ပြည်သူ့အရေး ဂျာနယ်ဆိုတာ ၂၀၁၆ ခုနှစ် မတ် ၃၀ မတိုင်ခင်အထိ အခု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် တာဝန်ယူခဲ့တဲ့ ဂျာနယ်ပေါ့။ အခုလည်း ဆရာဖေမြင့်အနေနဲ့ အဲဒီဂျာနယ်မှာ တစ်ခါတစ်ရံ ဆောင်းပါးတွေရေးနေဆဲပါ။
အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် ပြည်သူ့အရေးဂျာနယ်က တံခါး၀ မှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ သဏ္ဍန်တူတဲ့ ပုံတွေကို ဆွဲထား တဲ့ သန့်စင်ခန်း ( အိမ်သာ) ရှေ့မှာ ဆုံးဖြတ်ရခက်နေတဲ့ လူတစ်ယောက် ပုံကို မျက်နှာဖုံး အဖြစ် ဖော်ပြထားတာတွေ့ရပါတယ်။
တိုင်းရင်းသားပြည်နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ခံစားချက်မကောင်းတဲ့အချိန် ဒီလို အိမ်သာ နဲ့ ဥပမာပေး ထားတဲ့ ပုံမျိုးကို မျက်နှာဖုံး အဖြစ် ဖော်ပြတာ သင့်တော်ပါရဲ့လား။
ရေးဆွဲသူ ဆရာ အော်ပီကျယ် နဲ့ ပြည်သူ့အရေး အယ်ဒီတာအဖွဲ့ စဉ်းစားနိုင်ဖို့ပါ။ ပြည်ထောင်စု ဝန်ကြီးလည်း ပြည်သူ့အရေးဂျာနယ်က လုပ်ဖော်ကိုင်ဘက်တွေကို လိုအပ်သလို အကြံပေးနိုင် မယ်လို့ မေ ျှာ်လင့်ပါတယ်။