချယ် ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အသုံးချခဲ့တယ်။ စစ်အုပ်ချုပ်ရေးဆိုတော့ နိုင်ငံ တကာအမြင်တို့၊ ပြည်သူတွေရဲ့ အမြင်တို့ကို အလေးမထားခဲ့ဘူး။

၃။ အာဏာရ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့အခွင့်အရေးတွေကိုလည်း အပြည့်အဝသုံးခဲ့တယ်။ တနည်း အားဖြင့် အိမ်ကွင်းအားသာချက်ကို အပြည့်အဝသုံးခဲ့တယ်။ ဒိုင်ကလည်း အိမ်ရှင်အသင်းဘက် ခပ်ပါပါဖြစ်ခဲ့တယ်။

၄။ စာပေစိစစ် စနစ်ရှိနေသေးတဲ့အတွက် သတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်း ရေးသားချက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်။ အစိုးရနဲ့ ကော်မရှင် လုပ်ဆောင်ချက်တွေ ကို ဘယ်သူမှ ဝေဖန်လို့မရဘူး။

၅။ အသစ်ဖွဲ့စည်းစ ပါတီတွေကလည်း ရွေးကောက်ပွဲကော်မရှင်က ထိန်းထားတဲ့အတွက် အသံမထွက်နိုင်ဘူး။ အင်န်အယ်လ်ဒီပါတီက ရွေး ကောက်ပွဲကို သပိတ်မှောက်ထားတဲ့အတွက် ကွင်းအပြင်ကိုရောက်နေတယ်။

၂၀၁၅ ရွေးကောက်ပွဲ

၁။ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်ရဲ့ အဓိက ရည်မှန်းချက်က “ တရားဝင်မှု (legitimacy)” ရရှိရေးဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့ပေ မယ့် ရွေးကောက်ပွဲဆိုင်ရာလုပ်ဆောင်ချက်တွေမှာ ဝေဖန်ထောက်ပြစရာတွေရှိခဲ့တဲ့အတွက် “ တရားဝင်မှု” အားနည်းခဲ့တယ်။ အဲဒီအချက်ဟာ သူ့သက်တမ်းအစ ပြုပြင်ပြောင်းလဲရေး လုပ် ငန်းတွေအတွက် ပြည်တွင်း၊ပြည်ပ ထောက်ခံမှုရအောင်လုပ်တဲ့အချိန်မှာ အခက်အခဲအများ ကြီး တွေ့ခဲ့တဲ့ သင်ခန်းစာကို သူမမေ့ဘူး။

၂။ ဒါ့ကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် “တရားဝင်မှု” ရရှိရေး အတွက် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမ ျှတရှိရေးက ဦးစားပေးလုပ်ငန်းဖြစ်လာ တယ်။ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရေးက ဒုတိယဦးစားပေးဖြစ်သွားတယ်။ အဲဒီအချက်ကို ဦးသိန်းစိန် ရဲ့ ပြည် ထောင်စုလွှတ်တော်နှုတ်ဆက်မိန့်ခွန်းမှာ ထည့်ပြောခဲ့တာကိုတွေ့နိုင်တယ်။

၃။ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် လွတ်လပ်စွာလှုပ်ရှားလာနိုင်တဲ့သတင်း မီဒီယာ တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို သံသယအပြည့်နဲ့စောင့်ကြည့်ခဲ့ကြ တယ်။ နည်းနည်းအစွန်းထွက်တာနဲ့ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။ ( ဥပမာ။ မိတ္ထီလာ လွင်ပြင် စိမ်း လန်း စိုပြေရေးသတင်းခေါင်းစဉ်မှာ သမ္မတ မိန့်ခွန်းမှာပါတဲ့အတိုင်း အစီမ်းရောင် လွှမ်း ရမယ်ဆိုတဲ့ စကားလုံးကို ဖော်ပြခဲ့တဲ့ဖြစ်စဉ်၊ ဦးသိန်းစိန်ပြည်တွင်းခရီးစဉ်မှာ ပြည်ခိုင်ဖြိုးပါတီ ဝင်တွေကြိုဆိုမှု နဲ့ စမ်းသပ်ကောက်ယူတဲ့ မဲစာရင်းတွေ မပြည့်စုံမှု၊ )

၄။ အင်န်အယ်လ်ဒီပါတီနဲ့ ကျန်တဲ့နိုင်ငံရေးပါတီတွေအားလုံးက လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပမှာ အစိုးရနဲ့ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို လွတ်လွတ်လပ်လပ် ဝေဖန် နိုင်တယ်။ မေးခွန်းထုတ်နိုင်တယ်။ အထူးသဖြင့် အင်န်အယ်လ်ဒီပါတီရဲ့ ဝေဖန်ထောက်ပြချက် တွေဟာ ပြည်တွင်း၊ ပြည်ပ မှာ ရိုက်ခတ်မှုပြင်းတယ်။ မီဒီယာတွေမှာ ခေါင်းကြီးသတင်းဖြစ် တယ်။

