ဒီနေ့ မနက် CNA သတင်းအစီအစဉ် ( စင်္ကာပူစံတော်ချိန် မနက် ၈း၃၀) မှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
ကျွန်တော့်ဆွေးနွေးချက်အကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မှာ မေးခွန်းထုတ်စရာတွေရှိတယ်။ ရွေးကောက်ပွဲ မလုပ်ဘူး ဆိုတဲ့ ကိုးမြို့နယ်အနက် သုံး/လေးမြို့နယ်မှာ ပြီးခဲ့တဲ့လတွေအတွင်း တိုက်ပွဲမရှိသလောက်ပဲ။ ဒါပေမယ့် ၂၀၁၅ မှာ အင်န်အယ်လ်ဒီ နိုင်ခဲ့တဲ့ တိုက်ပွဲတွေတောက်လေ ျှာက် ဖြစ်နေတဲ့ ပလက်ဝမှာ ရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ရခိုင် တိုင်းရင်းသားတွေကို ဒေါသထွက်စေတယ်။
၂။ ရခိုင်တိုင်းရင်းသားတွေဟာ နိုင်ငံရေးအခွင့်အရေးငြင်းပယ်ခံရရင် လက်နက်ကိုင်နည်းလမ်း ဘက်ကို ပိုအားသန်သွားနိုင်တယ်။
၃။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ရင် အေအေ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တရုတ် – မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲပါလာဖို့ခက် မယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်။
၄။ ရွေးကောက်ပွဲ ကော်မရှင်ဆုံးဖြတ်ချက်ကြောင့် တိုင်းရင်းသားပါတီတွေက ပြည်ထောင်စု အဆင့် လွှတ်တော်မှာ ၂၂ နေရာ ဆုံးရှုံးမယ့်အခြေအနေရှိတယ်။ ဒါဟာ ပြည်နယ်တွေက မှာ ရှိတဲ့ ၂၀၇ နေရာအနက် ၁၀% ကျော် လောက်ဆုံးရှုံးသွားတာဖြစ်တဲ့အတွက် ရခိုင်တင်မဟုတ်ဘူး တိုင်းရင်းသား ပါတီတွေအားလုံးက မကျေနပ်ကြဘူး။
၅။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ တိုင်းဒေသကြီးတွေမှာ လူကြိုက်များနေဆဲ လို့ ပြောနိုင်ပေမယ့် ပြည်နယ်တွေမှာ တိုင်းရင်းသားတွေက တိုင်းရင်းသားပါတီတွေကိုပဲ မဲပေး ဖို့ စိတ်အားထက်သန်နေကြတယ်။
၆။ ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးကို မပေးနိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်နိုင်တယ်။
၇။ မြန်မာ့ငြိမ်းချမ်းရေးက နိုင်ငံတကာက ကူလို့မရဘူး။ ပြည်တွင်းမှာပဲ အဖြေရှာရမယ်။ အင်န်အယ်လ်ဒီ၊ တိုင်းရင်းသားပါတီ/လက်နက်ကိုင်အဖွဲ့ နဲ့ တပ်မတော်ဆိုတဲ့ အင်အားစု သုံးစု ကြား ညီညွတ်ရေးမရသရွေ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမှာပဲ။
၈။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်က အေအေ နဲ့ဖြစ်တဲ့ပဋိပက္ခ ရိုဟင်ဂျာ ပြဿနာတို့ မှာ သဘောတိုက်ဆိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအပါအဝင် ကျန်တဲ့ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာတွေမှာ သဘောထားမတူကြဘူး။ ဒီတော့ အခြေခံဥပဒေပြင်ဆင်ဖို့ကလည်း မလွယ်ဘူး။