ဟန်ပြ
တကယ်အလုပ်လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘယ်လိုလူမျိုးလဲ
ဥပမာ ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော့မှူးမြို့ကို သွားပြီး အမှိုက်ကောက်ပြခဲ့တယ်။ ( ပုံ ၁ )
အဲဒီအမှိုက်ကောက်တဲ့သတင်းမှာ ကော့မှူးမြို့နယ်ပါဝင်တဲ့ တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဒေါ်အောင်ဆန်းစုကြည်က တစ်လ တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ဖို့ သက်ဆိုင်ရာပါတီခေါင်းဆောင်တွေကို မှာတယ် လို့ ပြောသွားတယ်။ ( ပုံ ၂ )
အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလုပ်များတဲ့အတွက် ကော့မှူးကို သွားပြီး အမှိုက်ကောက်ပြနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် ကော့မှူးမှာရှိတဲ့ ဒေါ်သန္တာအေး အပါအဝင် အင်န်အယ်လ်ဒီတာဝန်ရှိသူတွေ ပြီးခဲ့ တဲ့ ငါးနှစ်အတွင်းမှာ တစ်လတစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ရဲ့လား ဆိုတာ ပြန် ဆန်းစစ်ကြည့်ပေါ့။ လုပ်တယ်ဆိုရင် တော်တယ်။ ဆက်တာဝန်ပေးပေါ့။ မလုပ်ဘူးဆိုရင် ဆက်တာဝန် မပေးနဲ့ပေါ့။
အမှိုက်ကောက်တာ အသေးအဖွဲကိစ္စပဲ လို့တော့ ဆင်ခြေမပေးနဲ့။ အလေးထားလုပ်စေချင် လို့ ပါတီခေါင်းဆောင်ကိုယ်တိုင် စံနမူနာပြလုပ်ပြထားတာမဟုတ်လား။ အသေးအဖွဲ ကိစ္စကိုတောင် ရေရှည်မလုပ်နိုင်ရင် ကြီးမားတဲ့တာဝန်တွေဆိုရင် ပိုဆိုးပြီပေါ့။
ဒီတော့ ဘယ်ပါတီကဖြစ်ဖြစ် ဟန်ပြပဲလုပ်ပြတတ်တဲ့ ကိုယ်စားလှယ်လောင်း၊ ကောက်ရိုးမီးလို ခဏမီးတောက်ပြီး အရှိန်ကုန်သွားတဲ့ ကိုယ်စားလှယ်လောင်းမျိုးဆိုရင် တာဝန်မပေးတာ အကောင်း ဆုံးပဲ။
ရွေးကောက်ပွဲ ဈေးကွက်ထဲမှာ လေနဲ့ လေထွက်ပစ္စည်း ရောင်းတဲ့ သူတွေ အများကြီးပဲ။ သတိထားပြီး ဝယ်ကြပေါ့။