၅။ အပေါ်က အခြေအနေလေးခု ပေါင်းစပ်လိုက်တဲ့အခါ ဦးသိန်းစိန်နဲ့ သူ့ဝန်ကြီးအဖွဲ့ဟာ ပြည်ခို င် ဖြိုးပါတီအတွက် ဥပဒေ နဲ့ အညီ ပေါင်းစပ်ဆောင်ရွက်ပေးလို့ရတာတောင် မလုပ်နိုင်၊ မလုပ်ရဲ ၊မလုပ်ဝံ့ခဲ့ဘူး။ ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်နေရတဲ့ အခြေအနေဖြစ်ခဲ့တယ်။

၂၀၂၀ ရွေးကောက်ပွဲ

၁။ အင်န်အယ်လ်ဒီပါတီဟာ ၁၉ ၉ ၀ ရွေးကောက်ပွဲနိုင်ခဲ့ပေမယ့် အာဏာလွှဲပြောင်းပေးခြင်း မခံ ရဘူး။ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးမှ အာဏာရခဲ့တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး နဲ့ တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ရှား ရေး ဆိုတဲ့ ပါတီရဲ့ ရည်မှန်းချက် ကြီး နှစ်ခုကို အကောင်အထည်မဖော်နိုင်သေးဘူး။ ဒီရည်မှန်းချက်ကို ဆက်ပြီး အကောင်အထည်ဖော် နိုင်ဖို့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ အများစုနိုင်မှဖြစ်မယ်လို့ ခံယူ ထား တယ်။

၂။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အင်န်အယ်လ်ဒီသမ္မတက ရွေးချယ် ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အသုံးချခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါအရ နိုင်ငံတကာနဲ့ ပြည်တွင်းက အမြင်တွေကို သိတ်အလေး ထားဖို့မလိုဘူး။

၃။ ၂၀၂၀ နှစ်ဆန်းပိုင်းကစတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ် ရင် အာဏာရ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့၊အခွင့်အရေးတွေကိုလည်း အပြည့်အဝသုံးနေတယ်။ တနည်း အားဖြင့် အိမ်ကွင်းအားသာချက်ကို အပြည့်အဝသုံးနေတယ်။ အနာဂတ်မှာလည်း သုံး မှာပဲ။

၄။ သတင်းမီဒီယာတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ လွတ် လပ်စွာလှုပ်ရှားနိုင်သေးတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို “နတ်နေကိုင်း” လို့ သဘော ထားနေတဲ့ အခြေအနေမှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လောက်ဝေဖန်ထောက်ပြ နိုင်မလဲ၊ သူတို့ဝေဖန်ရင်ရော ဒေါ်အောင်ဆန်းစုကြည်က အလေးထားမှာလားဆိုတာကို စောင့် ကြည့်ရမှာပဲ။

၅။ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဝေဖန်ထောက်ပြချက်တွေအပေါ် ပြည် တွင်း၊ ပြည်ပ က အလေးထားမှုအခြေအနေဟာ အင်န်အယ်လ်ဒီအတိုက်အခံဘဝအခြေအနေ နဲ့ ပြောင်းပြန်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ယှဉ်လိုက်ရင် နိုင်ငံရေးပါတီတွေ ရဲ့ ဝေဖန်ထောက်ပြ မှုတွေအပေါ် အစိုးရနဲ့ ကော် မရှင်ရဲ့ အလေးထားမှုက အတော်လေးနည်းတယ်။ ဘေးဖယ်ထား တဲ့ အဆင့်မရောက်သေးတာတစ်ခုပဲ။

၆။ ၂၀၁၀ ရွေးကောက်ပွဲနဲ့မတူဘဲထူးခြားတဲ့အချက်ကတော့ ကိုဗစ် ၁၉ ပဲ။ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအစီအစဉ်တွေက မဲဆွယ်စည်းရုံးမှုတွေအပေါ် ဘယ်လောက်အထိ အကန့် သတ်ဖြစ်လာမလဲဆိုတာမသိနိုင်သေးဘူး။

ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအခြေအနေက ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေနဲ့ တူဖို့ အလား အလာများတယ်လို့ ပြောတာဖြစ်ပါတယ်။

အန်တီဟာ အန်ကယ် မတူရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် တူမယ်ဆိုရင်လည်း အံ့သြစရာမဟုတ်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: